CDF-Hualngoram တော်လှန်ရေးတပ်ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေထဲမှာ Hualngoram People Organization ရဲ့ ဦးဆောင်မှုဖြင့် ၈ ကုတင် ဆံ့ ဆေးရုံကို နိုဝင်ဘာလ ၁၂ ရက်နေ့က အောင်မြင်စွာဖွင့်လှစ်ခဲ့နိုင်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီဆေးရုံကို LIANDO ဆေးရုံလို့ အမည်ပေးထားပြီး ဟွာလ်ငိုနယ်မြေက ပြည်သူတွေအပြင် နယ်စပ်ဒေသက ပြည်သူတွေအနေနဲ့ ဆေးဝါးကုသမှု ခံယူနိုင်မှာဖြစ်ပါတယ်။
LIANDO ဆေးရုံမှာ လူနာကုတင် ၈ လုံးနဲ့ ခွဲစိတ်ခန်းတစ်ခုရှိပြီး ဆေးဝါးနဲ့ ဆေးရုံသုံးကိရိယာလိုအပ်ချက်တွေ ရှိနေသေးတာကြောင့် ပြည်တွင်း/ပြည်ပမှာရှိနေကြတဲ့ စေတနာရှင်တွေအနေနဲ့ အကူအညီတွေပေးအပ်နိုင်တယ်လို့ Hualngoram People Organization က ထုတ်ပြန်ထားပါတယ်။