Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CC နှင့် ICNCC အကွဲအပြဲကြောင့် နိုင်ငံရေးသဘောထားကွဲလွဲမှုဖြစ်ပြီး CDF – မတူပီကို တပ်မဟာ (၂) ခုအဖြစ် ပြင်ဆင်ဖွဲ့စည်း

CC နှင့် ICNCC အကွဲအပြဲကြောင့် နိုင်ငံရေးသဘောထားကွဲလွဲမှုဖြစ်ပြီး CDF – မတူပီကို တပ်မဟာ (၂) ခုအဖြစ် ပြင်ဆင်ဖွဲ့စည်း

0
By Editor on March 5, 2024 Headline

(006SV)

ချင်းပြည်နယ်၊ ချင်းတော်လှန်ရေးအင်အားစုများကြား နိုင်ငံရေးသဘောထားကွဲလွဲမှုများကြောင့် မတူပီမြို့အခြေစိုက် CDF – မတူပီ တပ်ဖွဲ့သည် ချင်းလဲန်းကောင်စီ (CC)နှင့် ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) တို့တွင် ပူးပေါင်းပါဝင်ရန် သဘောထားကွဲလွဲပြီးနောက် တပ်မဟာ (၂) ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၃ ရက်မှ ၂၅ ရက်အထိ မတူပီမြို့နယ်အတွင်းမှ ဌာနဆိုင်ရာများ၊ အရပ်ဖက် တော်လှန်ရေးအင်အား စုများ အပါအဝင် တပ်ရင်း အသီးသီးမှ တပ်မှူးများဖြင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ၏ တတိယအကြိမ်မြောက် ညီလာခံ အစည်းအဝေးကို ကျင်းပပြီးနောက် CDF- မတူပီကို တပ်မဟာ (၁) နှင့် (၂) အဖြစ် ခွဲခြားကာ ပြင်ဆင်ဖွဲ့စည်းလိုက်ကြခြင်းဖြစ်သည်။

“ဒီချင်းနိုင်ငံရေးမှာ ICNCC တို့ ချင်းလဲန်းကောင်စီတို့ ဖြစ်လာတဲ့အခါ အဓိက တပ်မဟာ – ၂ ကတော့ ချင်းလဲန်း ကောင်စီကို ထောက်ခံတဲ့ အဖွဲ့ဖြစ်တယ်။ တပ်မဟာ – ၁ ကတော့ ချင်းလဲန်းကောင်စီမှာ မပါဝင်ချင်သေးတဲ့ အခြေ အနေဖြစ်တယ်။ ဒါကြောင့်မို့လို့ တပ်မဟာ ၁ နဲ့ ၂ ရယ်လို့ လုပ်ထားတာပါ။ ချင်းလဲန်းကောင်စီကို ထောက်ခံတဲ့ အဖွဲ့ကနေပြီးတော့ ကော်မတီမှာ ပါဝင်ဖို့ ဆိုရင် လုံးဝ အကုန်လုံး ပါဝင်လို့ ရတယ်။ ချင်းလဲန်းကောင်စီရဲ့ လိုအပ်ချက် ကော်မတီပိုင်းဆိုင်ရာမှာလည်း အကုန်လုံး ပါဝင်ခွင့်ရှိမယ်” ဟု CDF – မတူပီ၊ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်က ပြောသည်။

CDF-Matupi တပ်မဟာ – ၁ တွင် တပ်ရင်း – ၁ နှင့် တပ်ရင်း – ၅ တို့ ရှိနေမည်ဖြစ်ပြီး တပ်မဟာ – ၂ တွင် တပ်ရင်း – ၂၊ တပ်ရင်း – ၃၊ တပ်ရင်း – ၄ နှင့် လက်ရှိ ညီလာခံမှ ထပ်မံအတည်ပြုထားသည့် အသစ် တပ်ရင်း – ၆ တို့ ပါဝင်ကြောင်း သိရသည်။

