Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CDF-Kanpetlet ဒု-တပ်ရင်းမှူးနှင့် ဖခင် ဓမ္မအမှူတော်ဆောင် ပါစတာကို စစ်ကောင်စီက သတ်ဖြတ်
ပုံစာ - ကျဆုံးသွားသော CDF - ကန်ပက်လက်၊ တူမီးတပ်ရင်းမှ ဒုတပ်ရင်းမှူး လှေမာန်

CDF-Kanpetlet ဒု-တပ်ရင်းမှူးနှင့် ဖခင် ဓမ္မအမှူတော်ဆောင် ပါစတာကို စစ်ကောင်စီက သတ်ဖြတ်

0
By Editor on November 7, 2023 Headline

(003PT၊ 006SV)

ချင်းပြည်နယ်အစပ် မကွေးတိုင်း၊ ဆောမြို့တွင် CDF – ကန်ပက်လက်၊ တူမီးတပ်ရင်း၏ ဒု-တပ်ရင်းမှူးနှင့် ၎င်း၏ ဖခင်ဓမ္မအမှူတော် ဆောင်ပါစတာတို့ကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ နံနက်ပိုင်းက သတ်ဖြတ်သွားခဲ့သည်ဟု CDF – ကန်ပက်လက်မှ တာဝန်ရှိသူနှင့် ဒေသခံများက ပြောသည်။

ကန်ပက်လက်မြို့နယ်အတွင်း စစ်ဘေးရှောင်နေရသည့် ခရစ်ယာန်ဓမ္မအမှူတော်ဆောင် ပါစတာ ဦးမန်ကွီးသည် ယနေ့ နိုဝင်ဘာလ ၇ ရက် နံနက်ပိုင်းတွင် ဆောမြို့သို့ရောက်ရှိ၍ အသိမိတ်ဆွေတစ်ဦးနှင့် စကားပြောနေစဉ် အရပ်ဝတ်ဖြင့် စစ်သားတစ်ဦး ရောက်ရှိလာပြီး အနီးကပ် ဦးခေါင်းကို ပစ်သတ်သွားခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။

“တော်တော်များများ သုံးသပ်တာက ဒလန်က သတင်းပေးတယ်လို့ ထင်ကြတယ်။ ဆောရဲ့ အနေအထားက ပုံမှန်ဆိုရင် စစ်သားတွေက ဆင်းမလာဘူး။ မနက်မှ ရုတ်တရက်ကြီး စစ်သားတွေက ဆင်းလာပြီး သူတို့ တာဂစ် (Target) ထားတဲ့ ပါစတာကို ရွေးသတ်သွားတယ်” ဟု CDF – ကန်ပက်လက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပါစတာကို ပစ်သတ်သည့်အခြေအနေမှာ စစ်ကောင်စီတပ်ဖွဲ့က သတင်းအတိအကျရရှိပြီး စနစ်တကျ သတ်ဖြတ်သွားခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆကြသည်။

ပါစတာကို ပစ်ခတ်ချိန်တွင် အနီးဝန်းကျင်မှ အရပ်သားများကို လှည့်ပတ်ပစ်ခတ်သော်လည်း အရပ်သားများ ထိခိုက်မှုမရှိဘဲ ထွက်ပြေးလွတ်မြောက်ကြသည်ဟု ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

ပါစတာကို ပစ်ခတ်ပြီးနောက် ၆ မိနစ်ဝန်းကျင်တွင် အရပ်ဝတ်စစ်သားအပြင် စစ်သား (၂၀) ကျော်မှာ ရုတ်တရက် ထွက်ပေါ် လာကြပြီး ပါစတာကို ဝိုင်းဝန်းဆဲဆို၊ ကန်ကြောက်ကြပြီး ကင်းပုန်းဝတ်ထားကြသည်ဟု ဒေသခံနှင့် CDF ကန်ပက်လက်မှ သတင်းရင်းမြစ်က ပြောသည်။

“ပါစတာကို သေပြီးတာတောင်မှ ထပ်ပစ်တယ်။ ခြေတောက်တွေနဲ့လည်း ကန်တယ်။ စစ်သား အယောက် ၂၀ က ပါစတာ အလောင်းနားမှာ ကင်းပုန်းချပြီး စောင့်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုအချိန်တွင် ဆောမြို့အနီးကို အလုပ်တာဝန်ဖြင့် ရောက်နေသော CDF – ကန်ပက်လက်၊ တူမီးတပ်ရင်းမှ ဒု-တပ်ရင်းမှူးလည်းဖြစ်သူ၊ ခရစ်ယာန်ဓမ္မအမှူတော်ဆောင် ပါစတာ ဦးမန်ကွီး၏ သားဖြစ်သူ ဒု-တပ်ရင်းမှူး လှေမာန်က ဖခင်သတင်းကြားပြီး သွားရောက်ကြည့်ရှုရာတွင် တခြားရဲဘော်များက တားဆီးချိန်မရလိုက်ဘဲ ကင်းပုန်းဝတ်နေသော စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်ခြင်းကို ခံလိုက်ရခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။

ဒုတပ်ရင်းမှူး လှေမာန်သည် နှလုံးဘက်ခြမ်းကို ကျည်ထိမှန်သော်လည်း ဒဏ်ရာဖြင့် နောက်ပြန်လှည့်ပြေးရာ အကာအကွယ်တစ်ခုသို့ ရောက်ရှိပြီး CDF – ကန်ပက်လက် ရဲဘော်တချို့က ကယ်ဆယ်ရန်ကြိုးစားသော်လည်း ကျဆုံးခဲ့ရသည်ဟု သတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သားများသည် ပါစတာအနီးတွင် ကင်းပုန်းဝတ်ပြီး ရောက်ရှိလာသော အရပ်သားများနှင့် တော်လှန်ရေး အင်အားစုများကို စောင့်ကြိုပစ်ခတ်ကာ ထို့နောက် ပါစတာအလောင်းကို စစ်ကောင်စီက သူတို့ အခြေချရာစခန်းသို့ ယူဆောင်သွားကြသည်။

ယနေညနေပိုင်းတွင် ပါစတာအလောင်းကို ပြန်လည်ပေးအပ်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က အတည်ပြုသည်။

ယနေ့ ဖြစ်စဉ်ကြောင့် ဆောမြို့တွင် ဒေသခံပြည်သူများနှင့် စစ်ဘေးရှောင်များ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး စစ်ကောင်စီတပ်သည် အရပ်သားတချို့ကိုလည်း ဖမ်းဆီးထားသည်ဟု သတင်းရင်းမြစ်များက ပြောသည်။

စစ်ရေးအခြေအနေမှာလည်း နှစ်ဖက် တင်းမာနေကာ အချိန်မရွေးတိုက်ပွဲ ပြင်းထန်းနိုင်သည်ဟု ဒေသခံများက ပြောသည်။

ချင်းပြည်နယ်တောင်ပိုင်းအစပ်မှာရှိသည့် မကွေးတိုင်း၊ ဆောမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ဆောသည် နေရာအများစုကို ထိန်းချုပ်စိုးမိုးထားသကဲ့သို့ ဂိတ်စခန်းဖွင့်၍ စစ်ဆေးမှုများရှိသည်ဟု ဒေသခံများက ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.