Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CDF-Mindat ဝံပုလွေစစ်ကြောင်းက စစ်ကောင်စီဂိတ်ကို ဝင်ရောက်တိုက်ခိုက်

CDF-Mindat ဝံပုလွေစစ်ကြောင်းက စစ်ကောင်စီဂိတ်ကို ဝင်ရောက်တိုက်ခိုက်

0
By Editor on September 21, 2022 Headline

ချင်းပြည်နယ် မင်းတပ်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့၏ မြို့အဝင်ဂိတ်ကို CDF-Mindat ဝံပုလွေစစ်ကြောင်းက ယနေ့ နံနက်ပိုင်း ၅ နာရီခွဲအချိန်ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ယင်းတိုက်ခိုက်မှုသည် စစ်ကောင်စီက မင်းတပ်မြို့တွင် ယနေ့ကျင်းပပြုလုပ်သည့် ဈေးရောင်းပွဲတော်အား ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ပြုလုပ်ခြင်းဖြစ်သည်ဟု CDF-Mindat က ထုတ်ပြန်သည်။

ဝံပုလွေစစ်ကြောင်း၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများနိုင်သည်ဟု သိရသည်။

မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ကျင်းပပြုလုပ်သော ဈေးရောင်းပွဲတော်သို့ ပြည်သူလူထုများအနေဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိရန်နှင့် မိမိတို့နေအိမ်များတွင်သာ လုံလုံခြုံခြုံနေထိုင်ကြရန်လည်း CDF-Mindat က တိုက်တွန်းနှိုးဆော်ထားသည်။

စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း ချင်းပြည်နယ် မြို့နယ်အသီးသီးတွင် ဈေးရောင်းပွဲတော်များ ကျင်းပပြုလုပ်ကာ အခြေခံစားကုန်များကို လျှော့ဈေးဖြင့် ရောင်းချပေးလျှက်ရှိပြီး ပြည်သူအပေါ် စေတနာထား၍မဟုတ်ပဲ ဟန်ပြသဘောသာ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဝေဖန်မှုများလည်းရှိနေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.