၂၇ ဇူလိုင်လ ၂၀၁၀၊ အိန္ဒိယနိုင်ငံ အရှေ့မြောက်ရှိ မီဇိုရမ်ပြည်နယ်၊ ဒုတိယမြို့တော် လုံးလေခရိုင်တွင် ဇူလိုင်လ ၂၁ ရက်နေ့မှ စပြီး မြန်မာပြည်သားများ စာရင်းကို မီဇိုရမ် ပြည်သူ့ရဲတွေက ကောက်ယူသည်ဟု သိရသည်။ ထိုသို့ ကောက်ယူရာတွင် နာမည်၊ မြန်မာပြည် နေရပ်လိပ်စာ၊ မြန်မာပြည်ရှိ အမျိုးသား မှတ်ပုံတင်နံပါတ်၊ လက်ရှိနေရပ် လိပ်စာ၊အိမ်ရှင်အမည် နှင့် အတူဓါတ်ပုံများရိုက်ယူ ထားသည်ဟု သိရသည်။
Author: Editor
၂၆ ဇူလိုင်လ ၂၀၁၀၊ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါ်ဒါရ်မြို့ အခြေစိုက် ခလရ ၂၆၉ တပ်ရင်းက အိန္ဒိယ – မြန်မာနယ်စပ်ဖြတ် မှောင်ခိုလမ်းကြောင်း တခုအား ယခုနှစ်ဇူလိုင်လ (၄) ရက်နေ့ကတည်းက အကန့်အသတ်မရှိ ပိတ်ပင် လိုက်သည်ဟု သိရသည်။ အမှတ် (၂) အိန္ဒိယ – မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းကို အသုံးမပြုဘဲ မီဇိုရမ်နှင့် ချင်းပြည်နယ် အတွင်း သွားလာနိုင်သည့် နယ်စပ်ဖြတ် မှောင်ခို လမ်းကြောင်း နှစ်လမ်းရှိသည်။
