Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CDF-Matupi ညီနောင်တပ်ပေါင်းစုနှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ပြည်သူ ၇ ဦးကို ဖမ်းဆီး

CDF-Matupi ညီနောင်တပ်ပေါင်းစုနှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ပြည်သူ ၇ ဦးကို ဖမ်းဆီး

0
By Editor on January 7, 2022 Headline

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်တွင် ဇန်နဝါရီလ ၆ ရက် (ယမန်နေ့) မနက် ၉ နာရီကစတင်ပြီး CDF ညီနောင်တပ်ပေါင်းစုနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားနေခဲ့ကာ လက်ရှိတွင်လည်း နှစ်ဖက်စစ်ရေးတင်းမာနေသည့်အပြင် စစ်ကောင်စီတပ်က ခရီးသွားပြည်သူ ၇ ဦးကိုဖမ်းဆီးထားသည်ဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။

“မနေ့က တနေကုန်နီးပါး ညထိပေါ့ တောက်လျှောက်ပစ်တယ်။ ဒီမနက်လည်း နှစ်ဖက်တင်း မာနေ တုန်းရှိသေးတယ်။ တခြားထိခိုက် ဒဏ်ရာရတဲ့ဟာတွေတော့ အတည်မပြုနိုင်သေးဘူး။ ကျွန်တော်တို့ CDF တပ်ဖွဲ့ဝင်တွေတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူး။ စကစဖက်က ဘယ်လိုရှိလဲဆိုတာ အတည်မပြု နုုိင်သေးဘူး။ အခုအချိန်ထိ တို်က်ပွဲကြားထဲမှာပဲရှိနေသေးတယ်ဆိုတော့” ဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့က မတူပီ-ဟားခါးလမ်းမ ဝဲဘက်ရှိသော ကီလှုန်းနှင့် လုံလှောရွာကြားကို အင်အား ၁၅၀ ကျော်ဖြင့် စစ်ကြောင်းနှစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် CDF-Matupi/ CDF- Zotung/ CDF-Lautu ညီနောင်တပ်ပေါင်းစုတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

၎င်းအပြင် စစ်ကောင်စီတပ်က ကီလှုန်းမှ လုံလှောရွာကို ခရီးသွားနေသော ပြည်သူ ၇ ဦးကိုလည်း ဖမ်းဆီးထားသည့်အပြင် လူသားဒိုင်းကာအဖြစ် တိုက်ပွဲအတွင်း အသုံးပြုနေသည်ဟု CDF-Matupi သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကီးလှုန်နှင့် လုံလှောကျေးရွာသည် မတူပီမြို့နှင့် မိုင် ၂၀ ခန့်ကွာဝေးသည်ဟုသိရပြီး မတူပီမြို့နယ်တွင် ဇန်နဝါရီလကစပြီး CDF-Matupi နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.