Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CCPR ရုံးမှ ဝန်ထမ်းတယောက်နှင့် ကားဆရာတစ်ဦးကို ပုဒ်မ ၅၀၅ (က) ဖြင့် စွဲချက်တင်ပြီး အချုပ်ချထား

CCPR ရုံးမှ ဝန်ထမ်းတယောက်နှင့် ကားဆရာတစ်ဦးကို ပုဒ်မ ၅၀၅ (က) ဖြင့် စွဲချက်တင်ပြီး အချုပ်ချထား

0
By Editor on March 23, 2021 Headline
ချင်းပြည်နယ်၊ ဟားခါးမြို့ စျေးသစ်ရပ်ကွက်တွင်တည်ရှိသည့် Chin Center Peace and Recon ciliation (CCPR) ရုံးကို မတ်လ ၉ ရက်နေ့တွင် စစ်သားများက ဝင်ရောက်စီးနင်းခဲ့ပြီး ရုံးဝန်ထမ်း တစ်ဦးနှင့် ကားဆရာတစ်ဦးကို ဖမ်းဆီးခဲ့ကာ ၎င်းတို့ (၂) ဦးကို ပုဒ်မ ၅၀၅ (က) ဖြင့် စွဲချက်တင်းပြီး အချုပ်ချထားသည် ဟု ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောသည်။
“စွဲချက်တင်တာပဲရှိတယ်၊ သူတို့ကို ပုဒ်မတပ်ပြီးတော့ တရားရုံးကိုထုတ်တာပဲရှိတယ်၊ မစီရင်ရသေး ဘူး၊ (၆) လလောက်ကြာမယ်လို့ ညွှန်းကြားတယ်၊ ၅၀၅ (က) နဲ့ ပုံမှန် အခုလောလောဆယ် သူတို့ သုံးနေတဲ့ ပုဒ်မပါပဲ” ဟု ပြောသည်။
CCPR အဖွဲ့စည်းသည် ချင်းပြည်နယ်အတွင်း ငြိမ်းချမ်းရေးကိစ္စရပ်များ ဆောင်ရွက်ရန်ဖွဲ့စည်းထား သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုုဖြစ်သည်။
ချင်းလူ့အခွင့်အရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်မှ အရပ်သားအစိုး ရထံ အာဏာသိမ်းယူပြီးနောက် ချင်းပြည်နယ်၊ ရန်ကုန်၊ စစ်ကိုင်း၊ ရခိုင်ပြည်တို့တွင် ဖမ်းဆီးခံရသူ ချင်း တိုင်းရင်းသာ ၁၀၇ ဦးအထိရှိခဲ့ပြီး ပြန်လည်လွတ်မြောက်လာသူ ၈၇ ဦး၊ လက်ရှိအချိန်ထိ ဖမ်းဆီးခံ ထားရသူ ၂၀ ဦး ကျန်ရှိနေသေးကြောင်းသိရသည်။
စစ်တပ်ဖက်မှ ယခုကဲ့သို့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြသော ပြည်သူများကို တရားမဲ့စွာပြုလုပ်ပြီိး နိုင်ငံရေး ပုဒ်မဖြစ်သော ပုဒ်မ ၅၀၅ (က) ဖြင့်တပ်၍ စွဲချက်တင်ခြင်းက မဖြစ်သင့်ဘူး အမျိုးသမီးများ သည်လာမည့်အချိန်တွင် နိုင်ငံဝန်ထမ်းများပြုလုပ်နိုင်သော ပုဂ္ဂိုလ်များပေမယ့် ယခုလို ၅၀၅ (က) ဖြင့်စွဲချက်တင်ပြီး အမိန့်ချရမည်ဆိုလျှင် ဝန်ထမ်းများ လုပ်ဆောင်ခွင့်ရမည့် အခက်အခဲဖြစ်စေနိုင် သောကြောင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသူများကို ဖမ်းဆီးခြင်းများ မပြုလုပ်သင့်ကြောင်း ၎င်းက ပြောသည်။
မတ်လ ၁ ရက်နေ့ ဟားခါးမြို့ ဆန္ဒဖော်ထုတ်မှုတွင် အဖမ်းခံရသည့် (၂၃) ဦးတွင် (၁၉) ဦးကိုမှု ပြန်လွတ်ပေးခဲ့ပြီး (၄) ဦးကို ယခုလက်ရှိအချိန်ထိ ဆက်လက်ဖမ်းဆီးထားပြီး အမျိုးသမီးနှစ်ဦးကို ဆေးအာမခံဖြင့် အပြင်တွင်နေထိုင်ခွင့်ပေးပြီး မတ်လ ၁၉ ရက်နေ့တွင် ပြန်လည် ရုံးထုတ်စစ်ဆေးသွား မည်ဖြစ်ကြောင်းလည်း သိရသည်။
ဟားခါးမြို့တွင် ဆန္ဒဖော်ထုတ်ခြင်းကြောင့် အဖမ်းခံရသော (၄) ဦးကို မတ်လ ၁၉ ရက် ယနေ့တွင် ရုံးထုတ်ခဲ့ပေမယ့် တရားလိုဖက်မှ သက်သေမလာနိုင်သောကြောင့် စစ်ဆေးခြင်းများမရှိဘဲ မတ်လ ၃၁ ရက်နေ့တွင် ဒုတိယအကြိမ် ပြန်လည်ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.