CDF – မတူပီ၏ တပ်မဟာ – ၁ သည် လတ်တလောတွင် ချင်းလဲန်းကောင်စီကို စောင့်ကြည့်နေသော အနေအထားမှာရှိပြီး မပါဝင်ချင်သေးသည့် မတူပီ တော်လှန်ရေးအစုအဖွဲ့ဖြစ်ပြီး ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) နိုင်ငံရေးအစုအဖွဲ့ဘက်ကို အားသာနေကြောင်း သိရသည်။

“အဓိကက နိုင်ငံရေးပိုင်းဆိုင်ရာမှာပဲ နည်းနည်း အကွဲအပြဲ ရှိတာပါ။ ကျနော်တို့ က နိုင်ငံရေးမှာပဲ ဒီလို ဖြစ်သွားတာပါ၊ ကျန်တဲ့ စစ်ရေးအပိုင်းမှာတော့ ပုံမှန်အတိုင်းပဲ သွားမှာပါ။ ဒီတပ်မဟာ ၂ ခုကို ပြန်ပြီးတော့ ဒီတပ်မဟာ ၂ ခုရဲ့အထက်မှာ ဘယ်လိုမျိုး ဖွဲ့စည်းမလဲ၊ ကျစ်လစ်ခိုင်မာတဲ့ အဖွဲ့အစည်းဖြစ်အောင်တော့ ကြိုးစားသွားမှာပါ” ဟု CDF – မတူပီ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

CDF – မတူပီကို တပ်မဟာ (၁) နှင့် (၂) အဖြစ်ပြင်ဆင်ဖွဲ့စည်းလိုက်သော်လည်း ပူးပေါင်းဆောင်ရွက်မှု အားကောင်း စေရန် ယင်းတပ်မဟာ ၂ ခု၏ အထက်တွင် အစုအဖွဲ့တစ်ခု ထပ်မံဖွဲ့စည်းပြီး ဆောင်ရွက်ရန် အစီအစဉ်ရှိထားကာ လတ်တလောမှာ မဆွေးနွေးရသေးကြောင်း ၎င်းက ပြောသည်။

ချင်းလဲန်းကောင်စီတွင် ပါဝင်မည့် CDF – မတူပီ တပ်မဟာ – ၂ အနေဖြင့်လည်း ယင်းကောင်စီကို ရာနှုန်းပြည့်ထောက်ခံပြီး ဝင်ရောက်ပူးပေါင်းခြင်းမဟုတ်ဘဲ လုံးဝမကြိုက်သော မူဝါဒများဖြစ်လာလျှင် နောက်ပြန်လှည့်နိုင်မည့် အနေအထားမျိုး ဆွေးနွေးမှုများရှိထားကြောင်း ဆလိုင်းနိုင်ဂျွန်က ပြောသည်။

CDF – မတူပီကို ပြိုကွဲပြီဟူ၍ ပြည်သူတချို့ ထင်မြင်နေမှုများသည် လုံးဝ မဟုတ်မှန်ကြောင်း၊ အရင်ကထက် ကျစ်လစ်အောင် ကြိုးစားတည်ဆောက်သွားမည်ဖြစ်ပြီး စစ်ရေအရှိန် မြှင့်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူများကို ပြည်သူ့သစ္စာဖောက်အဖြစ် အရေးယူမည်ဟု ချင်းလဲန်းကောင်စီ ကြေညာ

မရာချင်းလက်နက်ကိုင် ၂ ဖွဲ့ကြား တစ်လကျော်ကြာ စစ်ရေးပဋိပက္ခတွင် ထိခိုက်ကျဆုံးမှုများရှိနေ

မတူပီမြို့နယ်က ကုန်းသွယ်ရေးလမ်းများ မနက်ဖြန်မှစတင်၍ ပြန်ဖွင့်လှစ်ပေးမည်ဟု MRO ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.