Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CDF-CDM-Siyin ရဲဘော်တစ်ဦး ကိုယ့်ကိုယ်ကို အဆုံးစီရင်

CDF-CDM-Siyin ရဲဘော်တစ်ဦး ကိုယ့်ကိုယ်ကို အဆုံးစီရင်

0
By Editor on August 27, 2025 Khonumthung

(004SS)

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်ထဲမှာ အခြေစိုက်လှုပ်ရှားနေသော CDF-CDM-Siyin တပ်ဖွဲ့ဝင်တစ်ဦး အသက် ၂၇ နှစ်အရွယ် ရဲဘော် ထန်ခတ်ပုမ်း (ခ) Cyrus သည် ယမန်နေ့ ဩဂုတ်လ ၂၆ ရက်နေ့က သေနတ်ဖြင့် မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲဝင်ရန်ပြင်ဆင်ပြီးချိန်တွင် မိမိကိုယ်ကို ရုတ်တရက် အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်း၏‌ အကိုဖြစ်သူ Cin Cin က ပြောသည်။

“မနေ့က မနက်ပိုင်းမှာ ၉ မိုင်ကနေ စစ်သားတွေ တက်လာတယ်ဆိုတဲ့ သတင်းကြားတော့ ရှေ့တန်းသွားဖို့ သူ့သူငယ်ချင်းတွေနဲ့ ပြင်ဆင်တယ်တဲ့။ ပြီးတော့ သူက အရင်ဆုံးသွားပြီး၊ ခဏနေတော့ သေနတ်ပစ်ခတ်သံကြားတယ်တဲ့။ အဲမှာ သူ့သူငယ်ချင်းတွေ ထွက်ပြီးသွားကြည့်လိုက်တော့ ကျွန်တော့်ညီက သေပြီးနေပြီတဲ့။ မနက် ၈ နာရီလောက်ဖြစ်မယ်။ ကျွန်တော့်ညီမှာ ဘာစိတ်ညစ်စရာများရှိလို့ ဒီလိုလုပ်ရတယ်ဆိုတာ ကျွန်တော်လဲ မသိဘူးဗျာ” ဟု ၎င်းက ပြောသည်။

ရဲဘော် Cyrus သည် စစ်အာဏာသိမ်းမှုမဖြစ်ပွားခင်က ကလေးတက္ကသိုလ်မှာ ဘူမိဗေဒ (Geology) ဒုတိယနှစ်တက်ရောက်နေခဲ့ပြီး ကိုဗစ် ၁၉ ကပ်ရောဂါဖြစ်ပွားမှုနှင့် စစ်အာဏာသိမ်းမှုကြောင့် ကျောင်းဆက်မတက်နိုင်တော့ဘဲ မြန်မာ့နွေဦးတော်လှန်ရေးထဲမှာ ပါဝင်လာခဲ့သူဖြစ်သည်။

“ကျွန်တော့်ညီက နိုင်ငံရေးမကောင်းတဲ့အချိန်ကစလို့ မနေ့က ဒီလိုမဖြစ်ခင်အထိ နိုင်ငံနဲ့လူမျိုးအတွက်ဆိုပြီး တော်လှန်ရေးမှာပါဝင်တာပေါ့နော်။ ကျွန်တော့်ညီကဗျာ တော်လှန်ရေးမှာ ကျွန်တော်မပါလို့မဖြစ်ဘူး။ ကျွန်တော်တို့ စခဲ့ပြီးပြီး အဆုံးတိုင် တိုက်ပွဲဝင်မယ်၊ မရပ်တော့ဘူး ဆိုပြီးပြောခဲ့တာပါ။ သူတာဝန်ထမ်း‌ဆောင်ခဲ့တဲ့ CDF-CDM-Siyin တပ်ဖွဲ့ဆိုရင်လည်းပဲ သူ့မိသားစုလို၊ သူ့ကိုယ်ပိုင်လို စိတ်ရင်းနဲ့ တွက်ထားတာဗျ” ဟု ရဲဘော် Cyrus ၏ အကို Cin Cin က ပြောသည်။

ရဲဘော် ထန်ခတ်ပုမ်း (ခ) Cyrus သည် မွေးချင်းညီအကိုမောင်နှမ ၇ ယောက်ထဲက တတိယအကြီးဆုံးသားဖြစ်ပြီး ရုပ်အလောင်းကို ၎င်း၏မွေးရပ်မြေမှာ ခရစ်ယာန်ထုံးတမ်းအစဉ်လာအတိုင်း သဂြိုလ်ကြမည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.