Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CNO ကျန်းမာရေးဌာနမှ ဖလမ်းမြို့နယ်တွင် ကုတင် ၅၀ ဆံ့ဆေးရုံဖွင့်လှစ်

CNO ကျန်းမာရေးဌာနမှ ဖလမ်းမြို့နယ်တွင် ကုတင် ၅၀ ဆံ့ဆေးရုံဖွင့်လှစ်

0
By Editor on August 22, 2022 Headline

Chin National Organization (CNO) ၏ ကျန်းမာရေးဌာနမှ ကြီးမှူးသည့် Suangdawn ကုတင် (၅၀) ဆံ့ ဆေးရုံဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့ သြဂုတ်လ (၂၀) ရက် နံနက် (၁၀) နာရီက ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် ကျင်းပခဲ့ရာ တာဝန်ရှိပုဂ္ဂိုလိများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) စစ်ဦးစီးချုပ် ဆလိုင်းပီတာထန်းဦးဆောင်၍ ချင်းအမျိုးသားအလံအလေးပြုခြင်း၊ ကျဆုံးအာဇာနည်ရဲဘော်များအား အလေးပြုခြင်း၊ ချင်းအမျိုးသားသီချင်းသီဆိုကာ ဒေသခံဆရာတော်မှ ဆုတောင်းခြင်းဖြင့် အခမ်းအနားစတင်ခဲ့ပြီးနောက် CNO အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလျံချင်းက အဖွင့်အမှာစကားပြောကြားပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ICNCC မွ ပေးပို့သည့်သဝဏ်လွှာကို CNO တွဲဖက်အတွင်းရေးမှူး (၂) ဆလိုင်းဂျိုးဆက်မှ ဖတ်ကြားခဲ့ပါသည်ဟု သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန ချင်းအမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်သည်။

ဆက်လက်ပြီး Suangdawn ဆေးရုံသစ်အတွက် ဆုတောင်းဆက်ကပ်အပ်နှံပြီး CNO တွဲဖက်အတွင်းရေးမှူး (၁) နှင့် CJDC အတွင်းရေးမှူးဖြစ်သူ ဆလိုင်းတီမီမွ မိန့်ခွန်းပြောကြားခဲ့ပြီး မြို့မိ/မြို့ဖကိုယ်စား ပူးကြွန်ဘွဲ့မှ အမှာစကားပြောကြားကာ ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ပါသည်။

ဒေါက်တာမျိုးသူ၊ PDF-kalay စစ်ဦးစီးချုပ် Jelly တို့မှလည်း အမှာစကားအသီးသီးပြောကြားခဲ့ပြီး CNO ကျန်းမာရေးဌာန၏ အတွင်းရေးမှူး ဆလိုင်းလိုင်လျန်မှုန်းမှ ကျေးဇူးတင်စကားပြောကြားကာ အပိတ်ဆုတောင်းခြင်းဖြင့် အခမ်းအနား ရုတ်သိမ်းခဲ့ပါသည်။

ယခုဖွင့်လှစ်သည့် ဆေးရုံသည် ၂၀၂၁ ခုနှစ် CNO/CNDF ဖွဲ့စည်းခဲ့သည့်အချိန်မှ စတင်ပြီး ဆေးကုသပေးလျက်ရှိရာ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ဆေးရုံအဖြစ်သို့ တိုးချဲ့ကာ PDF-kalay ဆရာဝန်များနှင့် ပူးပေါင်းလက်တွဲပြီး ဒဏ်ရာရရဲဘော်များကို ခွဲစိတ်ကုသခြင်း၊ ကေလးမီးဖွားပေးခြင်းနှင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဝန်ဆောင်မှု ပေးအပ်လျက်ရှိပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.