Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CNLD က နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်မည်မဟုတ်

CNLD က နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်မည်မဟုတ်

0
By Editor on March 23, 2023 Headline

ချင်းအမျိုးသားဒီမိုကရေဒီအဖွဲ့ချုပ် CNLD ပါတီက စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်မည် မဟုတ်ကြောင်း ၎င်းတို့ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးရှိန်းထွန်းကပြောသည်။

“လောလောဆယ်အခြေအနေမှာတော့ မှတ်ပုံတင်မှာမဟုတ်ဘူး၊ အဓိက အချက်ပြောရင် ပါတီဝင်တွေနဲ့ ပြန်တွေ့ရမယ့် အနေအထားမျိုး ကျွန်တော်တို့က အချိန်လုံလုံလောက်လောက်မရှိဘူး၊ လုံခြုံရေးအရလည်း ဘယ်လိုမှအဆင်မပြေဘူး၊ ချင်းပြည်နယ်ရဲ့ အနေအထားမှာကလည်း ပါတီစည်းရုံးရေးဆင်းဖို့ဆိုတာ တော်တော်လေး မလွယ်တဲ့ကိစ္စဖြစ်တယ်၊ ကျွန်တော်တို့အနေနဲ့က အခြေအနေပြန်ပြီးစောင့်ကြည့်ရမယ့် အခြေအနေမျိုးတွေရှိလာတဲ့အခါ ကျွန်တော်တို့ မှတ်ပုံမတင်ဖို့က ပိုပြီးများပါတယ်” ဟု ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ဦးရှိန်းထွန်းက ပြောသည်။

စစ်ကောင်စီသည် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေသစ်တရပ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ယင်းဥပဒေသစ်အရ ရက်ပေါင်း ၆ဝ အတွင်း နိုင်ငံရေးပါတီအားလုံး ပြန်လည်မှတ်ပုံတင်ရမှာဖြစ်ပြီး၊ မှတ်ပုံပြန်မတင်ပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်မည်ဟုဖော်ပြထားသည်။

ချင်းနိုင်ငံရေးပါတီ ၃ ခုဖြင့် စုပေါင်းဖွဲ့စည်းထားသည့် CNLD ပါတီသည် ချင်းနိုင်ငံရေးပါတီများအနက် အင်အားအကြီးဆုံး ပါတီဖြစ်ပြီး ၂၀၂၀ ခုရွေးကောက်ပွဲတွင် ချင်းပြည်နယ်အပြင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နှင့် ရခိုင်ပြည်နယ်တို့အထိ မဲဆန္ဒနယ်မြေ ၅၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်ပါတီဖြစ်သည်။

ယခုအခါ CNLD ပါတီအနေဖြင့် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်တော့မှာမဟုတ်သည့်အတွက် ဥပဒေကြောင်း လမ်းအရ နိုင်ငံရေးပါတီ အဖြစ်မှ ပျက်ပြယ်သွားမည့်အနေအထားတွင်နေရှိပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ၎င်းတို့၏ ပါတီအထွေထွေအတွင်းရေးမှူး က ယခုပြောဆိုသည်။

“ပါတီကေတာ့ ပျက်ပြယ်သွားမယ်၊ ပါတီပျက်ပြယ်သွားပေမယ့်လည်း ပြည်သူလူထုရဲ့ စိတ်ထဲမှာ ချင်းပါတီရှိ နေဖို့ပဲ အရေးကြီးဆုံးပါ။ နောက်ပြီးတော့ စစ်ကိုင်း၊ မကွေးနဲ့ ရခိုင်မှာ ရွိတဲ့ ကျွန်တော်တို့ ချင်းအမျိုးသားတွေကို ထားခဲ့ပြီး မှတ်ပုံတင်ရမယ့် အခြေအနေဖြစ်နေတော့ သူတို့ရဲ့ ဆန္ဒကိုလည်း ကော်မရှင်က ပေးတဲ့ ရက်ပေါင်း ၆၀ အတွင်းမှာလည်း စုစည်းနိုင်တဲ့ အနေအထားလည်း မရွိပါဘူး။ နိုင်ငံရေးလောကထဲ ပျောက်မသွားပါဘူး ပြည်သူလူထုနဲ့ ဆက်ဆံရေးကတော့ ရှိနေအုံးမှာပါ” ဟု CNLD ပါတီ အတွင်းရေးမှုးအဖွဲ့ဝင် ဦးရှိန်းထွန်းက ပြောသည်။

ချင်းပြည်နယ်မှာ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) အပြင် ၊ Zomi Congress for Democracy ပါတီ၊ ခူမီးအမျိုး သားပါတီ၊ တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ၊ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေပါတီ၊ ချင်းတိုင်းရင်းသားများပါတီ၊ အရှို ချင်းအမျိုးသားပါတီတို့ အသီးသီးရှိကြပြီး ယနေ့ချိန်ထိ နိုင်ငံရေးပါတီအဖြစ်ပြန်လည်မှတ်ပုံတင်သည့်ပါတီမရှိသေးကြောင်း သိရသည်။

စစ်ကောင်စီသည် နိုင်ငံရေးပါတီများအား ပါတီမှတ်ပုံပြန်လည်တင်ကြရန်ပြောဆိုနေသော်လည်း ရွေးကောက်ပွဲကျင်းပမည် မကျင်းပမည်ကို ယနေ့ချိန်ထိ အသေအချာကြေညာခြင်းမရှိသေးပေ။ နိုင်ငံရေးလေ့လာသုံးသပ်သူများကတော့ လက်ရှိ နိုင်ငံရေး စစ်ရေးအခြေအနေကြောင့် စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲကျင်းပရန် မဖြစ်နိုင်ကြောင်း ပြောဆိုမှုများလည်းရှိနေသည်။

ယခုလက်ရှိအနေအထားတွင် မြန်မာတနိုင်ငံလုံး၌ နိုင်ငံရေးပါတီအဖြစ်ပြန်လည်မှတ်ပုံတင်သည့် နိုင်ငံရေးပါတီစုစုပေါင်း ၂၀ ကျော်ခန့်သာရှိသည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူများကို ပြည်သူ့သစ္စာဖောက်အဖြစ် အရေးယူမည်ဟု ချင်းလဲန်းကောင်စီ ကြေညာ

မရာချင်းလက်နက်ကိုင် ၂ ဖွဲ့ကြား တစ်လကျော်ကြာ စစ်ရေးပဋိပက္ခတွင် ထိခိုက်ကျဆုံးမှုများရှိနေ

မတူပီမြို့နယ်က ကုန်းသွယ်ရေးလမ်းများ မနက်ဖြန်မှစတင်၍ ပြန်ဖွင့်လှစ်ပေးမည်ဟု MRO ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.