Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»COVID-19 လက်ကျန် လူနာအမှတ် (၂၃၂) Negative နှစ်ကြိမ်ပြ၍ ဆေးရုံမှဆင်းမည်

COVID-19 လက်ကျန် လူနာအမှတ် (၂၃၂) Negative နှစ်ကြိမ်ပြ၍ ဆေးရုံမှဆင်းမည်

0
By Editor on July 6, 2020 Khonumthung

#Zawgyi




COVID-19 လက်ကျန်လူနာအမှတ် (၂၃၂) သည် မလေးရှားနိုင်ငံမှ နေရပ်ပြန်လာသူဖြစ်ပြီး မင်းတပ်မြို့တွင် Facility Quarantine ဝင်နေစဉ် ရောဂါပိုးတွေ့ရှိခဲ့ကာ ဟားခါးပြည်သူ့ဆေးရုံတွင်ကုသမူခံခဲ့သူဖြစ်သည်။



#Unicode

By နှင်းနှင်း – ချင်းပြည်နယ်၊ ဟားခါးမြို့ပြည်သူ့ဆေးရုံတွင် ကုသမူခံယူနေသည့် COVID-19 ရောဂါပိုးတွေ့လူနာ အမှတ် (၂၃၂) ၏ ဓာတ်ခွဲစစ်ဆေးမူအဖြေသည် Negative နှစ်ကြိမ်ပြပြီး ကျန်းမာရေးကောင်းမွန်သည့်အတွက် ယနေ့တွင် ဆေးရုံမှဆင်းမည် ဟုသိသည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိသည့် ချင်းပြည်နယ်ရှိ ကိုဗစ်ရောဂါပိုးတွေ့လူနာများ ရောဂါပျောက်ကင်းပြီး ဆေးရုံမှ ဆင်းခဲ့ကြပြီဖြစ်ပြီး ယနေ့ ဆေးရုံမှဆင်းမည့် လူနာအမှတ် (၂၃၂) သည် ချင်းပြည်နယ်၏ နောက်ဆုံးလက်ကျန်ပိုးတွေ့လူနာဖြစ်သည်။

လူနာအမှတ် (၂၃၂) နှင့်ပတ်သက်ပြီး ဟားခါးပြည်သူ့ဆေးရုံအုပ် ဒေါက်တာ မာန်ဗျက်ကုန်က“Negative နှစ်ကြိမ်ပြပြီ၊ ဒီနေ့ဆင်းရုံ ကနေဆင်းမယ်၊ ကျန်းမာရေးလည်းကောင်းတယ် Home Quarantine (၇) ရက်ဆက်ထားမယ်” ဟုပြောသည်။

COVID-19 လက်ကျန်လူနာအမှတ် (၂၃၂) သည် မလေးရှားနိူင်ငံမှ နေရပ်ပြန်လာသူဖြစ်ပြီး မင်းတပ်မြို့တွင် Facility Quarantine ဝင်နေစဉ် ရောဂါပိုးတွေ့ရှိခဲ့ကာ ဟားခါးပြည်သူ့ဆေးရုံတွင်ကုသမူခံခဲ့သူဖြစ်သည်။

ချင်းပြည်နယ်တွင် COVID-19 ပိုးတွေ့လူနာ (၁၀) ဦးထိရှိခဲ့ပြီး လူနာအမှတ် (၁)၊ (၂၃)၊ (၇၈)၊ (၁၁၃)၊ (၁၅၀)၊ (၃၁)၊ (၂၀ဝ)၊ (၂၀၁)၊ (၁၈၂) တို့သည်ဆင်းရုံမှ ဆင်းသွား ကြပြီဖြစ်သည်။

ချင်းပြည်နယ်၏ နောက်ဆုံးလက်ကျန် ကိုဗစ်ရောဂါပိုးတွေ့လူနာအမှတ် (၂၃၂) သည် ယနေ့ဆေးရုံမှ ဆင်းခွင့်ရမည်ဖြစ်သောကြောင့် ချင်းပြည်နယ်တွင် COVID-19 ပိုးတွေ့လူနာကင်းစင်းသွားပြီဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ် တိုက်ပွဲတွင် စစ်ကော်မရှင်အဖွဲ့ဝင် (၄) ဦးသေဆုံး၊ အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါဝင် (၇) ဦး ဖမ်းဆီးရမိ

အမေရိကန်အခြေစိုက် BACI ၏ CEO နှင့် မလေးရှားရောက် ချင်းအဖွဲ့အစည်းဦးဆောင်သူများ ဒုက္ခသည်အရေးဆွေးနွေး

စစ်ဘေးရှောင်ချင်းအမျိုးသမီးတစ်ဦး ဆိုင်ကယ်တိုက်ခံရ၍ သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.