(005MK)
အမေရိကန်အခြေစိုက် Chin Baptist Churches (CBCUSA) အမျိုးသမီးဌာနက မူးယစ်ဆေး၀ါးတိုက်ဖျက်ရေးတွင် အသုံးပြုရန် မီဇိုရမ်ပြည်နယ်က ဗဟိုမီဇိုးလူငယ်အသင်း (Central Young Mizo Association) ထံသို့ ရူပီးငွေ ၁၀ သိန်း ပေးအပ်လှူဒါန်းခဲ့သည်ဟု သိရသည်။
CBCUSA နှင့် အမျိုးသမီးဌာနမှ တာဝန်ရှိသူတချို့သည့် မီဇိုရမ်ပြည်နယ်သို့ရောက်ရှိလာပြီး ယမန်နေ့နိုဝင်ဘာလ ၁၄ ရက်က အိုင်ဇောလ်မြို့ Hotel Emerald မှာ CYMA, Mizo Hmeichhia Insuihkhawm Pawl (MHIP) နှင့် All Mizoram Women’s Federation (AMWF) ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့ကြကြောင်းသိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် မူးယစ်ဆေးဝါးဖျက်ရေးအတွက် ရူပီးငွေ ၁၀ သိန်းကို ပေးအပ်ခဲ့ပြီး CYMA ဥက္ကဌ Pu Lalhmachhuana က လက်ခံခဲ့သည်ဟု သိရသည်။
မီဇိုရမ်ပြည်နယ်တွင် မူးယစ်ဆေး၀ါးတိုက်ဖျက်ရေး ဆောင်ရွက်နေသော CYMA အဖွဲ့ကို Chin Baptist Churches အမျိုးသမီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ်ကစ၍ နှစ်စဉ်နှစ်တိုင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် အလှူငွေများ ပေးအပ်လေ့ရှိပြီး ယခုတစ်ကြိမ်ပေးအပ်မှုသည် ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်အတွက်ဖြစ်သည်ဟု သိရသည်။
ယခုကဲ့သို့ အမေရိကန်အခြေစိုက် Chin Baptist Churches အမျိုးသမီးဌာနက ၎င်းတို့ဆောင်ရွက်နေသော မူးယစ် ဆေး၀ါးတိုက်ဖျက်ရေးအတွက် အထောက်အကူဖြစ်စေမည့် ငွေကြေးများ ပေးအပ်လှူဒါန်းသည့် အပေါ်အထူးကျေးဇူး တင်ကြောင်း CYMA က ပြောဆိုသည်။
CYMA သည် မီဇိုရမ်ပြည်နယ်တွင် အင်အားအကြီးဆုံးသော အရပ်ဖက်အဖွဲ့အစည်းဖြစ်ပြီး မူးယစ်ဆေး၀ါးတိုက် ဖျက်ရေးဌာနကို ဖွဲ့စည်းကာ မူးယစ်ဆေး၀ါးတိုက်ဖျက်ရေးလုပ်ငန်းကို ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်သည်။
Chin Baptist Churches USA (CBCUSA) သည် အမေရိကန်အခြေစိုက် ချင်းဘုရားကျောင်း ၁၀၀ ကျော်ဖြင့် စုဖွဲ့ထား သော ဘာသာရေးအဖွဲ့အစည်းဖြစ်ပြီး အသင်းသူအသင်းသား ၃၅၀၀၀ ကျော်ခန့်ရှိသည်ဟု သိရသည်။