Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CDF-Lautu အတွက် “The 20 Project” စီမံချက်မှ လက်နက်ငယ် ၂၀ လက်နှင့် ဆက်စပ်ခဲယမ်းများဝယ်ယူနိုင်ခဲ့ဟု ဆို

CDF-Lautu အတွက် “The 20 Project” စီမံချက်မှ လက်နက်ငယ် ၂၀ လက်နှင့် ဆက်စပ်ခဲယမ်းများဝယ်ယူနိုင်ခဲ့ဟု ဆို

0
By Editor on April 2, 2026 Khonumthung

(006SV)

ချင်းပြည်နယ်၊ လောက်တူဒေသတွင် ဒေသခံပြည်သူများ၏ ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော “The 20 Project” စီမံချက်တွင် လက်နက်ငယ် ၂၀ လက်နှင့် ဆက်စပ်ခဲယမ်းများ ဝယ်ယူနိုင်ခဲ့ကြောင်း လောက်တူပြည်သူ့ရေးရာ ကောင်စီက ကြေညာသည်။

၂၀၂၅ ခုနှစ် အောက်တိုဘာလမှစတင်၍ ဆောင်ရွက်ခဲ့သော “The 20 Project” စီမံချက် အောင်မြင်မှုအတွက် ကောင်းချီး မင်္ဂလာခြွေ ဆုတောင်းခြင်းနှင့် အဆိုပါ စီမံချက်အရ ဝယ်ယူခဲ့သော လက်နက်ငယ် ၂၀ လက်နှင့် ဆက်စပ်ခဲယမ်းများကို CDF – လောက်တူထံသို့ မတ်လ ၃၀ ရက်က လွှဲပြောင်းပြီဖြစ်သည်ဟု ယနေ့ ဧပြီလ ၂ ရက်မှာ ထုတ်ပြန်သည်။

အဆိုပါစီမံချက်အောင်မြင်စေရန် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များသည် သတ်မှတ်ရန်ပုံငွေ ပမာဏ ပြည့်မှီစွာ ရရှိနိုင်ရန် အဓိက တာဝန်ယူ ဆောင်ရွက်ခဲ့ကြပြီး၊ တော်လှန်ရေး စိတ်ဓါတ်အပြည့်ဖြင့် ခွဲတမ်းအသီးသီးကို မိဘပြည်သူများက ထည့်ဝင်ပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ပေးသော ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များနှင့် ပြည်သူများကို လောက်တူပြည်သူ့ရေးရာ ကောင်စီက ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါကြောင်း၊ ရှေ့ဆက်၍လည်း ပြည်သူ့နှင့်အတူ ဆက်လက်ချီတည်မည် ဟူသော သံန္နိဌာန်ဖြင့် တော်လှန်ရေး ခရီးကို ဆက်လက်ဖော်ဆောင်သွားမည်ဟု လောက်တူပြည်သူ့ရေးရာ ကောင်စီထံမှ သိရသည်။

“The 20 Project” ပြီးဆုံးခြင်းကို အခမ်းအနားဖြင့် ကျင်းခဲ့ပြီး The 20 Project ဦးဆောင်ကော်မတီက ရန်ပုံငွေ စာရင်းရှင်းတမ်း များကို ပွင့်လင်းမြင်သာစွာ ဖြန့်ဝေရှင်းလင်းခဲ့ကြောင်း သိရသည်။

ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဒေသန္တရ တရားရေးအဖွဲ့နှင့် CDF – Lautu တို့မှ တာဝန်ရှိသူများ ၊ The 20 Project ဦးဆောင်ကော်မတီဝင်များ၊ ကောင်စီကိုယ်စားလှယ်များ၊ ဒေသတွင်း ရပ်မိရပ်ဖများ၊ ရပ်ကျေးပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ရွာ လူငယ်အဖွဲ့များနှင့် ဧည့်သည်တော်များ တက်ရောက်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hakha အရာရှိအချင်းချင်းအငြင်းပွားရာမှ ပစ်ခတ်မှုဖြစ်ပြီး ဒုဥက္ကဌဟောင်း Salai Sang Ling ကျဆုံး

ထိန်းသိမ်းခံထားရစဉ် ရောဂါအခံဖြင့်သေဆုံးသည်ဟုဆိုသော ဦးထန်ခန်းဒါလ်၏ ရုပ်အလောင်းတွင် ဒဏ်ရာများတွေ့ရှိမှုအပေါ် ဝေဖန်မှုမြင့်တက်

ပြည်သူထံ ငွေညစ်ခြင်း၊ နေအိမ် ဖောက်ထွင်းဓါးပြတိုက်ခြင်း ကျူးလွန်နေသည့် စစ်တပ်ပြည်သူ့စစ် တစ်ဦးကို CDF – ဟားခါး ဖမ်းဆီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.