Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CDF- မတူပီ၊တပ်မဟာအချင်းချင်း ပြေလည်မှုရရှိရေး တတိယအဖွဲ့အစည်းဖြင့် ကြိုးစားဆောင်ရွက်မည်ဟု တပ်မဟာ – ၂ ထုတ်ပြန်

CDF- မတူပီ၊တပ်မဟာအချင်းချင်း ပြေလည်မှုရရှိရေး တတိယအဖွဲ့အစည်းဖြင့် ကြိုးစားဆောင်ရွက်မည်ဟု တပ်မဟာ – ၂ ထုတ်ပြန်

0
By Editor on October 22, 2024 Headline

(006SV)

ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF – မတူပီ၏ တပ်မဟာအချင်းချင်း ပြေလည်မှုရရှိရေးအတွက် တတိယအဖွဲ့အစည်းနှင့်အတူ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း CDF- မတူပီ၊ တပ်မဟာ – ၂ က ထုတ်ပြန်သည်။

အောက်တိုဘာလ ၁၉ ရက်နှင့် ၂၀ ရက်တွင် ကျင်းပပြုလုပ်သော CDF- မတူပီ၊ တပ်မဟာ – ၂ ၏ ၆ လပတ်အစည်းအဝေးကို ကျင်းပပြီးနောက် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

CDF- မတူပီ၊ တပ်မဟာအချင်းချင်း ပြေလည်ပြီး နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူများ မိမိမြို့၊ ရွာကို အပူအပင်မရှိ ပြန်လည် ဝင်ရောက်လာနိုင်အောင် ကြားခံ တတိယအဖွဲ့အစည်းနှင့်အတူ ကြိုးစားဆောင်ရွက်သွားမည်ဟု တပ်မဟာ – ၂ အဖွဲ့က အောက်တိုဘာလ ၂၁ ရက်မှာ ထုတ်ပြန်လာခြင်းဖြစ်သည်။

တပ်မဟာ – ၂ ခုကြား ပြေလည်နိုင်ရေးအတွက် တတိယအဖွဲ့ဖြင့် မည်သို့ ရှေ့ဆက်ဆောင်ရွက်မည်ကို သိရှိနိုင်ရေး တပ်မဟာ – ၂ ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းနေသော်လည်း ဆက်သွယ်၍မရသေးပါ။

ပြည်သူ့ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေးနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် သက်ဆိုင်ရာ ချင်းပြည်ဝန်ကြီးဌာနများနှင့်အတူ ချိတ်ဆက်ဆောင်ရွက်မည်ဟု CDF- မတူပီ၊ တပ်မဟာ – ၂ ကဆိုသည်။

လက်ရှိ ၆ လအတွင်း တပ်မဟာ – ၂ တွင် တာဝန်ထမ်းဆောင်နေကြသော ရဲဘော်များထဲမှ တိုင်းပြည်နှင့် လူမျိုးအတွက် ရဲဘော် ၁ ဦး ကျဆုံးခဲ့ရပြီး ခြေထောက်ဆုံးရှုံးသူ ရဲဘော် (၁) ဦးနှင့် ဒဏ်ရာရရှိသူ ရဲဘော် ၇ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

ချင်းအမျိုးသား တည်ဆောက်ရေး၊ ချင်းအမျိုးသား ပိုင်နက်နယ်မြေကို ကာကွယ်ရေးနှင့် ချင်းပြည်လွတ်မြောက်နိုင်ရေးအတွက် ချင်းပြည်ကောင်စီ၏ ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

CDF-Matupi တပ်ဖွဲ့သည် တပ်မဟာ ၁ နှင့် တပ်မဟာ- ၂ အဖြစ် နှစ်ခြမ်းကွဲသွားခဲ့ပြီးနောက် တပ်မဟာ ၁ သည် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်လာပြီး၊ တပ်မဟာ ၂ သည် ချင်းလဲန်းကောင်စီအဖွဲ့ဝင်ဖြစ်သည်။

မတူပီ ကြားကာလတော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းကြား၊ ဒေသအသီးသီးရှိ အုပ်ချုပ်ရေးနယ်မြေအတွင်း သဘောထားကွဲလွဲမှုကို ညှိနှိုင်းရေးလမ်းစဉ်ဖြင့် အဖြေရှာရန်၊ အခြားမည်သည့် ဖြန့်ဖြေရေးအဖွဲ့အစည်းကိုမဆို လက်ခံညှိနှိုင်းမှုပြုလုပ်ရန်နှင့် တော်လှန်ရေးအင်အားစုများအကြား လွတ်လပ်စွာသွားလာခွင့်ပြုရန်အပါအဝင် သဘောထား ၅ ချက်ကို မတူပီမြို့နယ်၊ ဒေသ – ၃ နှင့် တပ်ရင်း – ၃ တို့က အောက်တိုဘာလ ၁၂ ရက်က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.