Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CDF-Matupi တပ်မဟာ-၁ ကို AA က လက်နက်ခဲယမ်းအချို့ထောက်ပံ့

CDF-Matupi တပ်မဟာ-၁ ကို AA က လက်နက်ခဲယမ်းအချို့ထောက်ပံ့

0
By Editor on September 30, 2024 Khonumthung

ချင်းညီနောင်အဖွဲ့ဝင် CDF-Matupi တပ်မဟာ- ၁ ကို အာရက္ခတပ်တော် AA က လက်နက်ခဲယမ်းအချို့ ကူညီထောက်ပံ့ခဲ့သည်ဟု သိရသည်။

အာရက္ခတပ်တော် AA မှ CDF-Matupi တပ်မဟာ -၁ ထံ လက်နက်ခဲယမ်းအချို့ ထောက်ပံ့မှုအခမ်းအနားကို စက်တင်ဘာလ ၂၇ ရက်နေ့က ကျင်းပခဲ့ကြကြောင်း စက်တင်ဘာလ ၂၉ ရက်နေ့က CDF-Matupi တပ်မဟာ-၁ က ထုတ်ပြန်သည်။

အခမ်းအနားတွင် အာရက္ခတပ်တော် AA တပ်မှူးများ၊ CDF-Matupi တပ်မဟာ – ၁ တပ်မှူးများ၊ တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အဖွဲ့အစည်းနှစ်ခုအကြား အားကောင်းလာသည့် မဟာမိတ်ဆက်ဆံရေးကို ဆက်လက်အားကောင်းစေရေး၊ စစ်ရေးပူးပေါင်းမှုယခုထက်ပိုမိုအားကောင်းစေရေး၊ အိမ်နီးနားချင်း အတူနေထိုင်လာကြသော လူမျိုးအချင်းချင်းအကြား ချစ်ချင်ရင်းနှီးမှုများ ပိုမိုတိုးပွားလာစေရေးကို နှစ်ဖက်တပ်မှူးများက ထည့်သွင်းပြောကြားခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် ချင်းပြည်နယ်အတွင်းရှိ စစ်ကောင်စီကင်းစင်ရေးတိုက်ပွဲတွင် အိမ်နီးနားချင်းမဟာမိတ်ပိသစွာဖြင့် ပူးပေါင်းတိုက်ပွဲဝင်ပေးခဲ့ခြင်း၊ လက်နက်ခဲယမ်းများ ထောက်ပံ့ပေးခဲ့ခြင်းတို့အပေါ် အာရက္ခတပ်တော်အပေါ် လေးနက်စွာ အထူးကျေးဇူးတင်ရှိကြောင်း CDF-Matupi တပ်မဟာ-၁ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းပြည်နယ် မတူပီမြို့ကို အာရက္ခတပ်တော် AA ၏ စစ်ရေးအကူအညီဖြင့် CDF-Matupi တပ်မဟာ-၁ နှင့် ချင်းညီနောင်တပ်ဖွဲ့က ဇွန်လ ၂၉ ရက်နေ့မှာ သိမ်းပိုက်ခဲ့ကြခြင်းဖြစ်သည်။

မတူပီမြို့တွင် စစ်ကောင်စီကင်းစင်သွားပြီဖြစ်သော်လည်း စစ်ဘေးတိမ်းရှောင်ကြသော ဒေသခံပြည်သူအများစုမှာ ယနေ့ချိန်ထိ နေရပ်မပြန်ရဲကြသေးဘူးဟု သိရသည်။

အာရက္ခတပ်တော် AA သည်လည်း ယနေ့ချိန်ထိ မတူပီမြို့ပေါ်တွင် ဆက်လက်တပ်စွဲထားဆဲဖြစ်သည်ဟု သိရသည်။

CDF-Matupi တပ်ဖွဲ့သည် တပ်မဟာ ၁ နှင့် တပ်မဟာ – ၂ အဖြစ် နှစ်ခြမ်းကွဲခဲ့ပြီးနောက် တပ်မဟာ – ၁ သည် ချင်းညီနောင်နှင့် ပူးပေါင်းပြီး၊ တပ်မဟာ – ၂ မှာ ချင်းလဲန်းကောင်စီနှင့် ပူးပေါင်းခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.