Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»COVID-19 ေရာဂါကာကြယ္ထိန္းခ်ဴပ္ေရးလုပ္ေဆာင္ေနၾကေသာ တိုင္းရင္းသားက်န္းမာေရးအဖြဲ႔မ်ားအေပၚ တားျမစ္ျခင္းမ်ားမလုပ္ရန္ ေတာင္းဆို

COVID-19 ေရာဂါကာကြယ္ထိန္းခ်ဴပ္ေရးလုပ္ေဆာင္ေနၾကေသာ တိုင္းရင္းသားက်န္းမာေရးအဖြဲ႔မ်ားအေပၚ တားျမစ္ျခင္းမ်ားမလုပ္ရန္ ေတာင္းဆို

0
By Editor on May 8, 2020 Khonumthung

#Zawgyi

တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းမ်ား အေျချပဳရာေဒသမ်ားတြင္ (COVID-19) ေရာဂါကာကြယ္ထိန္းခ်ဴပ္ေဆာ င္ရြက္ ေရးလုပ္ငန္း ထိထိေရာက္ေရာက္ အေကာင္အထည္ေဖာ္ေဆာင္ႏုိင္ေရးအတြက္ တိုင္းရင္းသားက်န္းမာေရးအဖြဲ႔ အစည္းမ်ားအေပၚ ၿခိမ္းေျခာက္တားျမစ္ျခင္းႏွင့္ ထိုးစစ္ဆင္မႈမ်ားကိုရပ္တန္႔ရန္လိုအပ္သည္ဟု Ethnic Health Committee (EHC) က ေျပာဆိုလိုက္သည္။

COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရးဆုိင္ရာ လုပ္ငန္းမ်ားကို တုိင္းရင္းသား လက္နက္ကုိင္ အဖြဲ႔အစည္းမ်ား အေျချပဳရာ ေဒသမ်ားတြင္ ထိထိေရာက္ေရာက္ ေဆာင္ရြက္ႏုိင္ေရးအတြက္ “ COVID-19 ကာကြယ္ထိန္းခ်ဴပ္ကုသေရးႏွင့္ စပ္လ်ဥ္း၍ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းမ်ားႏွင့္ ညိွႏိႈင္းပူးေပါင္းေဆာင္ရြက္ေရးေကာ္မတီ” ကို ဧၿပီလ (၂၇) ရက္ေန႔က ႏုိင္ငံေတာ္အစိုးရမွဖြဲ႔စည္းလိုက္ေသာ္လည္း တိုင္းရင္းသားလက္နက္ကိုင္မ်ားအေျချပဳရာေဒသတြင္ COVID-19 ထိန္းခ်ဴပ္ေရးလုပ္ငန္းေဆာင္ရြက္ေနေသာ က်န္းမာေရးအဖြဲ႔အစည္းမ်ားသည္ ၿခိမ္းေျခာက္တားျမစ္မႈမ်ားခံေနရသည္ဟု EHC ကေျပာသည္။

Ethnic Health Committee (EHC) မွ ကိုေစာေနထူးက “ ၿခိမ္းေျခာက္မႈေတြက သထုံခရုိင္က ကရင္အမ်ဳးိသား အစည္းအရုံး (KNU) က်န္းမာေရးစစ္ေဆးေရးဂိတ္ကုိ တပ္မေတာ္က ပိတ္ခုိင္းတာတုိ႔၊ ရွမ္းျပည္ျပန္လည္ထူေထာ င္ေရးေကာ္စီ ေထာက္ပံ့တဲ႔ ကူဗစ္ေရာဂါကာကြယ္ေရးပစၥည္းကုိ မယူဘုိ႔ လူထုကုိ တပ္မေတာ္က ၿခိမ္းေၿခာက္တာတုိ႔ ရွိတယ္၊ ဒီေန႔ဆုိ သထုံခရုိင္မွာ ကုိဗစ္ေရာဂါကာကြယ္ေရးလုပ္ေနတဲ႔ ကရင္အမ်ဳးိသားအစည္းအရုံးတပ္ဖဲြ႔နဲ႔ တပ္မေတာ္တုိ႔ တုိ္က္ပြဲျဖစ္ပြားတယ္’’ ဟု ခိုႏူမ္းသုန္သတင္းဌာနကိုေျပာသည္။

ကရင္အမ်ဴိးသားအစည္းအရံုး (KNU) ထိန္းခ်ဴပ္နယ္ေျမ တပ္မဟာ (၅) ဖာဖြန္-ကမေမာင္းအၾကားတြင္ရွိေသာ COVID-19 ေရာဂါကာကြယ္တားဆီးေရးဂိတ္ (၂) ခုကို ေမလ (၆) ရက္ေန႔က ျမန္မာ့တပ္မေတာ္မွ မီးရိႈ႕ဖ်က္ဆီးခဲ့ျခင္းေၾကာင့္ ႏွစ္ဖက္ တင္းမာမႈျဖစ္ပြားခဲ့သည္ဟု သိရသည္။

