Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CNDF နှင့် CDF-Hualngoram ပဋိပက္ခကို ငြိမ်းချမ်းသော နည်းဖြင့် အဖြေရှာကြရန် CC နှင့် CB တိုက်တွန်း

CNDF နှင့် CDF-Hualngoram ပဋိပက္ခကို ငြိမ်းချမ်းသော နည်းဖြင့် အဖြေရှာကြရန် CC နှင့် CB တိုက်တွန်း

0
By Editor on July 4, 2025 Headline

ယင်းပဋိပက္ခက လက်ရှိ ချင်းအမျိုးသားကောင်စီ ပေါ်ပေါက်လာရေး လုပ်ငန်းစဉ်ကို ရပ်တန့်စေနိုင်ဟုဆို

(006SV)

ဖလမ်းမြို့နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ်များဖြစ်သော CNO/ CNDF နှင့် HPO/CDF-Hualngoram ပဋိပက္ခကို စစ်ရေးနည်းဖြင့် မဖြေရှင်းသင့်ဘဲ အချင်းချင်းတွေ့ဆုံပြီး ငြိမ်းချမ်းသောနည်းဖြင့် အဖြေရှာကြရန် ချင်းလဲန်းကောင်စီ (CC) နှင့် ချင်းညီနောင်အဖွဲ့ (CB) က တိုက်တွန်းကြောင်း ကြေညာသည်။

ဘုံရန်သူစစ်ကောင်စီကို ချင်းပြည်မှ အပြီးတိုင် ပူးပေါင်းတိုက်ထုတ်ရမည့် အချိန်ဖြစ်၍ နှစ်ဖွဲ့ကြားတင်းမာမှုများကို စစ်ရေးနည်းဖြင့် ဖြေရှင်းဆောင်ရွက်ခြင်း မပြုလုပ်သင့်ဘဲ မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ငြိမ်းချမ်းသော နည်းလမ်းဖြင့်သာ ဖြေရှင်းဆောင်ရွက်ရမည်ဟု ချင်းပြည်ကောင်စီက ဇူလိုင်လ ၃ ရက်မှာ ထုတ်ပြန်သည်။

လူမျိုးနွယ်စု ဒေသ/ နယ်မြေအရေးကို တော်လှန်ရေးကာလအလွန်တွင်သာ နိုင်ငံရေးအရ ဖြေရှင်းအဖြေရှာရန် လိုလားသည်ဟု ချင်းပြည်ကောင်စီက ဆိုသည်။

နှစ်ဖက်အဖွဲ့အစည်းမှ ခေါင်းဆောင်များအနေဖြင့် ပြန်လည်ချေဖျက်မရသည့် ချင်းလူမျိုးအချင်းချင်းကြား ကြီးမားသော စစ်ရေးပဋိပက္ခများကို မဖန်တီးဘဲ မိမိတို့၏ နယ်မြေများကို အပြန်အလှန် အသိအမှတ်ပြု၍ စစ်ရေးပြင်ဆင်မှုများကို ချက်ချင်းရပ်တန့်ပြီး မိမိနယ်မြေ၏ တပ်စခန်းများတွင်သာ ပြန်လည်နေရာယူကြရန် ချင်းပြည်ကောင်စီက တိုက်တွန်းသည်။

လက်ရှိဖြစ်ပွားနေသော CNO/CNDF မှ HPO/CDF – ဟွာငိုရမ်နယ်မြေများအတွင်း ထိုးစစ်ဆင်နေမှုသည် ချင်းအမျိုးသား တည်ဆောက်ရေး၊ ချင်းပြည်တည်ဆောက်ရေးအတွက် အဟန့်အတားတစ်ရပ်ဖြစ်ပြီး လက်ရှိဖော်ဆောင်နေသော ချင်းအမျိုး သားကောင်စီ ပေါ်ပေါက်လာရေး လုပ်ငန်းစဉ်ကို ရပ်တန့်သွားစေနိုင်သော လုပ်ရပ်ဖြစ်သည်ဟု ချင်းလဲန်းကောင်စီက ကြေညာသည်။

ချင်းညီနောင်အဖွဲ့အနေဖြင့်လည်း ဖလမ်းမြို့နယ်အတွင်း လက်ရှိဖြစ်ပွားနေသော ပဋိပက္ခကို ပါဝင်ပတ်သက်ခြင်း ပြုမည်မဟုတ်ဘဲ နှစ်ဖက်အဖွဲ့များသည် စစ်အာဏာရှင်ကို တိုက်ထုတ်နေသော ရည်မှန်းချက်တူသည့် ချင်းတော်လှန်ရေး အဖွဲ့အစည်းများဖြစ်၍ အချင်းချင်းတွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းသော နည်းဖြင့် အဖြေရှာကြရန် ဇူလိုင်လ ၃ ရက်က တိုက်တွန်းထုတ်ပြန်သည်။

ချင်းတော်လှန်ရေးလက်နက်ကိုင် အချင်းချင်းကြား အငြင်းပွားမှုကို တွေ့ဆုံဆွေးနွေး၍ ညှိနှိုင်းဖြေရှင်းရေးကိုသာ ချင်းညီနောင် အဖြင့် အစဉ်တစိုက်လက်ကိုင်ထားသည်ဟု ဆိုသည်။

CNO/CNDF နှင့် HPO/CDF – ဟွာငိုရမ်နယ်တို့အကြား လက်ရှိ ပဋိပက္ခအပေါ် အခြားပြင်ပတော်လှန်ရေး လက်နက်ကိုင်အဖွဲ့ အစည်းများမှ စစ်ရေးအရ ဝင်ရောက်စွက်ဖက် ပတ်သက်ခြင်းကို ရှောင်ရှားကြရန် ချင်းညီနောင်အဖွဲ့က အသိပေးထုတ်ပြန်သည်။

အခြားပြင်ပတော်လှန်ရေးလက်နက်ကိုင်အဖွဲ့များမှ ဝင်ရောက်ပတ်သက်ခြင်းသည် လက်ရှိပဋိပက္ခကို ပိုဆိုးရွာစေနိုင်ပြီး သွေးထွက်သံယိုမှု ပိုမိုများပြားသော အခြေအနေကို ဦးတည်စေနိုင်သည်ဟု ဆိုသည်။

သက်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေးနည်းလမ်းဖြင့်မဟုတ်ဘဲ စစ်ရေးအကူအညီဖြင့် ပါဝင်လာပါက မိမိတို့ ချင်းညီနောင်အနေဖြင့်လည်း CNO/CNDF နှင့်အတူ မားမားမတ်မတ် ရပ်တည်သွားမည်ဟု ချင်းညီနောင်အဖွဲ့က ကြေညာသည်။

CNO/CNDF နှင့် HPO/CDF – Hualngoram တပ်ဖွဲ့တို့သည် ဇူလိုင်လ ၂ ရက်က ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီး HPO/CDF – Hualngoram တပ်ဖွဲ့ဝင်တချို့ကို CNO/CNDF က ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သိရသည်။

CNO/CNDF သည် ချင်းကာကွယ်ရေးတပ်ဖွဲ့ ၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ICNCC၊ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်ပြီး HPO/CDF – ဟွာငိုရမ်တပ်ဖွဲ့သည် ချင်းကာကွယ်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင်ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.