Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CNF အခြေချနယ်မြေအတွင်း မဲဆွယ်စည်းရုံးရေးပြုလုပ်လိုပါက ကြိုတင် ခွင့်ပြုချက်တောင်းရမည်
CNF အခြေချနယ်မြေအတွင်း မဲဆွယ်စည်းရုံးရေးပြုလုပ်လိုပါက ကြိုတင် ခွင့်ပြုချက်တောင်းရမည်
0
By Editor on September 25, 2020 Headline
#Unicode
၂၀၂၀ ခုနှစ်ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း များအနေဖြင့် ချင်းအမျိူးသားတပ်ဦး (CNF) အခြေချနယ်မြေများအတွင်း မဲဆွယ်စည်းရုံးရေးပြုလုပ်မည်ဆိုပါက ကြိုတင်ခွင့်ပြုချက် တောင်းခံရမည်ဟု CNF ကပြောဆိုလိုက်သည်။
ချင်းအမျိူးသားတပ်ဦး (CNF) အနေဖြင့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲအပေါ် ကြိုဆိုကြောင်း ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားနေသည့် ကာလဖြစ်နေသည့်အတွက် မိမိတို့အခြေချရာ နယ်မြေများအတွင်း မဲဆွယ်စည်းရုံးရေးပြုလုပ်ကြမည်ဆိုပါက ကြိုတင်ခွင့်ပြုချက်တောင်းခံရမည်ဟု စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်သော CNF ၏ ရွေးကောက်ပွဲဆိုင်ရာ ကြေညာချက်တွင်ဖော်ပြထားသည်။
CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “အဓိက ကတော့ CNF အခြေချ နယ်မြေမှာ COVID-19 ရောဂါ ကြိုတင် ကာကွယ်တားဆီးရေးအတွက်ပါ၊ ပြီးတော့ ဒေသခံပြည်သူတချို့ရဲ့ တောင်းဆိုချက်လည်းပါတာပေါ့။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှှင်မှ ထုတ်ပြန်ထားတဲ့ COVID-19 ဆိုင်ရာ လမ်းညွန်ချက်နဲ့အညီ အကောင်းဆုံးဆောင်ရွက်စေချင်တယ်။ ယခုလည်း Chin National Party ကနေ မဲဆွယ်စည်းရုံးရေးအတွက် ကောင်းကောင်းမွန်မွန် ချိတ်ဆက်လာပါတယ်” ဟု ပြောသည်။
ချင်းပြည်နယ်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့် လူပုဂ္ဂိုလ်တစ်ချိူ့တို့က CNF ၏ စာတမ်းများ၊ သဘောထားများကို ထပ်ဆင့်ကူယူပြောဆိုရေးသား ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် လိုရာဆွဲအသုံးမှုများရှိနေသည်ဟုလည်း ဆလိုင်းထက်နီကဆက်ပြောသည်။
“ CNF ရဲ့ သဘောထား၊ စာတမ်းတွေထဲက မိမိအသုံးချလိုတဲ့စကားလုံး၊ အင်တာဗျုးတွေကို ထပ်ဆင့် ကူးယူကောက်ဆွဲပြီး အသုံးချတာတွေတွေ့ရတယ်။ CNF အနေနဲ့ မိမိတို့ သဘောထား စာတမ်းကြောင့် ချင်းပြည်နယ်အတွင်း နိုင်ငံရေးပါတီတွေ အကြားသော်လည်းကောင်း၊ ပုဂ္ဂိုလ်အချင်းချင်းကြားသော်လည်း ထိခိုက်ပုတ်ခတ်တာမျိုးတွေ လုံးဝမဖြစ်စေချင်ဘူး။ အမှန်တော့ လူဦးရေအရ အင်မတန်မှနည်းလွန်းတဲ့ ချင်းပြည်သူအချင်းချင်း အကြားအပြန်အလှန် နားလည်မှု၊ အပြန်အလှန် လေးစားမှုရှိရှိနဲ့ လုပ်စေချင်တယ်” ဟု ဆလိုင်းထက်နီကပြောသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ဒီမိုကရေစီကျင့်စဉ်နှင့်အညီ လွတ်လပ်၍ သန့်ရှင်းပြီး တရားမျှတစွာ ကျင်းပကြရန်လည်း CNF က တိုက်တွန်းနှိုးဆော်ချက်လည်း ပါဝင်သည်။
