Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CNO/CNDF နှင့် CDF-Hualngoram တို့ အပြန်အလှန်ပစ်ခတ်နေမှုကို နိုင်ငံရေးအရ အဖြေရှာသင့်ဟုဆို

CNO/CNDF နှင့် CDF-Hualngoram တို့ အပြန်အလှန်ပစ်ခတ်နေမှုကို နိုင်ငံရေးအရ အဖြေရှာသင့်ဟုဆို

0
By Editor on July 3, 2025 Headline

(006SV)

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် CNO/ CNDF နှင့် CDF-Hualngoram တို့ အပြန်အလှန်ပစ်ခတ်နေမှုကို စားပွဲဝိုင်းတွင် နိုင်ငံရေးအရ အဖြေရှာပြီး နှစ်ဖက်စလုံးက ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက် သင့်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်တင်မီက ပြောသည်။

ယမန်နေ့ ဇူလိုင်လ ၂ ရက် ဖလမ်းမြို့နယ်၊ Satawm ၊ Lianhna နှင့် Tuichirh ကျေးရွာတို့တွင် ၎င်းနှစ်ဖက်တပ်ဖွဲ့များသည် ချင်းတပ်ဖွဲ့အချင်းချင်းကြား စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း CDF-Hualngoram ၏ ရဲဘော်တချို့ကို CNO/ CNDF က ဖမ်းဆီးရမိမှုရှိပြီး ညှင်းပန်းနှိပ်စက်မှုမရှိဘဲ ထိန်းသိမ်းထားကြောင်း၊ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေကြရသည့် တစ်မြို့နယ်သား အချင်းချင်းကြားတွင် အခုလို ဖြစ်ပွားရမှုကို စိတ်မကောင်းဖြစ်ရပြီး အမြန်ဆုံးအဖြေရှာချင်သည်ဟု ဆလိုင်းတင်မီက ပြောသည်။

“ကျနော်တို့ဘက်ကတော့ သူတို့ဘက်ကို ဖမ်းထားတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့က ကိုယ့်ရဲ့ ညီအစ်ကို မောင်နှမအချင်းချင်းတွေ ဖြစ်တဲ့အခါကြတော့ ဘာမှ ညှင်းပန်းနှိပ်စက်မှု မရှိပါဘူး။ ဒီ့အတိုင်းပဲ ထိန်းသိမ်းထားပါတယ်။ ကျနော်တို့ ဘက်ကနေတော့ ထိခိုက်မှု အနည်းဆုံးဖြစ်အောင်ပဲ ကျနော်တို့ ကြည့်ပြီးတော့ လုပ်နေတဲ့ အခြေအနေမှာ ရှိပါတယ်။ တစ်မြို့နယ်ထဲမှာ နေတဲ့ တစ်မြို့နယ်သားအချင်းချင်းတွေပဲ။ စစ်ကောင်စီကို တိုက်တဲ့ သူ၊ အချင်းချင်းပဲ ဒီလိုပြသနာ ရှိလာတော့ ကျနော်တို့ဘက်က တကယ်စိတ်မကောင်းဘူး။ ပြသနာကို အမြန်ဆုံး အဖြေရှာကြဖို့ကို ကျနော်တို့ဘက်ကနေတော့ ပြောချင်ပါ တယ်။ စားပွဲပေါ်မှာ နိုင်ငံရေးအရ အဖြေရှာတာပဲ ဖြစ်သင့်ပါတယ်။ အခုလိုမျိုးဖြစ်တာကို စိတ်မကောင်းပါဘူး။ ဒီထက် မီးပိုမပွားအောင်ပေါ့လေ။ ကျနော်တို့ ထိန်းထိန်းသိမ်းသိမ်းနဲ့ နှစ်ဖက်စလုံးက လုပ်ကြရင်တော့ ကောင်းမယ်လို့ ကျနော်တို့က ယူဆပါတယ်” ဆလိုင်တင်မီက ပြောသည်။

ဖမ်းဆီးရမိထားသည့် CDF-Hualngoram ၏ ရဲဘော်အရေအတွက်ကို CNO/ CNDF ပြောရေးဆိုခွင့်ရှိသူက အတိအကျ ပြောဆိုခြင်း မရှိပေ။

CDF-Hualngoram ပြောရေးဆိုခွင့်ရှိသူက CNO/ CNDF သည် ယခင်လကတည်းက ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေအတွင်း စခန်းသစ်များ တည်ဆောက်လာပြီး နှစ်ဖက် တင်းမာမှုများရှိနေခဲ့ကြောင်း၊ CNDF တပ်ဖွဲ့က Satawm နှင့် Lianhna ကျေးရွာကို ဒရုန်းများဖြင့် စတင်ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

CNDF သတင်းထုတ်ပြန်ချက်များတွင် CNDF တပ်ဖွဲ့ဝင်များသည် ဇွန်လ ၃၀ ရက်က သီးကျစ် (Ticirh) ကျေးရွာသို့ ရောက်ရှိ၍ ခရီးတစ်ထောက် နားနေစဉ် ဇူလိုင်လ ၂ ရက် နေ့လည်ပိုင်းတွင် CDF – Hualngoram ဘက်က လာရောက်ဝိုင်းရံပိတ်ဆို့ကာ စတင်ပစ်ခတ်သည်ဟု ပြောသည်။

CNO/CNDF နှင့် CDF-Hualngoram တပ်ဖွဲ့တို့သည် ယခင်ကတည်းက နယ်မြေဒေသ အငြင်းပွားမှုကြောင့် စစ်ရေးအခြေအနေ တင်းမာခဲ့ကြပြီးနောက် ဟွာလ်ငိုးရမ်းဒေသကို အရေးပေါ်အခြေအနေအဖြစ် ဇွန်လ ၁၆ ရက်နေ့က CDF-Hualngoram က ကြေညာခဲ့သည်။

ချင်းလဲန်းကောင်စီအဖွဲ့ဝင်ဖြစ်သော CDF-Hualngoram သည် အိန္ဒိယ- မြန်မာနယ်စပ်ရှိ ဖလမ်းမြို့နယ်ထဲက ရိခေါဒါရ်မြို့အပါအဝင် Hualngoram ဒေသကို သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးယန္တရာများ ဖော်ဆောင်လျက်ရှိသည်။

ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သော CNO/ CNDF သည်လည်း ဖလမ်းမြို့ကို သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးယန္တရားများ အကောင်အထည်ဖော်လျက်ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.