Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CDF – မရာထိန်းချုပ်ထားသည့် ငဖိုင်ပိ (ခ) ရွာကို MDF က ဒရုန်းဖြင့် ၃ ကြိမ် တိုက်ခိုက်ဟု ဆို
ပုံစာ - ယခင်ပုံဟောင်း

CDF – မရာထိန်းချုပ်ထားသည့် ငဖိုင်ပိ (ခ) ရွာကို MDF က ဒရုန်းဖြင့် ၃ ကြိမ် တိုက်ခိုက်ဟု ဆို

0
By Editor on November 4, 2025 Headline

(006SV)

ချင်းပြည်နယ်၊ မရာဒေသရှိ IMC/ CDF – မရာ ထိန်းချုပ်နယ်မြေဖြစ်သည့် ငဖိုင်ပိ (ခ) ကျေးရွာကို MDF တပ်ဖွဲ့က ယမန်နေ့က ဒရုန်းဖြင့် ၃ ကြိမ် လာရောက်တိုက်ခိုက်သည်ဟု သိရသည်။

MTC/ MDF တပ်ဖွဲ့သည် ငဖိုင်ပိ (ခ) ကျေးရွာကို နိုဝင်ဘာလ ၃ ရက် မွန်းလွဲပိုင်း ၂ နာရီခွဲခန့်တွင် ဒရုန်းဖြင့် ဗုံး ၂ လုံ ကြဲချရာ Rev.Thalai (Sileipaw) Baptist Pastor နေအိမ် နှင့် ၅ ကိုက်ခန့်အကွာတွင် ကျရောက်ပေါက်ကွဲကြောင်း၊ ညနေ ၃ နာရီ ၂၀ မိနစ် ခန့်တွင် ဒရုန်းဗုံး ၂လုံးဖြင့် ထပ်မံကြဲချရာ နှစ်ခြင်းခရစ်ယာန်အသင်းတော်ရုံးနားကို ကျရောက် ပေါက်ကွဲသည်ဟု IMC/ CDF – မရာက ယနေ့ နိုဝင်ဘာလ ၄ ရက်မှာ ထုတ်ပြန်သည်။

ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် ငဖိုင်ပိ (ခ) ကျေးရွာ အဝင်လမ်း ပြည်သူ့နေအိမ်ကို ဒရုန်းဗုံး ၂ လုံးဖြင့် ထပ်မံကြဲချတိုက်ခိုက်သည်ဟု ထုတ်ပြန်ထားသည်။

ငဖိုင်ပီ (ခ) ရွာကို ဒရုန်းဖြင့် တိုက်ခိုက်မှုတွင် MDF တပ်ဖွဲ့အပြင် ချင်းညီနောင် (CB) နှင့် ULA/ AA ပူးပေါင်းတပ်တို့ ပါဝင်နေသည်ဟု IMC/ CDF – မရာက ထုတ်ပြန်ထားသော်လည်း သီးခြားအတည်ပြုချက် မရရှိသေးပါ။

တစ်ရက်အတွင်း IMC/ CDF – မရာ ဌာနချုပ်အနီးက ကျေးရွာကို ဒရုန်းဗုံး ၆ လုံးဖြင့် ကျဲချတိုက်ခိုက်ခံမှုတွင် အဆောက်အဦး ပျက်စီးမှု၊ ပြည်သူအထိအခိုက်ရှိ၊ မရှိကို စုံစမ်းနေဆဲဖြစ်သည်ဟု CDF – မရာထံမှ သိရသည်။

ငဖိုင်ပိ (ခ) ကျေးရွာကို ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ IMC/ CDF – မရာနှင့် MTC/ MDF တို့ထံ ဆက်သွယ်မေးမြန်းသော်လည်း မရပါ။

ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုတွင် ကျေးရွာမှ ပြည်သူ့နေအိမ်များ၊ ဘာသာရေးအဆောက်အဦးများကို ပစ်မှတ်ထားခံနေရ၍ ဒေသခံပြည်သူများသည် စိုးရိမ်မှု မြင့်တက်နေသည်ဟု သိရသည်။

အောက်တိုဘာလ ၃၁ ရက်က MDF စခန်းတစ်ခုကို ချင်းအမျိုးသားတပ်ဦး (CNA) နှင့် CDF-မရာ ပူးပေါင်းတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများအသုံးပြု၍ အလစ်အငိုက် ဝင်ရောက် တိုက်ခိုက် သည်ဟု MTC/ MDF ၏ သတင်းနှင့်ပြန်ကြားရေးဌာနက နိုဝင်ဘာလ ၁ ရက်မှာ ထုတ်ပြန်သည်။

MTC/ MDF စခန်းကို ဝင်ရောက်တိုက်ခိုက်သည်ဟု MTC/ MDF ၏ ထုတ်ပြန်ချက်မှာ စွပ်စွဲချက်သာ ဖြစ်ပြီး CNA နှင့် CDF- မရာ ပူးပေါင်းတပ်က သွားရောက်တိုက် ခိုက်ခြင်း မရှိကြောင်း နိုဝင်ဘာလ ၂ ရက်မှာ IMC/CDF-မရာက ကြေညာချက်ထုတ်၍ တုန့်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.