Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CDF- မတူပီ၊တပ်မဟာအချင်းချင်း ပြေလည်မှုရရှိရေး တတိယအဖွဲ့အစည်းဖြင့် ကြိုးစားဆောင်ရွက်မည်ဟု တပ်မဟာ – ၂ ထုတ်ပြန်

CDF- မတူပီ၊တပ်မဟာအချင်းချင်း ပြေလည်မှုရရှိရေး တတိယအဖွဲ့အစည်းဖြင့် ကြိုးစားဆောင်ရွက်မည်ဟု တပ်မဟာ – ၂ ထုတ်ပြန်

0
By Editor on October 22, 2024 Headline

(006SV)

ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF – မတူပီ၏ တပ်မဟာအချင်းချင်း ပြေလည်မှုရရှိရေးအတွက် တတိယအဖွဲ့အစည်းနှင့်အတူ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း CDF- မတူပီ၊ တပ်မဟာ – ၂ က ထုတ်ပြန်သည်။

အောက်တိုဘာလ ၁၉ ရက်နှင့် ၂၀ ရက်တွင် ကျင်းပပြုလုပ်သော CDF- မတူပီ၊ တပ်မဟာ – ၂ ၏ ၆ လပတ်အစည်းအဝေးကို ကျင်းပပြီးနောက် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

CDF- မတူပီ၊ တပ်မဟာအချင်းချင်း ပြေလည်ပြီး နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူများ မိမိမြို့၊ ရွာကို အပူအပင်မရှိ ပြန်လည် ဝင်ရောက်လာနိုင်အောင် ကြားခံ တတိယအဖွဲ့အစည်းနှင့်အတူ ကြိုးစားဆောင်ရွက်သွားမည်ဟု တပ်မဟာ – ၂ အဖွဲ့က အောက်တိုဘာလ ၂၁ ရက်မှာ ထုတ်ပြန်လာခြင်းဖြစ်သည်။

တပ်မဟာ – ၂ ခုကြား ပြေလည်နိုင်ရေးအတွက် တတိယအဖွဲ့ဖြင့် မည်သို့ ရှေ့ဆက်ဆောင်ရွက်မည်ကို သိရှိနိုင်ရေး တပ်မဟာ – ၂ ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းနေသော်လည်း ဆက်သွယ်၍မရသေးပါ။

ပြည်သူ့ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေးနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် သက်ဆိုင်ရာ ချင်းပြည်ဝန်ကြီးဌာနများနှင့်အတူ ချိတ်ဆက်ဆောင်ရွက်မည်ဟု CDF- မတူပီ၊ တပ်မဟာ – ၂ ကဆိုသည်။

လက်ရှိ ၆ လအတွင်း တပ်မဟာ – ၂ တွင် တာဝန်ထမ်းဆောင်နေကြသော ရဲဘော်များထဲမှ တိုင်းပြည်နှင့် လူမျိုးအတွက် ရဲဘော် ၁ ဦး ကျဆုံးခဲ့ရပြီး ခြေထောက်ဆုံးရှုံးသူ ရဲဘော် (၁) ဦးနှင့် ဒဏ်ရာရရှိသူ ရဲဘော် ၇ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

ချင်းအမျိုးသား တည်ဆောက်ရေး၊ ချင်းအမျိုးသား ပိုင်နက်နယ်မြေကို ကာကွယ်ရေးနှင့် ချင်းပြည်လွတ်မြောက်နိုင်ရေးအတွက် ချင်းပြည်ကောင်စီ၏ ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

CDF-Matupi တပ်ဖွဲ့သည် တပ်မဟာ ၁ နှင့် တပ်မဟာ- ၂ အဖြစ် နှစ်ခြမ်းကွဲသွားခဲ့ပြီးနောက် တပ်မဟာ ၁ သည် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်လာပြီး၊ တပ်မဟာ ၂ သည် ချင်းလဲန်းကောင်စီအဖွဲ့ဝင်ဖြစ်သည်။

မတူပီ ကြားကာလတော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းကြား၊ ဒေသအသီးသီးရှိ အုပ်ချုပ်ရေးနယ်မြေအတွင်း သဘောထားကွဲလွဲမှုကို ညှိနှိုင်းရေးလမ်းစဉ်ဖြင့် အဖြေရှာရန်၊ အခြားမည်သည့် ဖြန့်ဖြေရေးအဖွဲ့အစည်းကိုမဆို လက်ခံညှိနှိုင်းမှုပြုလုပ်ရန်နှင့် တော်လှန်ရေးအင်အားစုများအကြား လွတ်လပ်စွာသွားလာခွင့်ပြုရန်အပါအဝင် သဘောထား ၅ ချက်ကို မတူပီမြို့နယ်၊ ဒေသ – ၃ နှင့် တပ်ရင်း – ၃ တို့က အောက်တိုဘာလ ၁၂ ရက်က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.