Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CDF – မတူပီ၊ တပ်မဟာ ၂ မှ တပ်မှူး ၂ ဦးနှင့် ရဲဘော် ၆ ဦးတို့ တပ်မဟာ ၁ ထံ ပူးပေါင်းဟုဆို

CDF – မတူပီ၊ တပ်မဟာ ၂ မှ တပ်မှူး ၂ ဦးနှင့် ရဲဘော် ၆ ဦးတို့ တပ်မဟာ ၁ ထံ ပူးပေါင်းဟုဆို

0
By Editor on January 9, 2025 Khonumthung

လာမည့်မတ်လအတွင်း မတူပီတော်လှန်ရေး ရဲဘော်များအားလုံး ပူးပေါင်းပါဝင်ရန် တပ်မဟာ ၁ ထုတ်ပြန်

(006SV)

ချင်းပြည်နယ်၊ မတူပီမြို့နယ်အခြေစိုက်ပြီး နှစ်ဖွဲ့ကွဲနေသည့် CDF – မတူပီတွင် တပ်မဟာ ၂ မှ တပ်မှူး ၂ ဦးနှင့် ရဲဘော် ၆ ဦးသည် တပ်မဟာ ၁ ထံ ပူးပေါင်းဝင်ရောက်လာသည်ဟု သိရသည်။

CDF – မတူပီ၊ တပ်မဟာ ၂ အဖွဲ့မှ တပ်မဟာ စစ်ဦးစီး ၁ ဦး၊ တပ်ရင်းစခန်းမှူး ၁ ဦး၊ ရဲဘော် ၆ ဦးတို့သည် ချင်းကာကွယ် ရေးတပ်ဖွဲ့ – မတူပီ စည်းလုံးညီညွတ်ရေးအတွက် CDF – မတူပီ၊ တပ်မဟာ ၁ ထံသို့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ နှင့် ဒီဇင်ဘာလ များတွင် ပူးပေါင်းလာခြင်းဖြစ်သည်ဟု CDF – မတူပီ၊ တပ်မဟာ – ၁ ပြောရေးဆိုခွင့် ရှိသူ ကိုဘွေအုပ်ကပြောသည်။

“သူတို့ ဒီလိုလာတဲ့ အကြောင်းအရင်း အကုန်လုံး ခြုံကြည့်မယ်ဆိုရင် တပ်မဟာ – ၁ နဲ့ ပူးပေါင်းမယ်လို့ ပြောဆိုတာ ရှိတယ်။ အကုန်လုံးတော့ မတူဘူး။ သူ့အကြောင်းရင်းနဲ့ သူတော့ ရှိတယ်။ အဓိက အကြောင်းရင်းပြောရရင် တပ်မဟာ ၁ နဲ့ ပူးပေါင်းချင်လို့ ဆိုပြီး လာကြတာ။ သူတို့က စစ်ကောင်စီလည်း ကုန်ပြီးပြီ၊ ဘုံရန်သူလည်း မရှိတော့ဘူးဆိုတော့ ကျနော်တို့က မတူပီ ညီညွတ် တာပဲ လိုချင်တယ်ဆိုပြီးတော့မှ ထွက်ဆိုတာတွေလည်းရှိတယ်” ဟု CDF – မတူပီ၊ တပ်မဟာ – ၁ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဝင်ရောက်လာသူများကို တပ်မဟာ – ၁ ၏ မူဝါဒစည်းမျဉ်းများနှင့်အညီ ကြိုဆိုလက်ခံခဲ့သည်ဟု တပ်မဟာ ၁ က ဇန်နဝါရီလ ၈ ရက်မှာ ထုတ်ပြန်သည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မဟာ – ၂ ၏ ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းနိုင်ရန် ခိုနူမ်းသုန်အနေဖြင့် ကြိုးစားဆဲဖြစ်သည်။

တပ်မဟာ – ၂ မှ ရဲဘော်များကို သတ်မှတ်တိုက်နယ်အတွင်းမှာသာ လောလောဆယ် နေထိုင်ရန် ကန့်သတ်ထားမှုရှိပြီး စည်းကမ်းချက်တချို့ဖြင့် တားမြစ်ချက်အနည်းငယ် ပြုလုပ်ထားသည်ဟု ကိုဘွေအုပ်က ပြောသည်။

၂၀၂၅ ခုနှစ်အတွင်း CDF – မတူပီ တစုတစည်းဖြစ်စေရေး ဆန္ဒရှိသော တပ်ရင်းတပ်ဖွဲ့များကို CDF မတူပီ၊ တပ်မဟာ ၁ က အမြဲတမ်းကြိုဆိုလျက်ရှိသည်ဟုလည်း အသိပေးထားသည်။

