Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CDM လှုပ်ရှားမှုကိုထောက်ခံပြီး ပြည်သူနှင့်အတူ ရပ်တည်သွားမည်ဟု CNF ပြော

CDM လှုပ်ရှားမှုကိုထောက်ခံပြီး ပြည်သူနှင့်အတူ ရပ်တည်သွားမည်ဟု CNF ပြော

0
By Editor on February 19, 2021 Headline

#Unicode

BY လားနွန် – တပ်မတော်စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် ဆင်နွှဲနေသည့် Civil Disobedience Movement (CDM) အပါအဝင် စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုကို ထောက်ခံအားပေးပြီး ပြည်သူလူထုနှင့်အတူ ခိုင်မာစွာရပ်တည်သွားမည်ဟု ချင်းအမျိူးသားတပ်ဦး(CNF) က မနက်ဖြန်ကျရောက်မည့် ၇၃ နှစ်မြောက်ချင်းအမျိူးသားနေ့ ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ချင်းအမျိူးသားပါတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ အခုစစ်တပ်ကနေ အာဏာယူလိုက်တာဟာ တင်းပြည့်ကျပ်ပြည့်မဟုတ်သေးတဲ့ ၇၅ ရာခိုင်နှုန်းသော အရပ်ဘက်အုပ်ချုပ်တဲ့ ဒီမိုကရေစီ နောက်ပြန်လှည့်သွား တယ်လို့ ဆိုရမှာပဲ၊ အဲဒါကို ဝန်ထမ်းတွေအပါအဝင်ပြည်သူလူထုအလွှာပေါင်းစုံကနေ မလိုးလားဘူး နည်းမျိူးစုံနဲ့ဆန္ဒဖော်ထုတ်ကြ တယ်၊ CNF ကလည်း ပြည်သူ့ဆန္ဒနဲ့တထပ်တည်းရှိပါတယ်’’ ဟု ပြောသည်။

ယခုလက်ရှိတွင် ချင်းပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ သမိုင်းဝင်မည့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလူထုလှုပ် ရှားမှုကြီးဖြစ်ပေါ်လျက်ရှိပြီး အဆိုပါလှုပ်ရှားမှုတွင် ပြည်တွင်းပြည်ပရှိ ချင်းအမျိူးသားများ၏ စုပေါင်းဆောင်ရွက်မှုမှာ အားရ ကျေနပ်ဖွယ်ကောင်းလှကြောင်း ချင်းပြည်နှင့် ပြည်ထောင်စုလွပ်လပ်မှုအတွက် တက်ညီလက်ညီစုပေါင်းဆောင်ရွက်ခြင်းကို ချီးကျူးဂုဏ်ပြုသည်ဟု CNF ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

ယခုကာလသည် ချင်းလူမျိုးတို့၏ နိုင်ငံရေးလိုလားချက်များဖြစ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့် ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီစနစ်တို့အတွက် နိုင်ငံရေးအဆုံးအဖြတ် ပြုလုပ်မည့် အချိန်ကာလဖြစ်ပြီး ချင်းတို့၏ ကံကြမ္မာကို ချင်းတို့ကိ်ုယ်တိုင် ဆုံးဖြတ်စီမံနိုင်ရေးအတွက် ချင်းအမျိုးသားရေးအသိနှင့် ချင်းမျိုးချစ်စိတ်ဓာတ်ကို အမြင့်ဆုုံးသို့ မြှင့်တင့်ပြီး မိမိတို့၏ စုပေါင်းအင်အားကို ညီညွတ်မှုဖြင့် တည်ဆောက်ကြရမည်ဟု CNF က တိုက်တွန်းထားသည်။

ထို့အပြင် စစ်အာဏာသိမ်းမှုအား ငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒဖော်ထုတ်နေကြသည့်ပြည်သူများအား ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်နှိမ်နှင်းခြင်းမပြုရန် မြန်မာ့တပ်မတော်နှင့် မြန်မာ့ရဲတပ်ဖွဲ့အားအလေးအနက် တောင်းဆိုကြောင်း ၎င်းတို့၏ ကြေညာချက်တွင်ထည့်သွင်းဖော်ပြထားသည်။

