Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CNA က ဖမ်းဆီးထားသော YDF ရဲဘော် ၂ ဦး ယနေ့ ပြန်လွတ်လာ

CNA က ဖမ်းဆီးထားသော YDF ရဲဘော် ၂ ဦး ယနေ့ ပြန်လွတ်လာ

0
By Editor on July 12, 2024 Khonumthung

(006SV)

ချင်း- မကွေးတိုင်းနယ်စပ်တစ်နေရာတွင် ချင်းအမျိုးသားတပ်ဦး CNF/CNA က ဖမ်းဆီးထားသော YDF ရဲဘော် ၂ ဦးသည် ယနေ့ ဇူလိုင် ၁၂ ရက်နေ့တွင် ပြန်လွတ်လာပြီးဖြစ်ကြောင်း ယောကာကွယ်ရေးတပ် – YDF တာဝန်ခံက ပြောသည်။

“ဒီနေ့ ပြန်လွှတ်ပါတယ်။ ကျနော်တို့ဆီကိုတော့ ရောက်မလာသေးပါဘူး။ သူတို့နဲ့ အဆက်အသွယ်က ရထားပါပြီ။ ကျနော်တို့ ထပ်မံ ဆွေးနွေးမှုတွေကတော့ မရှိသေးပါဘူး။ ရဲဘော်တွေ ပြန်ရောက်မှ ဘာတွေ တွေ့ကြုံရသလဲဆိုတာ သိမှ အသေးစိတ် ဖြေပေးဖို့ အဆင်ပြေပါမယ်” ဟု ယောကာကွယ်ရေးတပ် – YDF တာဝန်ခံက ပြောသည်။

ဇူလိုင်လ ၇ ရက်က ချင်းပြည်နယ်၊ မတူပီမြို့နယ်နှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တို့၏ နယ်စပ်ကျေးရွာဖြစ်သည့် ရောင်နက်ကျေးရွာတွင် ယောကာကွယ်ရေးတပ်- YDF မှ ရဲဘော် ၂ ဦးတို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့ CNF/ CNA မေးမြန်းစရာရှိသည်ဟူ၍ ဖမ်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယောကာကွယ်ရေးတပ်- YDF မှ ထောက်ပိုမှူး ရဲဘော် ကိုအုပ်သိမ်းနှင့် ထောက်ပို့ဌာနအဖွဲ့ဝင် ရဲဘော် ကိုအောင်သက်ခိုင်တို့သည် ဖမ်းဆီးခံရပြီး ၆ ရက်အကြာ ယနေ့ ဇူလိုင်လ ၁၂ ရက်တွင် ပြန်လွှတ်လာခြင်းဖြစ်သည်။

ဇူလိုင် ၇ ရက်က YDF မှ ရဲဘော် ၂ ဦးတို့ ဖမ်းဆီးခံရပြီး နောက်တစ်ရက်တွင် ချင်းပြည်နယ်မြောက်ပိုင်း၊ ဟားခါးမြို့နှင့် မကွေး တိုင်း၊ ဂန့်ဂေါမြို့နယ်တို့ကို ဆက်သွယ်ထားသော ပြည်ထောင်စု လမ်းမကို လုံခြုံးရေးအကြောင်းပြချက်ဖြင့် YDF က ယနေ့အထိ ပိတ်ထားကြောင်း သိရသည်။

ဂန့်ဂေါမြောက်ဘက်၊ စိုင်ဒူးကျေးရွာနားက ဟားခါးလမ်းခွဲနေရာတွင် ယနေ့အထိ ကားအစီးရေ ၇၀ ကျော်ခန့် ပတ်မိနေပြီး ကုန်စည်စီးဆင်းမှုများ ရပ်တန့်နေကြောင်း ဒေသခံများက ပြောသည်။

YDF ရဲဘော် ၂ ဦးတို့ စခန်းကို ပြန်ရောက်ပါက ကားလမ်းများ ပြန်ပွင့်သွားလိမ့်မည်ဖြစ်ကြောင်း၊ ရဲဘော် ၂ ဦးသည် လက်ရှိတွင် အလာလမ်းခရီးမှာ ရှိနေပြီးဖြစ်ကြောင်း YDF တာဝန်ခံက ယနေ့မှာ ခိုနူမ်းသုန်ကို ပြောသည်။

ချင်းအမျိုးသားတပ်မတော် CNA စစ်ဦးစီးချုပ်နှင့် ယောကာကွယ်ရေးတပ် – YDF တို့ကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် ဇူလိုင် ၁၁ ရက်တွင် ပြန်လွှတ်ရန် စီစဉ်ခဲ့သော်လည်း အဆင်မပြေမှုများကြောင့် ယနေ့တွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယောကာကွယ်ရေးတပ် – YDF သည် မတူပီမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်၊ အာရက္ခတပ်တော် (AA/ULA)၊ Yaw Army တို့နှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့သော ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.