ချင်းအမျိူးသားတပ်ဦး (CNF) နှင့် အစိုးရအဖွဲ့တို့ ၂၀၁၂ ခုနှစ်က ချူပ်ဆိုခဲ့ကြသော ပဏာမ အပစ်အခတ်ရပ်စဲရေးစာ ချူပ်တွင် ချင်းအမျိူးသားတပ်မတော် (CNA) ကို ချင်းပြည်နယ် ထန်တလန်မြို့နယ်၊ တီးတိန်မြို့နယ်နှင့် ပလက်ဝမြို့နယ်တွင် အခြေချရန်သဘောတူခဲ့ကြသော်လည်း ထန်တလန်နှင့် တီးတိန်မြို့နယ်တွင်သာ အခြေချခဲ့ကြသည်။
ပလက်ဝမြို့နယ်တွင် ယနေ့ချိန်ထိ ချင်းအမျိူးသားတပ်မေ တာ်တပ်သားများ အခြေချခွင့်မရှိသေးပေ။
#Zawgyi
၂၀၂၀ ခုနှစ်ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း များအနေဖြင့် ချင်းအမျိုးသားတပ်ဦး (CNF) အခြေချနယ်မြေများအတွင်း မဲဆွယ်စည်းရုံးရေးပြုလုပ်မည်ဆိုပါက ကြိုတင်ခွင့်ပြုချက် တောင်းခံရမည်ဟု CNF ကပြောဆိုလိုက်သည်။
ချင်းအမျိုးသားတပ်ဦး (CNF) အနေဖြင့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲအပေါ် ကြိုဆိုကြောင်း ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားနေသည့် ကာလဖြစ်နေသည့်အတွက် မိမိတို့အခြေချရာ နယ်မြေများအတွင်း မဲဆွယ်စည်းရုံးရေးပြုလုပ်ကြမည်ဆိုပါက ကြိုတင်ခွင့်ပြုချက်တောင်းခံရမည်ဟု စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်သော CNF ၏ ရွေးကောက်ပွဲဆိုင်ရာ ကြေညာချက်တွင်ဖော်ပြထားသည်။
ချင်းပြည်နယ်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့် လူပုဂ္ဂိုလ်တစ်ချို့တို့က CNF ၏ စာတမ်းများ၊ သဘောထားများကို ထပ်ဆင့်ကူယူပြောဆိုရေးသား ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် လိုရာဆွဲအသုံးမှုများရှိနေသည်ဟုလည်း ဆလိုင်းထက်နီကဆက်ပြောသည်။
ချင်းအမျိုးသားတပ်ဦး (CNF) နှင့် အစိုးရအဖွဲ့တို့ ၂၀၁၂ ခုနှစ်က ချူပ်ဆိုခဲ့ကြသော ပဏာမ အပစ်အခတ်ရပ်စဲရေးစာ ချူပ်တွင် ချင်းအမျိုးသားတပ်မတော် (CNA) ကို ချင်းပြည်နယ် ထန်တလန်မြို့နယ်၊ တီးတိန်မြို့နယ်နှင့် ပလက်ဝမြို့နယ်တွင် အခြေချရန်သဘောတူခဲ့ကြသော်လည်း ထန်တလန်နှင့် တီးတိန်မြို့နယ်တွင်သာ အခြေချခဲ့ကြသည်။
ပလက်ဝမြို့နယ်တွင် ယနေ့ချိန်ထိ ချင်းအမျိုးသားတပ်မေ တ်ာတပ်သားများ အခြေချခွင့်မရှိသေးပေ။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website
Related Posts
ဟားခါးမြို့နယ်က လူငယ်များအားလုံး အရံတပ်ဖွဲ့သင်တန်းတက်ရောက်ရန် CDF-Hakha ထုတ်ပြန်
CNDF နှင့် CDF-Hualngoram ပဋိပက္ခကို ငြိမ်းချမ်းသော နည်းဖြင့် အဖြေရှာကြရန် CC နှင့် CB တိုက်တွန်း
CNO/CNDF နှင့် CDF-Hualngoram တို့ အပြန်အလှန်ပစ်ခတ်နေမှုကို နိုင်ငံရေးအရ အဖြေရှာသင့်ဟုဆို
Leave A Reply Cancel Reply
The reCAPTCHA verification period has expired. Please reload the page.
  • Featured Article
June 30, 2025
“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”
June 30, 2025
“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”
June 28, 2025
ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ
May 30, 2025
“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”
Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.
Type above and press Enter to search. Press Esc to cancel.