Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

0
By Editor on July 17, 2026 Khonumthung

(006SV)

ချင်းအမျိုးသားတပ်ဦး (CNF/ CNA) ဌာနချုပ်နှင့် အနီးဆုံးမှာ တည်ရှိသော ချင်းပြည်မြောက်ပိုင်းရှိ၊ ထန်တလန်မြို့နှင့် အနီးဝန်းကျင်ဒေသတစ်ဝိုက်ကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း အာဏာသိမ်း စစ်တပ်အစိုးရက ကြေညာလိုက်သည်။

ဟားခါး- ထန်တလန်လမ်းကြောင်းမှတဆင့် ထန်တလန်မြို့ကို စစ်အင်အားများ ဖြည့်တင်း၍ အင်အားအလုံးအရင်းဖြင့် တစ်လကျော်ကြာ ထိုးစစ်ဆင်ပြီးနောက် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်ဟု စစ်အစိုးရ၏ ပြန်ကြားရေးက ဇူလိုင်လ ၁၆ ရက်မှာ ထုတ်ပြန်သည်။

ထန်တလန်မြို့ကို ပြန်သိမ်းနိုင်ရေးအတွက် ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ပြီးနောက် ဇွန်လ ၁၂ ရက်မှာ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇွန်လ ၁၃ ရက်မှာ ထန်တလန်မြို့နယ်ရဲစခန်း၊ ဇွန်လ ၁၉ ရက်မှာ အမှတ် ၃ မူလတန်းကျောင်းနေရာ၊ ဇူလိုင်လ ၅ ရက်မှာ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းနေရာ တို့ကို သိမ်းယူနိုင်ခဲ့သည်ဟု စစ်တပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင်လ ၈ ရက်မှာ ထန်တလန်ပြည်သူ့ဆေးရုံး နေရာ၊ ဇူလိုင်လ ၁၂ ရက်မှာ မြို့နယ်မီးသတ်ရုံးနေရာ၊ ဇူလိုင်လ ၁၅ ရက်မှာ ဟိုတယ်ဇုန်နေရာတို့ကို သိမ်းပိုက်ပြီးနောက် ထန်တလန်မြို့နှင့် အနီးဝန်းကျင်ဒေသများကို အလုံးစုံ ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်ဟု စစ်တပ်က ဝါဒဖြန့်သည်။

အာဏာသိမ်းစစ်တပ်က ထန်တလန်မြို့ကို ပြန်သိမ်းနိုင်သည့်အတွက် ချင်းပြည်နယ်မြောက်ပိုင်းရှိ ရိခေါ်ဒါရ်မြို့နှင့် ကျီခါးမြို့မှလွဲ၍ ဟားခါး၊ တီးတိန်၊ ဖလမ်း၊ တွန်းဇံမြို့အားလုံးကို ပြန်ထိန်းချုပ်သွားနိုင်သည့် အနေအထားမျိုး ဖြစ်သွားပြီဟု စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

“ထန်တလန်မြို့ကို ဇွန်လ ၉ ရက်ကတည်းက တပ်မ ၇၇ ရဲ့ နည်းဗျူဟာတစ်ခု စဝင်တယ်။ အခုတလကျော်လောက်မှပဲ ထန်တလန်မြို့ပေါ် ကွက်ကွက်ကို ထိန်းချုပ်နိုင်တယ်ဆိုပြီး ကြေညာတဲ့ အနေအထားမျိုး တွေ့ရတယ်။ အရင်ကတည်းက ထန်တလန်မှာ စစ်ကြောင်းတချို့ ရှိနေတယ်။ ထန်တလန်မှာ စစ်တပ်က လက်လွတ်ထားရတယ် ဆိုပေမယ့် အပြည့်အဝ လက်လွှတ်ထားရတာ မဟုတ်ဘူး။ သူတို့ စစ်ကြောင်းတွေ မြို့ပေါ်မှာ နဂိုကတည်းက ရှိတယ်။ အခု သူတို့အနေအထားက ဟားခါး၊ ထန်တလန်လမ်းပိုင်းကို ထိန်းချုပ်သွားနိုင်တဲ့ အနေအထားမျိုး၊ အခုခါမှ ထန်တလန်ကို သိမ်းလိုက်တယ်လို့ ဆိုတာပေါ့နော်” ဟု စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