#Zawgyi

BY လားနွန် – တပ်မတော်စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် ဆင်နွှဲနေသည့် Civil Disobedience Movement (CDM) အပါအ၀င် စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုကို ထောက်ခံအားပေးပြီး ပြည်သူလူထုနှင့်အတူ ခိုင်မာစွာရပ်တည်သွားမည်ဟု ချင်းအမျိုးသားတပ်ဦး(CNF) က မနက်ဖြန်ကျရောက်မည့် ၇၃ နှစ်မြောက်ချင်းအမျိုးသားနေ့ ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ချင်းအမျိုးသားပါတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ အခုစစ်တပ်ကနေ အာဏာယူလိုက်တာဟာ တင်းပြည့်ကျပ်ပြည့်မဟုတ်သေးတဲ့ ၇၅ ရာခိုင်နှုန်းသော အရပ်ဘက်အုပ်ချုပ်တဲ့ ဒီမိုကရေစီ နောက်ပြန်လှည့်သွား တယ်လို့ ဆိုရမှာပဲ၊ အဲဒါကို ၀န်ထမ်းတွေအပါအ၀င်ပြည်သူလူထုအလွှာပေါင်းစုံကနေ မလိုးလားဘူး နည်းမျိုးစုံနဲ့ဆန္ဒဖော်ထုတ်ကြ တယ်၊ CNF ကလည်း ပြည်သူ့ဆန္ဒနဲ့တထပ်တည်းရှိပါတယ်’’ ဟု ပြောသည်။

ယခုလက်ရှိတွင် ချင်းပြည်နယ်အပါအ၀င် မြန်မာတစ်နိုင်ငံလုံးမှာ သမိုင်းဝင်မည့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလူထုလှုပ် ရှားမှုကြီးဖြစ်ပေါ်လျက်ရှိပြီး အဆိုပါလှုပ်ရှားမှုတွင် ပြည်တွင်းပြည်ပရှိ ချင်းအမျိုးသားများ၏ စုပေါင်းဆောင်ရွက်မှုမှာ အားရ ကျေနပ်ဖွယ်ကောင်းလှကြောင်း ချင်းပြည်နှင့် ပြည်ထောင်စုလွပ်လပ်မှုအတွက် တက်ညီလက်ညီစုပေါင်းဆောင်ရွက်ခြင်းကို ချီးကျူးဂုဏ်ပြုသည်ဟု CNF ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

ယခုကာလသည် ချင်းလူမျိုးတို့၏ နိုင်ငံရေးလိုလားချက်များဖြစ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့် ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီစနစ်တို့အတွက် နိုင်ငံရေးအဆုံးအဖြတ် ပြုလုပ်မည့် အချိန်ကာလဖြစ်ပြီး ချင်းတို့၏ ကံကြမ္မာကို ချင်းတို့ကိုယ်တိုင် ဆုံးဖြတ်စီမံနိုင်ရေးအတွက် ချင်းအမျိုးသားရေးအသိနှင့် ချင်းမျိုးချစ်စိတ်ဓာတ်ကို အမြင့်ဆုံးသို့ မြှင့်တင့်ပြီး မိမိတို့၏ စုပေါင်းအင်အားကို ညီညွတ်မှုဖြင့် တည်ဆောက်ကြရမည်ဟု CNF က တိုက်တွန်းထားသည်။


Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

နှာရိန်မြို့တွင် ဝက် (၁၁) ကောင်အထိ သေဆုံးမှုရှိလာ၍ ဝက်ရောဂါသံသယဖြစ်ပွားမှုအဆင့်အဖြစ် သတ်မှတ်ကြေညာ

ပြည်တွင်းပြည်ပနိုင်ငံများသို့ တရားမဝင်လူပို့သည်ဆိုသော စွဲချက်ဖြင့် အမျိုးသမီးတစ်စုကို ULA/AA ထောက်လှမ်းရေးက ကျင်ဒွေးမှာ စီးနင်းဖမ်းဆီး

ချင်းပြည်၊ မြို့နယ်နှင့် တရားရုံးများက အမှုပေါင်း ၆၄၀ ကျော်ကို စစ်ဆေးစီရင်နိုင်ခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

September 9, 2026

နှာရိန်မြို့တွင် ဝက် (၁၁) ကောင်အထိ သေဆုံးမှုရှိလာ၍ ဝက်ရောဂါသံသယဖြစ်ပွားမှုအဆင့်အဖြစ် သတ်မှတ်ကြေညာ

September 8, 2026

ပြည်တွင်းပြည်ပနိုင်ငံများသို့ တရားမဝင်လူပို့သည်ဆိုသော စွဲချက်ဖြင့် အမျိုးသမီးတစ်စုကို ULA/AA ထောက်လှမ်းရေးက ကျင်ဒွေးမှာ စီးနင်းဖမ်းဆီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.