မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် ကလေး-တီအိုနယ်စပ်ကြား အမှတ် (၂) ကုန်သွယ်ရေးလမ်းမှာ ယခုချိန်ထိ လမ်းပျက်စီးမှု ဆိုးရွား စွာဖြစ်ပေါ်နေပြီး ခရီးသည်များအခက်တွေ့ကြုံနေရသည်။
Author: Editor
သြဂုတ်လ ၂၄ ရက်နေ့က မလေးရှားရောက် မြန်မာလူမျိုးများနှင့် ချင်းလူမျိုးဒုက္ခသည် အချင်းချင်း အကြား ကလဲ့စား လူသတ်မှုဖြစ်ပွားသည်ဟု သိရသည်။
ယခုလအတွင်း ချင်းပြည်နယ်ပလက်ဝမြို့နယ်တွင် အစိုးရတပ်စခန်းများ တိုးချဲ့လာနေကြောင်း သတင်း ရရှိသည်။
ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်အတွင်း ကျေးလက်ဒေသများတွင် ငွေတိုးချေးစား သူများက ငွေတိုး မပေးနိုင်သူ များ၏ သမီးတွေကို မယားအဖြစ် ယခုလအတွင်း သိမ်းဆည်းနေ သည်ဟု သိရသည်။
Geneva Call မှ CNF အတွက် ကျင်းပပြုလုပ်သည့် Workshop on the Protection of Women and Children အလုပ်ရုံ ဆွေးနွေးပွဲသို့ CNF/CNA မှ ခေါင်းဆောင် ၈ ဦး ပါဝင်တက်ရောက်ကြောင်း သိရသည်။
CNF ၏ ဆက်ဆံရေးရုံးစိုက်ရာ ထန်တလန်မြို့တွင် လူထုတွေ့ဆုံဆွေးနွေးနိုင်ရေး Organizing Committee ကို ယခုလ သြဂုတ် ၆ ရက်နေ့က အောင်မြင်စွာ ဖွဲ့စည်းနိုင် ခဲ့ကြောင်း သတင်းရရှိသည်။
ချင်းပြည်နယ်တောင်ပိုင်ခရိုင်မြို့ဖြစ်သော မင်းတပ်မြို့အတွင်း သြဂုတ်လ ၁ ရက်နေ့က လူနာ ၅ ဦးအား ဓါးဖြင့် ခုတ်သတ်ရန် ကြံရွယ်သည့် တိုင်တန်းချက်ကို ရဲက အရေးမယူသည့် အပြင် လူရမ်းကားများအား လှို့ဝှက် ကူ ညီနေကြောင်း သိရသည်။
ဒိုင်ချင်းလူမျိုးနွယ်စုများသည် ချင်းပြည်နယ်တောင်ပိုင်း မတူပီ၊ ပလက်ဝ၊ မင်းတပ်မြို့နယ် များတွင် အများအားဖြင့် နေ ထိုင်ကြပြီး လူဦးရေအားဖြင့် ၅၀၀၀၀ မှ ၇၀၀၀၀ အထိ ရှိမည်ဟု ခန့်မှန်းကြသည်။ မိရိုးဖလာ ရွေ့ပြောင်းတောင်ယာ စ နစ်ဖြင့် အသက်မွေး ၀မ်း ကျောင်းပြု ကြသည်။
ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် အခြေစိုက် ခိုနုမ်းစုန်ခေါ် ပြည်သူအ ကျိုးဆောင်အဖွဲ့က မြို့နယ်အတွင်း ဌာနဆိုင်ရာ အသီးသီးမှ မတရားသော လုပ်ငန်းဆောင် ရွက်မှု ဖြေရှင်းပေးပါရန် ပြည်နယ် ၀န်ကြီး ချုပ် ထံ သြဂုတ်လ ပထ မ ပတ်အတွင်း တင်ပြကြ သည်ဟု သိရ သည်။
ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ ပေါ်တွင် လျှပ်စစ်မီးပုံမှန်ရရှိရေးလှုပ်ရှားပြီးနောက်ပိုင် မြို့  တွင်းလျှပ်စစ်မီးရရှိမှု အနည်းငယ် တိုးတက်မှုရှိလာကြောင်း သိရသည်။
