Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CNO/CNDF ဒရုန်းတပ်ဖွဲ့က စခန်းသိမ်းတိုက်ပွဲများအတွက် ဒရုန်းဗုံး ၅၀၀၀ စီမံချက် လုပ်ဆောင်နေ၊ စစ်ကောင်စီ၏ အဆင့်မြင့်ဂျန်ပါများကို ကျော်လွှာနိုင်သော ဒရုန်းများ ဖန်းတီထားဟုဆို

CNO/CNDF ဒရုန်းတပ်ဖွဲ့က စခန်းသိမ်းတိုက်ပွဲများအတွက် ဒရုန်းဗုံး ၅၀၀၀ စီမံချက် လုပ်ဆောင်နေ၊ စစ်ကောင်စီ၏ အဆင့်မြင့်ဂျန်ပါများကို ကျော်လွှာနိုင်သော ဒရုန်းများ ဖန်းတီထားဟုဆို

0
By Editor on March 29, 2024 Khonumthung

(006SV)

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF ဒရုန်းတပ်ဖွဲ့က လာမည့် စခန်းသိမ်းတိုက်ပွဲများအတွက် ဒရုန်းဗုံး ၅၀၀၀ စီမံချက်ကို လုပ်ဆောင်နေပြီး စစ်ကောင်စီ၏ အဆင့်မြှင့်ဂျန်ပါများကို ကျော်လွှာနိုင်သည့် ဒရုန်များကိုလည်း ဖန်တီး အဆင့်မြှင့်ထားကြောင်း သတင်းရရှိသည်။

“ရှေ့လျှောက်လာမယ့် စခန်းသိမ်းတိုက်ပွဲတွေအတွက် CNDF ဒရုန်းဌာနက ဗုံးသီး တော်တော်လေး ပြင်ဆင်ထားတယ်။ ဗုံးသီး တွေကို Project Team အဖွဲ့နဲ့ သုတေသန လုပ်ပေးပြီးမှ အောင်မြင်ထားတဲ့ ဗုံးသီးပုံစံတွေနဲ့ နည်းပညာကို မျှပြီးမှ ကျနော်တို့က အရေအတွက် အများကို ထုတ်လုပ်တာဖြစ်တယ်”ဟု CNO/ CNDF ဒရုန်းဌာန ခေါင်းဆောင် ယောနက ပြောသည်။

လာမည့် စခန်းသိမ်းတိုက်ပွဲများအတွက် အကြီး၊ အလတ်၊ အသေး ဒရုန်းဗုံးသီးပုံစံမျိုးစုံကို ငါးထောင်အထိ ထုတ်လုပ်ထားမည့် စီမံချက်အတွက် လက်ရှိတွင် ဒရုန်းဗုံးတစ်ထောင်ကျော်ကို ထုတ်လုပ်ထားပြီး သုံးထောင်ကျော်ကို ဆက်လက် ထုတ်လုပ်နေဆဲဖြစ်ကြောင်း သိရသည်။

ယခင်တိုက်ပွဲများတွင် စစ်ကောင်စီ၏ အဆင့်မြှင့်ဂျန်ပါများကြောင့် ဒရုန်းတိုက်ပွဲများမှာ အခက်အခဲများ ကြုံတွေ့ခဲ့ရပြီး လာမည့် တိုက်ပွဲများအတွက်လည်း ယင်းဂျန်ပါများကို ကျော်လွှာနိုင်သည်အထိ ဒရုန်းများကို ပြန်လည်အဆင့်မြှင့်ထားကြောင်း ကိုယောနက ပြောသည်။

CNO/CNDF ဒရုန်းဌာနသည် ၎င်းတို့ထုတ်ထားသော ဗုံးသီးများကို မိမိမြို့နယ်နှင့် တခြားမြို့နယ်များတွင်လည်း တိုက်ပွဲဝင်ခဲ့ပြီး တိုက်ပွဲ၏ ထက်ဝက်ကျော်မှာ ဒရုန်းတပ်ဖွဲ့များ၏ စွမ်းဆောင်ရည်ကြောင့် အောင်မြင်မှုများ ပိုမိုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒရုန်းဌာနကို တပ်ဖွဲ့ဝင် ၁၅ ဦး ဝန်းကျင်ဖြင့် ဖွဲ့စည်းထားပြီး တော်လှန်ရေး ၃ နှစ်ကာလအတွင်း တိုက်ပွဲများမှာ ဒရုန်းဗုံးပေါင်း ၃၀၀၀ ကျော်ကို အောင်မြင်စွာ အသုံးပြုထားပြီးဖြစ်ကြောင်း သိရသည်။

ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF – လောက်တူ၊ CDF – မတူပီ စသည်တို့၏ ဒရုန်းတပ်ဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

CNO/CNDF ဒရုန်းတပ်ဖွဲ့၏ လာမည့် စခန်းသိမ်းတိုက်ပွဲများအတွက် ဒရုန်းဗုံးများ ဆက်လက်ထုတ်လုပ်နိုင်ရေး ပြည်တွင်းပြည်ပ ပြည်သူများအနေဖြင့် ဆက်လက်ပံ့ပိုးကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.