ချင်းပြည်နယ်၊ မတူပီမြို့နယ် မတူပီ-ပလက်ဝ လမ်းမပေါ်က စစ်ကောင်စီတပ်စွဲထားသော ထယ်ဘွေးတပ်စခန်းကို ဇန်နဝါရီလ ၃ ရက်နေ့ ယနေ့ မနက်ပိုင်းကစပြီး CDF-Matupi တပ်ရင်း (၃) နှင့် တပ်ရင်း (၄) ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေသည်ဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ ဒီမနက် ၇ နာရီခွဲလောက်ကနေ စပြီးတော့ CDF-Matupi ကနေပြီး ထယ်ဘွေးတပ်စခန်းကို ဝင်ပစ်တာပါ။ လက်ရှိအချိန်ထိလည်း ဖြစ်နေသေးတယ်ဆိုတော့။ ကျွန်တော်တို့ဖက်က ထိုးစစ်ဆင်တယ်ဆိုတော့လေ သူတို့ဖက်ကတော့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့ အနေအထား ဖြစ်တယ်။” ဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။
CDF-Matupi ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေမှုပြင်းထန်သော်လည်း လက်ရှိတွင်မှု နှစ်ဘက်ထိခိုက်သေဆုံးမှုအခြေအနေကိုမှု မသိရသေးကြောင်း CDF-Matupi ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။