Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CDF – မရာထိန်းချုပ်ထားသည့် ငဖိုင်ပိ (ခ) ရွာကို MDF က ဒရုန်းဖြင့် ၃ ကြိမ် တိုက်ခိုက်ဟု ဆို
ပုံစာ - ယခင်ပုံဟောင်း

CDF – မရာထိန်းချုပ်ထားသည့် ငဖိုင်ပိ (ခ) ရွာကို MDF က ဒရုန်းဖြင့် ၃ ကြိမ် တိုက်ခိုက်ဟု ဆို

0
By Editor on November 4, 2025 Headline

(006SV)

ချင်းပြည်နယ်၊ မရာဒေသရှိ IMC/ CDF – မရာ ထိန်းချုပ်နယ်မြေဖြစ်သည့် ငဖိုင်ပိ (ခ) ကျေးရွာကို MDF တပ်ဖွဲ့က ယမန်နေ့က ဒရုန်းဖြင့် ၃ ကြိမ် လာရောက်တိုက်ခိုက်သည်ဟု သိရသည်။

MTC/ MDF တပ်ဖွဲ့သည် ငဖိုင်ပိ (ခ) ကျေးရွာကို နိုဝင်ဘာလ ၃ ရက် မွန်းလွဲပိုင်း ၂ နာရီခွဲခန့်တွင် ဒရုန်းဖြင့် ဗုံး ၂ လုံ ကြဲချရာ Rev.Thalai (Sileipaw) Baptist Pastor နေအိမ် နှင့် ၅ ကိုက်ခန့်အကွာတွင် ကျရောက်ပေါက်ကွဲကြောင်း၊ ညနေ ၃ နာရီ ၂၀ မိနစ် ခန့်တွင် ဒရုန်းဗုံး ၂လုံးဖြင့် ထပ်မံကြဲချရာ နှစ်ခြင်းခရစ်ယာန်အသင်းတော်ရုံးနားကို ကျရောက် ပေါက်ကွဲသည်ဟု IMC/ CDF – မရာက ယနေ့ နိုဝင်ဘာလ ၄ ရက်မှာ ထုတ်ပြန်သည်။

ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် ငဖိုင်ပိ (ခ) ကျေးရွာ အဝင်လမ်း ပြည်သူ့နေအိမ်ကို ဒရုန်းဗုံး ၂ လုံးဖြင့် ထပ်မံကြဲချတိုက်ခိုက်သည်ဟု ထုတ်ပြန်ထားသည်။

ငဖိုင်ပီ (ခ) ရွာကို ဒရုန်းဖြင့် တိုက်ခိုက်မှုတွင် MDF တပ်ဖွဲ့အပြင် ချင်းညီနောင် (CB) နှင့် ULA/ AA ပူးပေါင်းတပ်တို့ ပါဝင်နေသည်ဟု IMC/ CDF – မရာက ထုတ်ပြန်ထားသော်လည်း သီးခြားအတည်ပြုချက် မရရှိသေးပါ။

တစ်ရက်အတွင်း IMC/ CDF – မရာ ဌာနချုပ်အနီးက ကျေးရွာကို ဒရုန်းဗုံး ၆ လုံးဖြင့် ကျဲချတိုက်ခိုက်ခံမှုတွင် အဆောက်အဦး ပျက်စီးမှု၊ ပြည်သူအထိအခိုက်ရှိ၊ မရှိကို စုံစမ်းနေဆဲဖြစ်သည်ဟု CDF – မရာထံမှ သိရသည်။

ငဖိုင်ပိ (ခ) ကျေးရွာကို ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ IMC/ CDF – မရာနှင့် MTC/ MDF တို့ထံ ဆက်သွယ်မေးမြန်းသော်လည်း မရပါ။

ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုတွင် ကျေးရွာမှ ပြည်သူ့နေအိမ်များ၊ ဘာသာရေးအဆောက်အဦးများကို ပစ်မှတ်ထားခံနေရ၍ ဒေသခံပြည်သူများသည် စိုးရိမ်မှု မြင့်တက်နေသည်ဟု သိရသည်။

အောက်တိုဘာလ ၃၁ ရက်က MDF စခန်းတစ်ခုကို ချင်းအမျိုးသားတပ်ဦး (CNA) နှင့် CDF-မရာ ပူးပေါင်းတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများအသုံးပြု၍ အလစ်အငိုက် ဝင်ရောက် တိုက်ခိုက် သည်ဟု MTC/ MDF ၏ သတင်းနှင့်ပြန်ကြားရေးဌာနက နိုဝင်ဘာလ ၁ ရက်မှာ ထုတ်ပြန်သည်။

MTC/ MDF စခန်းကို ဝင်ရောက်တိုက်ခိုက်သည်ဟု MTC/ MDF ၏ ထုတ်ပြန်ချက်မှာ စွပ်စွဲချက်သာ ဖြစ်ပြီး CNA နှင့် CDF- မရာ ပူးပေါင်းတပ်က သွားရောက်တိုက် ခိုက်ခြင်း မရှိကြောင်း နိုဝင်ဘာလ ၂ ရက်မှာ IMC/CDF-မရာက ကြေညာချက်ထုတ်၍ တုန့်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

ကလေးမြို့မှာ စစ်မှုထမ်းရန် လူငယ်များဖမ်းဆီးမှု ဆက်လက်ရှိနေ

ဟားခါးမြို့နယ် လေကြောင်းဗုံးကြဲခံရမှုတွင် ပြင်းထန်ဒဏ်ရာရရှိသည့် ဖခင်ဖြစ်သူပါ ထပ်မံသေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.