Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CDF ထန်တလန် ပထမအကြိမ်ညီလာခံ ကျင်းပပြီးစီး၊ ပြည်သူများ ဘေးကင်းလုံခြုံရေး အထူးဦးစားပေးရန် ညီလာခံဆုံးဖြတ်
(ဓာတ်ပုံ - ယခင်ပုံဟောင်း)

CDF ထန်တလန် ပထမအကြိမ်ညီလာခံ ကျင်းပပြီးစီး၊ ပြည်သူများ ဘေးကင်းလုံခြုံရေး အထူးဦးစားပေးရန် ညီလာခံဆုံးဖြတ်

0
By Editor on October 25, 2023 Headline

(006SV)

ချင်းကာကွယ်ရေးတပ်ဖွဲ့ – ထန်တလန်၏ ပထမအကြိမ်ညီလာခံကို ထန်တလန်မြို့နယ်အတွင်းရှိ တစ်နေရာမှာ ၃ ရက်တာ ကျင်းပခဲ့ပြီး ချင်းအမျိုုးသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအပါအဝင် အချက် (၃) ချက်ကို အတည်ပြု သတ်မှတ်ခဲ့ကြောင်း CDF ထန်တလန်က သတင်းထုတ်ပြန်သည်။

ပထမအကြိမ်မြောက်ညီလာခံကို အောက်တိုဘာလ ၁၈ ရက်မှ ၂၀ ရက်ထိ တပ်ရင်းကိုယ်စားလှယ်များ၊ ဒေသကိုယ်စားလှယ်များ၊  ရပ်ရွာတာဝန်ခံ ကိုယ်စားလှယ်များနှင့် အထူးဧည့်သည်များအပါအဝင် ၁၉၀ ကျော် တက်ရောက်ခဲ့ပြီး ကျင်းပပြီးစီးခဲ့သည်ဟု အောက်တိုဘာလ ၂၄ ရက်က သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

ညီလာခံမှ စစ်အာဏာရှင်စနစ်အား အမြစ်ဖြုတ်ချေမှုန်းရေး၊ ချင်းအမျိုးသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပြန်လည်တည်ထောင်ရေးတို့ကို အတည်ပြု သတ်မှတ်ခဲ့သည်ဟု သိရသည်။

ထို့အပြင် တော်လှန်ရေးကာလအတွင်း ပြည်သူများ၏ ဘေးကင်းလုံခြုံမှုကိုလည်း အထူးဦးစားပေး ဆောင်ရွက်ရန် ညီလာခံက ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

ညီလာခံအတွင်း ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းများကို ဆွေးနွေးခြင်းနှင့် ဦးဆောင်မည့်သူများ ပြန်လည်ရွေးချယ်ခြင်းတို့ကို ဆွေးနွေးဆုံးဖြတ်မှုများလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။ 

CDF ထန်တလန်က ရည်မှန်းချက်များ ဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက် အင်တိုက်အားတိုက် တိုက်ပွဲဝင်နိုင်ရန် ပြည်တွင်း/ပြည်ပ ပြည်သူများ ဘဏ္ဍာရေးပိုင်းတွင် ပိုမိုပံ့ပိုးကူညီပေးကြရန်လည်း ထပ်မံတိုက်တွန်းထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.