“အရင်က သိတဲ့အတိုင်းပါပဲ CC နဲ့ CB အပစ်အခတ်ဖြစ်တုန်းက တော်တော်များများက သွေးထွက်သံယိုတွေ၊ အသက်တွေ ပေးရတယ်။ CC ဘက်ကနေ ပစ်လို့ အခုထိ ဆေးရုံးမှာ ဆေးကုနေရတဲ့ ရဲဘော်တွေလည်း ရှိပါတယ်။ ဖြစ်ပြီးတဲ့ဟာကို ကြောက်ပြီးတော့မှ ကျနော်တို့ဆီကို ဝင်ချင်ပေမယ့် မဝင်လာနိုင်တဲ့ လူတွေ ရှိမှာစိုးလို့ ကျနော်တို့က စည်းလုံးညီညွတ်မှုကို ပေါင်းစည်းရေးကို အားပေးတဲ့ အနေနဲ့ ပြစ်ဒဏ် ကြီးကြီးမားမား ဆိုတာထက်၊ ကလဲ့စားဆိုတာမျိုးထက် ကျနော်တို့ လမ်းဖွင့်ထားတယ်ဆိုတဲ့ သဘောပါ” ဟု ကိုဘွေအုပ်က ပြောသည်။

လာမည့် မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး မတူပီ တော်လှန်ရေး ရဲဘော်များ အားလုံးအနေဖြင့် မတူပီ ပြန်လည်တည် ဆောက်ရေး လုပ်နေသော တပ်မဟာ – ၁ ထံ အမြန်ဆုံး ပူးပေါင်းပါဝင်ကြရန် တပ်မဟာ – ၁ က အသိပေးထုတ်ပြန်သည်။

ဘုံရန်သူ စစ်ကောင်စီ ကင်းစင်ပြီးဖြစ်သော မတူပီတွင် လက်နက်ကိုင် ပဋိပက္ခ ထပ်မံ မဖြစ်စေရေး နှင့် တည်ငြိမ်အေးချမ်းရေးကို ရှေးရှု၍ မည်သည့်အနှောင့်အယှက်မျိုးကို လက်မခံကြောင်း တပ်မဟာ – ၁ က ပြောသည်။

မတူပီမြို့နယ်တွင် CDF – မတူပီ၊ တပ်မဟာ – ၂ နှင့် CNA တပ်ဖွဲ့တို့၏ စစ်စခန်းများလည်း ရှိနေပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအထိ ဖြစ်ထားသောကြောင့် CDF – မတူပီ၊ တပ်မဟာ – ၁ နှင့် ပူးပေါင်းတပ်ဖွဲ့ကလည်း အင်အားအများအပြားကို လုံခြုံရေးအရ ချထားရသည်ဟု ကိုဘွေအုပ်က ပြောသည်။

“အဲလိုမျိုးသာ မရှိရင် အားကြိုးမာန်တက်ပေါ့လေ။ လုံခြုံရေးတွေ ချထားစရာ မလိုပဲနဲ့ ပြန်လည်ထူထောင်ရေးမှာ အားစိုက်လို့ ရတာပေါ့။ ဘတ်ဂျတ်တွေပဲ ဖြစ်ဖြစ်၊ ရိက္ခာတွေပဲ ဖြစ်ဖြစ် ကျန်တဲ့ ဒေသဖွံ့ဖြိုးရေးမှာ ဖြစ်ဖြစ် ရင်းနှီးလို့ရတယ်” ဟု CDF – မတူပီ တပ်မဟာ ၁ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မတ်လ နောက်ဆုံးထား၍ မတူပီ တော်လှန်ရေးရဲဘော်များကို ဖိတ်ခေါ်ခြင်းသည် လူမှုကွန်ယက်တွင် ဝေဖန်မှုများ ဖြစ်နေသကဲ့သို့ တော်လှန်ရေးအဖွဲ့အချင်းချင်းကြား စစ်ကြေညာခြင်း၊ စိန်ခေါ်ခြင်းမျိုး မဟုတ်ကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အမြန်ဆုံး ပူးပေါင်းစေချင်သည့် သဘောသာဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဇွန်လ ၂၉ ရက်တွင် တပ်မဟာ – ၁ ပါဝင်သော ချင်းညီနောင်နှင့် ပူးပေါင်းအဖွဲ့သည် မတူပီမြို့ စစ်ကောင်စီစခန်းများကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီး မြို့ကို ထိန်းချုပ်ထားသည်။

CDF မတူပီ၊ တပ်မဟာ – ၁ သည် မတူပီမြို့နယ် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို ပြန်လည်ဖွဲ့စည်းပြီး ကာကွယ်ရေး၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူသားချင်းစာနာထောက်ထားရေး စသည့် ဌာနအသီးသီးဖြင့် လုပ်ဆောင်နေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကန်ပက်လက်မြို့လေကြောင်းတိုက်ခိုက်ခံရမှု နေအိမ် (၅) လုံး ထိခိုက်ပျက်စီး

ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပမည်ဟု ကြေညာ

ဒုက္ခသည်အခွင့်အရေးဆိုင်ရာ ဆန္ဒပြမှုတွင် ကူညီပေးခဲ့‌သော ရဲစခန်းမှူးအား CRC မှ ကျေးဇူးတင် လက်ဆောင်ပေးအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.