Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»BPLA နှင့် CNDF တို့ စစ်ရေးပူးပေါင်းဆောင်ရွက်နိုင်ရန် ပြင်ဆင်နေဟု BPLA ကွပ်ကဲရေးမှူးဆို

BPLA နှင့် CNDF တို့ စစ်ရေးပူးပေါင်းဆောင်ရွက်နိုင်ရန် ပြင်ဆင်နေဟု BPLA ကွပ်ကဲရေးမှူးဆို

0
By Editor on January 28, 2025 Headline

(006SV)

ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့သည် စစ်ရေးပူးပေါင်းဆောင်ရွက်နိုင်ရန် ပြင်ဆင်နေကြောင်း BPLA ကွပ်ကဲရေးမှူး ကိုဆောင်းခက ပြောသည်။

ချင်းညီနောင် စစ်ဆင်ရေးအတွက် အရေးပေါ် ရန်ပုံငွေ ရှာဖွေခြင်းပွဲတွင် ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) ကွပ်ကဲရေးမှူး ကိုဆောင်းခက အသိပေးလာခြင်းဖြစ်သည်။

“ကျနော်တို့ CNDF နဲ့လည်း စကားတွေ အများကြီး ပြောထားတာ ရှိတယ်။ အတူတကွ တိုက်ပွဲဝင်ဖို့လည်း ပြင်ဆင်နေတာတွေ ရှိပါတယ်။ အဓိကကတော့ ကျနော်တို့ BPLA အနေနဲ့က ဗမာတွေဟာ ဗမာတွေနေရာမှာပဲ တိုက်ရမယ်ဆိုတဲ့ အယူအဆကို မထားဘူး။ အထူးသဖြင့်က ဘယ်နေရာမှာပဲ တိုက်ရ၊ တိုက်ရ ကိုယ်တိုက်ရတဲ့ ဟာက စစ်အုပ်စုဖြစ်ဖို့ဆိုတာ ကျိန်သေဖို့ပဲ လိုပါတယ်။ ဘာလို့လဲဆိုရင် ကိုယ်တနေရာထဲ လွတ်မြောက်နေလို့လည်း တိုင်းပြည်ရဲ့ လွတ်မြောက်မှု အစစ်အမှန်ကို မရနိုင်ဘူးလို့ မြင်တယ်။ စစ်အုပ်စု အမြစ်ပြတ်ရေးသာ အဓိကဆိုတဲ့ မူကို ကိုင်ထားတယ်” ဟု ကိုဆောင်းခက ပြောသည်။

၂၀၂၅ ခုနှစ်အတွင်း အညာဒေသတခွင်နှင့် ချင်းပြည်နယ်ဘက်တွင် စစ်ရေးအရ ပိုပြီး အာရုံစိုက်ရမည်ဟု ဗမာပြည်သူ့ လွတ် မြောက်ရေးတပ်တော်အနေဖြင့် ယုံကြည်လက်ခံထားပြီး ယင်းအခြေအနေအတွက် အများအပြား စစ်ရေးပြင်ဆင်နေမှုများ ရှိနေသည်ဟု BPLA တာဝန်ခံက ပြောသည်။

ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA)သည် ချင်းညီနောင်အဖွဲ့နှင့်လည်း ပေါင်းပြီး တိုက်ပွဲများ ဖော်ဆောင်သွားမည် ဖြစ်သည့်အပြင် ရေရှည်မှာ ညီညွတ်ရေး၊ သဟဇာတဖြစ်ရေးအတွက်လည်း ကြိုးစားလုပ်ဆောင်သွားမည်ဟု ကိုဆောင်းခက ပြောသည်။

BPLA သည် ကရင်ပြည်နယ်တွင် စစ်ဒေသဌာနချုပ် ထားရှိပြီး ရှမ်းမြောက်တွင် စစ်ဒေသ ၁ ခုနှင့်၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် စစ်ဒေသ ၁ ခု တိုးချဲ့ထားကာ လက်ရှိ အညာစစ်ဒေသတွင် စစ်သင်တန်းများ ပို့ချနေကြောင်း၊ သင်တန်းများ ပြီးစီးပါက အတူတကွ တိုက်ပွဲဝင်ရန် ပြင်ဆင်ထားသည်ဟု သိရသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်ကစ၍ CNDF နှင့် ချင်းညီနောင်ပူးပေါင်းတပ်များက ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို စတင်ခဲ့ရာ မြို့ပေါ်က စစ်ကောင်စီအထိုင်ချစခန်းအားလုံးကို သိမ်းထားပြီး မြို့ပေါ်ကို ထိန်းချုပ်ထားကြောင်း၊ လက်ရှိတွင် ခလရ – ၂၆၈ တပ်ကုန်းကို အပြီးသတ်သိမ်းနိုင်ရေး ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင် ထိခိုက်ကျဆုံးမှု များပြားနေသော စစ်ကောင်စီတပ်သည် လေကြောင်းပစ်ကူ အများအပြား အသုံးပြုနေပြီး ချင်းပူးပေါင်းတပ်မှလည်း ထိခိုက်ကျဆုံးမှုတချို့ ရှိနေကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.