Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CNF ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး Biak Ling ကွယ်လွန်မှုအပေါ် KIO က ဝမ်းနည်းကြောင်းသဝဏ်လွှာပို့
ဓာတ်ပုံ - VOC

CNF ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး Biak Ling ကွယ်လွန်မှုအပေါ် KIO က ဝမ်းနည်းကြောင်းသဝဏ်လွှာပို့

0
By Editor on June 23, 2025 Khonumthung

ချင်းအမျိုးသားတပ်ဦး CNF ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး Biak Ling ကွယ်လွန်မှုအပေါ် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ကြောင်း သိရသည်။

မပြီးဆုံးသေးသော တော်လှန်ရေးခရီးစဉ်အတွင်း ဝါရင့်တော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်သော ဗိုလ်မှူးကြီး Biak Ling ကွယ်လွန်ခြင်းသည် ချင်းအမျိုးသားတပ်ဦး CNF အတွက် ဆုံးရှုံးမှုကြီးတရပ်ဖြစ်သကဲ့သို့ KIO မှလည်း တန်ဖိုးရှိသော ခေါင်းဆောင်တပ်မှူးတစ်ဦး ဆုံးရှုံးရခြင်းအဖြစ် အလေးအနက်ခံယူပြီး ဦးညွှတ်ဂုဏ်ပြုကြောင်း ယနေ့ဇွန်လ ၂၃ ရက်နေ့တွင် KIO ဗဟိုကော်မတီက ပေးပို့သော သဝဏ်လွှာတွင်ဖော်ပြထား သည်။

ဗိုလ်မှူးကြီး Biak Ling သည် အရေးကြီးသောတော်လှန်ရေးတာဝန်များကို ဦးထိပ်ထား ကာ ကိုယ်ကျိုးစွန့်အနစ်နာခံ ကြိုးစားသွားခဲ့ခြင်းအပေါ် KIO ဗဟိုကော်မတီနှင့်တကွ KIO တပ်ဖွဲ့ဝင်များက လေးစားဂုဏ်ယူ ဂါရဝပြုအပ်ကြောင်း ဖော်ပြသည်။

အသက် ၆၂ နှစ်အရွယ်ရှိသော ဗိုလ်မှူးကြီး Biak Liang ကွယ်လွန်သွားမှုအပေါ် KIO ဗဟိုကော်မတီအနေဖြင့် ဝမ်းနည်းကြေကွဲနှမြောတသဖြစ်ရပြီး ကျစ်ရစ်သူမိသားစုဝင်များနှင့် ချင်းအမျိုးသားတပ်ဦး CNF မှ တပ်ဗိုလ်တပ်မှူးများ၊ တပ်ဖွဲ့ဝင်များနှင့်အတူ ထပ်တူထပ်မျှခံစားရကြောင်း KIO က ဆိုသည်။

ဗိုလ်မှူးကြီး Biak Ling သည် ချင်းအမျိုးသားတပ်ဦး CNF/CNA စတင်တည်ထောင်ချိန်ကစ၍ ပါဝင်ခဲ့သူတစ်ဦး ဖြစ်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA တပ်ဖွဲ့ထံ စစ်သင်တန်းတက်ရောက်ကာ ချင်းအမျိုးသားတပ်ဦး CNF/CNA တွင် တိုင်းပြည်နှင့်လူမျိုးအတွက် ကွယ်လွန်ချိန်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဗိုလ်မှူးကြီး Biak Ling သည် ကျန်းမာရေးအခြေအနေကြောင့် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ဆေးဝါးကုသမှု ခံယူနေစဉ် ဇွန်လ ၂၂ ရက်နေ့က ကွယ်လွန်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.