၂၀၂၃ ဖေဖော်ဝါရီလက ထန်တလန်မြို့ကို ချင်းတော်လှန်ရေးတပ်များက ထိုးစစ်ဆင်ခဲ့ရာ စစ်တပ်သည် ၎င်း၏ အခြေစိုက်စခန်းများကို လက်လွှတ်ခဲ့ရပြီး မြို့ကို တော်လှန်ရေးပူးပေါင်းတပ်က ထိန်းချုပ်နိုင်ခဲ့သည်၊ ၈ လန့်အကြာ အောက်တိုဘာလ ၂၉ ရက်တွင် ထန်တလန်မြို့အဓိက စခန်းကုန်းနေရာများကို စစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဇူလိုင်လမှာ ချင်းတော်လှန်ရေးတပ်များက ထန်တလန်မြို့ကို အလုံးစုံထိန်းချုပ်နိုင်ရေးအတွက် ထိုးစစ်ဆင်ခဲ့ပြန်ရာ မြို့ပေါ်ရှိ အဓိက စစ်တပ်၏ စခန်းကုန်းနေရာများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး နှစ်ဖက်စစ်မျက်နှာဆိုင်ထားကာ မြို့ပေါ်တွင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားနေခဲ့သည်ဟု စစ်တပ်၏ ထုတ်ပြန်ချက်များအရ သိရသည်။

၂၀၂၁ စစ်အာဏာသိမ်းချိန်မှစတင်၍ လက်နက်ကိုင်တော်လှန်ရေး အားကောင်းခဲ့သော ထန်တလန်မြို့သည် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား မြို့သိမ်းနိုင်ရေးအတွက် အပြန်အလှန် ထိုးစစ်ဆင်သိမ်းနေခဲ့သည့် မြို့ဖြစ်ပါသည်။

ထန်တလန်မြို့ပေါ်ရှိ လူနေအိမ်အပါအဝင် ဘာသာရေးအဆောက်အအုံများ၊ အရပ်ဖက်ဌာနအဆောက်အဦးများကို ချင်းတော်လှန်ရေးတပ်များက ဖျက်စီးသည်ဟူ၍ စစ်တပ်က ဝါဒဖြန့်နေသော်လည်း ထန်တလန် နှစ်ခြင်းဘုရား ကျောင်းကြီးအပါအဝင် မြို့ပေါ်ရှိ နေအိမ်နှင့် အဆောက်အဦး ထောင်ချီကို စစ်တပ်က မီးတင်ရှို့ခဲ့သည်ကို သက်သေအထောက်အထားများအရ သိရသည်။

၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်က အင်အား ၃၀၀ မှ ၄၀၀ ခန့်ကြား ရှိသော စစ်တပ်စစ်ကြောင်းသည် ဟားခါးမြို့မှ ထန်တလန်မြို့သို့ စစ်ကြောင်းထိုးလာရာ ချင်းတော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ဇွန်လ ၉ ရက်မှာ ထန်တလန်မြို့တွင်းသို့ ဝင်ရောက်နိုင်ခဲ့သည်ဟု ချင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ဇွန်လ ၁၀ ရက်မှ စတင်၍ ချင်းတော်လှန်ရေးတပ်ဖွဲ့များ ခြေကုတ်ယူထားသော ထန်တလန်မြို့ပေါ်က နေရာများကို လက်နက်ကြီး၊ ဒရုန်းအကြီးစားများနှင့် လေကြောင်းတိုက်ခိုက်မှု အများအပြားဖြင့် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တချို့တိုက်ပွဲများတွင် စစ်တပ်သည် အဆိပ်ငွေ့ပါသော ဓါတုဗုံးများ အသုံးပြုခဲ့သည်ဟု သိရသည်။

ထန်တလန်တိုက်ပွဲများတွင် CNA နှင့် CDF – ထန်တလန်မှ ရဲဘော်များအပါအဝင် ရဲဘော်တချို့ ထိခိုက်ဒဏ်ရာရရှိမှု၊ ကျဆုံးမှု ရှိခဲ့ပြီး စစ်တပ်ဘက်မှလည်း ထိခိုက်ကျဆုံးမှု များပြားခဲ့ကြောင်း သိရသည်။

ထန်တလန်မြို့နယ်တွင် CNF/ CNA ၊ CDF – ထန်တလန် အပါအဝင် ချင်းမျိုးနွယ်စု အခြေခံ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) တချို့လည်း စစ်ရေးလှုပ်ရှားသည်ဟု သိရသည်။

ထန်တလန်မြို့အခြေအနေနှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး၏ ပြောရေးဆိုခွင့်ရှိသူနှင့် ချင်းပြည်အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူများထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါသည်။

စစ်တပ်သည် ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်နှင့် ကန်ပက်လက်မြို့များကိုလည်း မေလလယ်မှစတင်၍ အင်အားထောင်ချီဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ချင်းပူးပေါင်းတပ်များ၏ ခုခံတွန်းလှန်မှုကြောင့် အထိနာ၍ တပ်လန်ပြီးနောက် လက်ရှိမှာ အင်အားများ ရာချီ ထပ်မံ ဖြည့်တင်းလျက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

သင်္ချိုင်းအုတ်ဂူမှာ မီဇိုးဘာသာစကား မသုံးလိုသူများအတွက် သင်္ဂြိုဟ်ခွင့်မရှိကြောင်း Zokhawthar YMA က အသိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.