Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CDF-KKG တပ်ဖွဲ့က ရဲဘော် ၄ ဦး တစ်ပတ်အတွင်း ကျဆုံး၊ ၄ ဦး ထိခိုက်ဒဏ်ရာများရရှိ

CDF-KKG တပ်ဖွဲ့က ရဲဘော် ၄ ဦး တစ်ပတ်အတွင်း ကျဆုံး၊ ၄ ဦး ထိခိုက်ဒဏ်ရာများရရှိ

0
By Editor on May 8, 2024 Khonumthung

(006SV)

ချင်း၊ စစ်ကိုင်းနှင့် မကွေးတိုင်းအတွင်းမှာ စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေသော CDF – KKG ချင်းကာကွယ်ရေးတပ်ဖွဲ့သည် တစ်ပတ်နီးပါးတွင် ရဲဘော် (၄) ဦး ကျဆုံးခဲ့ရပြီး ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“တပ်ရင်း ၇ ကျတော့ တီးတိန်မြို့နယ်ထဲက ZRA နဲ့ တိုက်ပွဲမှာ စခန်းသိမ်းတိုက်ပွဲမှာ ကျသွားတယ်။ တပ်ရင်း ၄ က နှစ်ယောက်ကတော့ ရှားပုံ တိုက်ပွဲမှာ ကျနော်တို့ မိုင်းမှာ ကိုယ့်မိုင်းနဲ့ ကိုယ် ပြန်ထိတာပေါ့နော်။ စကစက စစ်ကြောင်း ထိုးတာမှာ ကျနော်တို့ မိုင်းထောင်တာ ပြန်ပြီးတော့ တိုက်မိတဲ့ သဘောပါ။ တပ်ရင်း ၅ က ရဲဘော်ကျတော့ ဒရုန်း စစ်ဆင်ရေးလုပ်တဲ့ အချိန်မှာ ဗုံးက လေတိုက်ပြီး ပြန်ကျတော့ ပြန်ထိမိတာပါ” ဟု CDF – KKG မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဧပြီလ ၂ ရက်က တီးတိန်မြို့နယ်တွင် CNA ဦးဆောင်သည့် ချင်းကာကွယ်ရေးပူးပေါင်းနှင့် ဇိုမီး တော်လှန်ရေးတပ် (ZRA- EC) တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ မွာလ်လွန်းကျေးရွာအနီးက (ZRA- EC) Carmel စခန်းသိမ်းတိုက်ပွဲတွင် CDF – KKG တပ်ရင်း (၇) မှ တပ်စုမှူး ရဲဘော် Dal Sin Mung (ခ) Dal Mung ကျဆုံးခဲ့ရခြင်းဖြစ်သည်။

ယင်းတိုက်ပွဲတွင် CDF – KKG မှ ရဲဘော်တစ်ဦးလည်း ထိခိုဒဏ်ရာ ရရှိခဲ့ပြီး ဆေးကုမှု ခံယူခဲ့ရသည်၊ ဇိုမီး တော်လှန်ရေးတပ် (ZRA- EC) မှလည်း ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် ကလေးမြို့နယ်တောင်ပိုင်း၊ ရှားပုံရွာအနီးတွင် စစ်ကောင်စီ၏ စစ်ကြောင်းထိုးလာမှုကို မိုင်းဖြင့် တိုက်ခိုက်ရန် ပြင်ဆင်မှုများ ပြုလုပ်နေစဉ် မတော်တဆမှုဖြစ်၍ ကိုယ့်မိုင်းနှင့်ကိုယ်၊ ပြန်ထိခိုက်မိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင် CDF – KKG တပ်ရင်း (၄) မှ ရဲဘော် ၃ ဦး ထိခိုက်မိခဲ့ရာ ရဲဘော် နှစ်ဦး ကျဆုံးခဲ့ရပြီး တစ်ဦးမှာ ထိခိုက်ဒဏ်ရာရ၍ ဆေးကုသမှု ခံယူခဲ့ရသည်။

မေလ ၄ ရက်က ရဲဘော် မောင်နေလင်းအောင်သည် ရှေ့တန်းတွင် ကျဆုံးခဲ့ရပြီး တပ်ရင်း ၄ ၏ ပြန်ကြားရေး Ya Ya Kam သည် ဆေးဝါးကုသနေစဉ် ထပ်မံကျဆုံးခဲ့ရခြင်းဖြစ်သည်။

မေလ ၆ ရက်ကလည်း ရှားပုံရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီ စစ်ကြောင်းကို ဒရုန်းဖြင့် တိုက်ခိုက်ရာတွင် လေပြင်း ကြောင့် ဒရုန်းဗုံးသီးမှာ ပြန်ပြုတ်ကျလာခဲ့ပြီး CDF- KKG တပ်ရင်း (၅) မှ ရဲဘော် (၁) ကျဆုံးခဲ့ရပြီး ၊ (၂) ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

“ဒီဟာက ကြီးမားတဲ့ ဆုံးရှုံးမှုတွေပေါ့နော်။ ဘာပဲ ပြောပြော ကျနော်တို့ကတော့ တော်တော်လေးလည်း အားငယ် တာပေါ့နော်။ ကျနော်တို့ရဲ့ တော်လှန်ရေး ကာလဖြစ်တဲ့အတွက် ကျနော်တို့ ဖြစ်ချင်တဲ့အတိုင်းလည်း မဖြစ်ဘူးပေါ့လေ။ ဒီတော်လှန်ရေး ကာလမှာတော့ ကျန်တဲ့အဖွဲ့အစည်းတွေလည်း ကျတယ်၊ ကျနော်တို့လည်းကျတယ်။ ဘာပဲဖြစ်ဖြစ် အားမငယ်ပဲနဲ့။ ဒီတော်လှန်ရေးကို အဆုံးထိ လျှောက်လှမ်းကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု CDF – KKG မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်အာဏာရှင် တော်လှန်ရေးအတွက် ရဲဘော်များ၏ ပေးဆပ်ခဲ့မှုများအပေါ် အထူး လေးစား ဂုဏ်ပြုပါကြောင်းနှင့် ကျန်ရစ်သူ မိသားစုနှင့်တကွ ထပ်တူထပ်မျှ ဝမ်းနည်းကြောင်း CDF – KKG က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.