Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

0
By Editor on August 29, 2026 Headline

(004SS)

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ CDF-Hualngoram ထိန်းချုပ်နယ်မြေအတွင်း တော်လှန်ရေးလုပ်ငန်းများ အင်တိုက် အားတိုက် ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် မြေပြင်ရှိ တော်လှန်ရေးရဲဘော်များအား တစ်လလျှင် ၅ သိန်းကျပ်နှုန်းဖြင့် ပုံမှန်ထောက်ပံ့ပေးလျက်ရှိနေကြောင်း CDF-Hualngoram ထံမှ သိရသည်။

ယင်းသို့ ထောက်ပံ့ပေးနိုင်သည်မှာ ၅ လခန့်ရှိပြီဟု သိရပြီး Hualngoram ဒေသရှိ ကျေးရွာပေါင်း ၅၆ ရွာအနက် ကျေးရွာ ၄၀ ဝန်းကျင်မှ ပြည်သူများထံ လစဉ်ကောက်ခံရရှိငွေဖြင့် ထောက်ပံ့ပေးနိုင်ခြင်းဟု CDF-Hualngoram ကာကွယ်ရေး အတွင်းရေးမှူးက ပြောသည်။

“ဒါက ကျွန်တော်တို့ HPO/CDF-Hualngoram ကနေ အတင်းအဓမ္မနဲ့ ကောက်ခံတာမဟုတ်ပဲနဲ့ တော်လှန်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ရဲ့ Hualngoram ဒေသရှိ ကျေးရွာ အုပ်ချုပ်ရေးတာဝန်ခံတွေအားလုံးပါဝင်တဲ့ Annual Conference ကနေ ဆုံးဖြတ်ပြီး လာရောက်ထည့်သွင်းကြတာပါ။ ဒီလို ပြည်သူတွေက ထည့်ဝင်တဲ့ ငွေတွေနဲ့ ရဲဘော်တွေကို တလ ၅ သိန်းထောက်ပံ့ကြေး ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ပြည်သူအများစုကလည်း ဒီကိစ္စအပေါ် စောဒက တက်တာ မရှိပါဘူး။ သူတို့ရဲ့ တစ်လအတွင်းမှာ တစ်ရက်လုပ်အားခလေးနဲ့ တော်လှန်ရေး လုပ်နေတဲ့ ရဲဘော်တွေကို ထောက်ပံ့ရင်း တော်လှန်ရေးပိုမိုအားကောင်းစေရန် အားပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ထည့်ဝင်ကြတာပါ” ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ လစဉ်ထောက်ပံ့ပေးနိုင်မှုကြောင့် ၄ နှစ်မှ ၅ နှစ်နီးပါး ဝင်ငွေမရှိဘဲ တော်လှန်ရေးတွင် ပေးဆပ်ပါဝင်နေသည့် ရဲဘော်များနှင့် ၎င်းတို့၏ အိမ်ထောင်၊ ကလေးများအပါအဝင် မိသားစု စားဝတ်နေရေးအတွက် ကြီးမားသော အထောက် အပံ့ ဖြစ်စေသည့်အပြင် ရဲဘော်များ၏ တိုက်ပွဲဝင်စိတ်ဓာတ်ကို ပိုမိုအားကောင်းစေပြီး ပြည်သူများ၏ တော်လှန်ရေး ပါဝင်မှုကိုလည်း ပိုမိုခိုင်မာစေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ထည့်ဝင်ငွေ ကောက်ခံမှုစနစ်နှင့် ပတ်သက်၍ ဒေသခံများအနေဖြင့် မိမိတို့၏ လုပ်အားခ သဘောဆန္ဒအလျောက် တစ်အိမ်ထောင်လျှင် ကျပ် ၃၀,၀၀၀ နှုန်းဖြင့် ထည့်ဝင်ကြခြင်းဟု သိရပြီး ခက်ခဲနေသည့် အချို့သောမိသားစုများကိုမူ ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။

“ဒီလိုထည့်ဝင်ခြင်းကို ကျေးရွာအလိုက် အုပ်ချုပ်ရေး အဖွဲ့ကပဲ တာဝန်ယူတာဆိုတော့ မိမိရွာအတွင်းမှာ ဆင်းရဲနွမ်းပါး တဲ့မိသားစု၊ မုဆိုးမမိသားစုတွေ၊ ကျဆုံးခဲ့တဲ့ ရဲဘော်မိသားစုတွေနဲ့ အရမ်းခက်ခဲတဲ့ ကာလမို့ ဒီထည့်ဝင်ငွေတွေကို လွတ်ကင်းခွင့်ပြုထားတဲ့ သူတွေ ရှိပါတယ်။ ကျွန်တော်တို့ HPO/CDF-Hualngoram ဘက်က အတင်းဖိအားပေးတာတော့ မရှိပါဘူး။ ဒါပေမဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ရဲ့ ဆောင်ရွက်မှုတွေကို ဆန့်ကျင်ပြီး မလိုက်နာတာမျိုး ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ကတဆင့် တင်ပြလာရင်တော့ ကျွန်တော်တို့ရဲ့ အထွေထွေအုပ်ချုပ်ရေးကနေ ပါဝင်ကူညီ ရှင်းပြပေးတာတွေတော့ ရှိပါတယ်” ဟု CDF-Hualngoram ကာကွယ်ရေး အတွင်းရေးမှူးက ပြောသည်။

ထို့အပြင် Hualngoram ဒေသ၌ ဒေသန္တရအစိုးရယန္တရား စနစ်တကျ လည်ပတ်လျက်ရှိရာ အရက်နှင့် ယမကာ ရောင်းဝယ် သည့် ဆိုင်များကိုလည်း လုပ်နိုင်သည့် နည်းလမ်းများဖြင့် အစည်းအဝေးခေါ်ယူကာ သဘောတူညီချက်များရယူပြီး ဆိုင်အကြီး၊ အသေး ပေါ်မူတည်၍ အခွန်အခများ စနစ်တကျ ကောက်ခံလျက်ရှိကြောင်း သိရသည်။

တစ်ဖက်တွင်လည်း CDF-Hualngoram အဖွဲ့သည် တပ်ဖွဲ့ဝင်များအား လစာပေးရန်အတွက် ကျေးရွာနေ ပြည်သူများထံမှ လစဉ်ကြေး ကောက်ခံရာတွင် ဖိအားပေး ကောက်ခံမှုများ ရှိနေပြီး၊ ငွေမပေးရသေးသည့် နေအိမ်များကိုလည်း တစ်အိမ်တက်ဆင်း ဝင်ရောက်တောင်းခံမှုများ ရှိနေသည်ဟု ဒေသတွင်း သတင်းဌာနတချို့ကလည်းဖော်ပြကြသည်။

သို့သော် CDF-Hualngoram ဘက်ကမူ တော်လှန်ရေးကာလ ကြာမြင့်လာသည်နှင့်အမျှ တော်လှန်ရေး အားနည်းစေရန်နှင့် သွေးကွဲစေရန် တချို့မီဒီယာများမှတစ်ဆင့် သတင်းမှားနှင့် အမုန်းစကားများ ဖြန့်ဝေနေမှုများ ရှိလာသဖြင့် ပြည်သူများ အနေဖြင့် သေချာစွာ ချင့်ချိန်စဉ်းစားကြရန် တိုက်တွန်းထားပြီး၊ လက်ရှိတွင် ဒေသန္တရအုပ်ချုပ်ရေး ယန္တရား ပုံမှန်လည်ပတ် လျက်ရှိသကဲ့သို့ ချင်းပြည်တည်ဆောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင် ချီတက်သွားမည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.