Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CDF-Thantlang က အခြေခံစစ်သင်တန်းတက်ရောက်ရန် ဖိတ်ခေါ်

CDF-Thantlang က အခြေခံစစ်သင်တန်းတက်ရောက်ရန် ဖိတ်ခေါ်

0
By Editor on February 27, 2025 Khonumthung

(004SS)

ချင်းပြည်နယ်မြောက်ပိုင်း၊ ထန်တလန်မြို့နယ်မှာ အခြေစိုက်လှုပ်ရှားနေသော CDF-Thantlang က အခြေခံ စစ်ပညာ သင်တန်း အပါတ်စဉ် (၁၁) ကို မကြာခင်ဖွင့်လှစ်မှာဖြစ်ပြီး တက်ရောက်မည့်သူများကို ဖိတ်ခေါ်နေသည်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေး၊ ချင်းပြည်သူများ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရေးအတွက် လက်တွဲပါဝင်လိုသူများ ပါဝင်နိုင်ရန် အခြေခံစစ်သင်တန်းကို ဖွင့်လှစ်မည်ဟု ဖေဖော်ဝါရီလ ၂၄ ရက်နေ့က CDF-Thantlang က ထုတ်ပြန်သည်။

“အခု Basic Military training က အပါတ်စဉ် ၁၁ အတွက် ခေါ်ယူနေတာဖြစ်တယ်။ လက်ရှိမှာ သင်တန်းအ‌ေကြာင်း မေးမြန်းတဲ့သူတွေ ရှိနေပါပြီ။ သင်တန်းမှာ အမျိုးသား/အမျိုးသမီး၊ လူမျိုး/ဘာသာမရွေး အသက် ၁၈ နှစ် ပြည့်ပြီးသူ၊ ကျန်းမာတဲ့သူ၊ စစ်ဉပဒေ လိုက်နာနိုင်မဲ့သူ၊ CDF-Thantlang မှာ အနည်းဆုံး တစ်နှစ် ပါဝင်နိုင်တဲ့သူ၊ ကျရာတာဝန် ထမ်းဆောင်ဖို့ ကတိပြုနိုင်တဲ့ ဘယ်သူမဆို ဒီသင်တန်းမှာ တက်လို့ရပါတယ်။ အမျိုးသမီးအတွက်လဲ ပါဝင်မှုအလိုက် အစီအစဉ်တွေရှိပါမယ်” ဟု CDF-Thantlang အခြေခံစစ်ပညာသင်တန်းမှ တာဝန်ရှိသူက ပြောသည်။

သင်တန်းတွင် အ‌ေခြခံစစ်ပညာများ ပို့ချပေးသွားမည့်အပြင် ချင်းအမျိုးသား တည်ဆောက်ရေး၊ နိုင်ငံရေးဆိုင်ရာ အသိပညာရပ်နှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဉပဒေများကိုလည်း ပို့ချပေးသွားမည်ဟု တာဝန်ရှိသူထံမှ သိရသည်။

CDF-Thantlang အနေဖြင့် အခြေခံပညာစစ်သင်တန်းအပြင် မွမ်းမံသင်တန်းကိုလည်း ၆ ကြိမ်အထိ ပို့ချပေးနိုင်ခဲ့ပြီဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.