Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CNO/CNDF ထုတ်ပြန်ချက်ကို IMC ကန့်ကွက်

CNO/CNDF ထုတ်ပြန်ချက်ကို IMC ကန့်ကွက်

0
By Editor on May 22, 2025 Headline

(004SS)

ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF ၏ ဖလမ်းမြို့နယ်ပြည်သူလူထုအားလုံးသိစေရန်ဆိုသည့် ထုတ်ပြန်ကြေညာချက်သည် လူမျိုးစုအချင်းချင်းကြားမလိုလားအပ်သော ပြသာနာဖြစ်ပေါ်စေနိုင်သည့်အတွက် ကန့်ကွက်ကြောင်း ကြားကာလမရာနယ်ကောင်စီ IMC က ထုတ်ပြန်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် မပေါ်ပေါက်မီကာလအတွင်း လက်ရှိတည်ဆဲ ဖလမ်းမြို့နယ် နယ်နိမိတ် အတွင်း မှီတင်းနေထိုင်သော မျိုးနွယ်စု အားလုံး၏ ဖြစ်တည်မှုကို လက်ခံအသိအမှတ်ထားပြီး မြို့နယ်၏ နိုင်ငံရေး၊ အုပ်ချုပ် ရေး ကိစ္စအဝဝကို တာဝန်ယူဆောင်ရွက်နေသည်ဟု CNO/CNDF က မေလ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းထုတ်ပြန်ကြေညာချက်သည် ဟွာလ်ငိုးရမ် လူမျိုးစုအခွင့်အရေး နှင့် ဖက်ဒရယ်လူမျိုးစုအခွင့်အရေးများ ကို ချိုးဖောက် ရာရောက်ပြီး၊ လူမျိုးစုအချင်းချင်းကြားမလိုလားအပ်သော ပြသာနာဖြစ်ပေါ်စေနိုင်တဲ့အတွက် ကန့်ကွက်သည်ဟု IMC/ CDF-Mara က ယနေ့ မေလ ၂၂ ရက်နေ့တွင်ထုတ်ပြန်သည်။

ချင်းပြည် (Chinland) ဖွဲ့စည်းပုံ အခြေခံဉပဒေ ၂၀၂၃ အရ ၁၉၉၃ ခုနှစ် ညောင်နှစ်ပင်ညီလာခံမှ အတည်ပြုပြဌါန်းခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဉပဒေကို ဖျက်သိမ်းပြီး ချင်းပြည်အတွင်း ရှိရင်းဆွဲ ၉ မြို့နယ်နှင့် လောက်တူဒေသ၊ ဇိုးတုန်ဒေသ၊ မရာလဲန်းဒေသ၊ ဇိုဖဲရာမ်ဒေ‌သ၊ ဆဲန်ထန်းဒေသ၊ စီးယင်းဒေသ၊ ဇာညှက်ရမ်ဒေသ၊ ထာဒိုဒေသနှင့် ဟွာလ်ငိုးရမ်းဒေသများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအဖြစ် သတ်မှတ်အတည်ပြု ဖွဲ့စည်းပြီး ဖြစ်သည်ဟု IMC/ CDF-Mara က ဆိုသည်။

မရာဒေသသည်လည်း ချင်းပြည် ( Chinland ) ဖွဲ့စည်းပုံ အခြေခံဉပဒေ ၂၀၂၃ အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ကာ ဒေသန္တရအုပ်ချုပ်ရေးဖော်ဆောင်နေပြီး၊ မရာဒေသအတွင်း မိမိသက်ဆိုင်ရာအဖွဲ့အစည်း၏ ဆန္ဒမပါဘဲ ဘယ်အဖွဲ့အစည်း ကိုမဆို ဝင်ရောက် စွက်ဖက် နှောင့်ယှက်ခြင်းများ မပြုကြရန် IMC/ CDF-Mara က ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.