အလားတူ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ (RCSS) အဖြဲ႔မွ COVID-19 ေရာဂါထိန္းခ်ဴပ္ေရးေဆာင္ရြက္ေနသည့္ ေဆးမွဴးအဖြဲ႔သည္ ၿပီးခဲ့သည့္ဧၿပီလက တိုက္ခိုက္ခံခဲ့ရသလို (RCSS) မွေထာက္ပံ့ေသာ ေရာဂါကာကြယ္ေသာေဆး၀ါးပစၥည္းမ်ားကို လက္ခံရယူပါက ဖမ္းဆီးအေရးယူခံရမည္ဟု တပ္မေတာ္က ျပည္သူလူထုကို ၿခိမ္းေျခာက္မႈမ်ားျပဳလုပ္ေနသည္ဟု သိရသည္။

“ ကိုဗစ္ေရာဂါက လူသားရန္သူ ႏုိင္ငံတစ္ခုလံုးရဲ့ရန္သူဆိုေတာ့ ဒီေရာဂါေတြကို တိုက္ဖ်က္တဲ့ေနရာမွာ အားလံုးပူးေပါင္းလုပ္ေဆာင္မွသာ ေအာင္ျမင္ႏုိင္မယ္၊ ဒီမလိုမဟုတ္ဘဲ ေရာဂါတိုက္ဖ်က္ေရးလုပ္ငန္းမွာ စိုးရိမ္ေၾကာင့္ၾကမႈေတြ ကန္႔သတ္မႈေတြရွိေနယင္ ေအာင္ျမင္မွာမဟုတ္ဘူး၊ ေနာက္တစ္ခုက နည္းပညာပိုင္းႏွင့္ ရုပ္၀တၱဳမျပည့္စံုတဲ့စိန္ေခၚမႈပါ၊ ကိုဗစ္ေရာဂါကာကြယ္ေရးအတြက္ အေထာက္အပံ့ေတြလိုပါတယ္’’ ဟု ကိုေစာေနထူးကေျပာသည္။

ထို႔ေၾကာင့္တပ္မေတာ္အေနျဖင့္ တပ္မေတာ္အေနျဖင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းမ်ားအား ထုိးစစ္ဆင္မႈမ်ားကို ရပ္တန္႔ရန္လိုအပ္သလို ေရာဂါကာကြယ္ေရးထိထိေရာက္ေရာက္ေဆာင္ရြက္ႏုိင္ရန္ ျပည္တြင္းႏွင့္ ႏုိင္ငံတကာအလွဴရွင္မ်ားအေနျဖင့္ COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဴပ္ေနေသာ တိုင္းရင္းသားက်န္းမာေရးအဖြဲ႔အစည္း (EHOs) မ်ားကို ကိုဗစ္ေရာဂါကာကြယ္ေရးရံပံုေငြမ်ား တိုက္ရိုက္ေထာက္ပ့ံရန္လိုအပ္သည္ဟု EHC ၏ေၾကညာခ်က္တြင္ေဖာ္ျပထားသည္။

ထုိ႔အျပင္ COVID-19 ေရာဂါတိုက္ဖ်က္ေရးအတြက္ ျပည္နယ္က်န္းမာေရးႏွင့္ အားကစားဦးစီးဌာနတို႔ႏွင့္ တိုင္းရင္းသားက်န္းမာေရးအဖြဲ႔အစည္းတို႔ ညိွႏိႈင္းအေကာင္အထည္ေဖာ္ေဆာင္ရြက္၍ အျပန္အလွန္အသိအမွတ္ျပဳရမည္ဟု အဆိုပါေၾကညာခ်က္တြင္ေဖာ္ျပထားသည္။

ျမန္မာႏုိင္ငံတြင္ COVID-19 ေရာဂါတိုက္ဖ်က္ရန္အတြက္ မည္သူ႔ကိုမွ ခ်န္လွပ္မထားေရးမူ၀ါဒ “no one left behind policy” ျဖင့္ COVID-19 ကာကြယ္ထိန္းခ်ဴပ္ကုသေရးႏွင့္ စပ္လ်ဥ္း၍ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းမ်ားႏွင့္ ညိွႏိႈင္းပူးေပါင္းေဆာင္ရြက္ေရးေကာ္မတီကို ဖြဲ႔စည္းခဲ့ၾကၿပီး ယင္းေကာ္မတီ၏ အဓိကလုပ္ေဆာင္ရမည့္တာ၀န္မွာ COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရးဆုိင္ရာ သတင္းအခ်က္အလက္မ်ား ဖလွယ္ျခင္း၊ နယ္စပ္၀င္ေပါက္မ်ားက၀င္လာတဲ့သူေတြကုိ စစ္ေဆး၊ ေစာင့္ၾကည့္ျခင္း၊ သံသယလူနာေတြနဲ႔ ထိေတြ႔သူေတြကုိ ရွာေဖြ ေဖာ္ထုတ္ျခင္း၊ ေရာဂါလကၡဏာျပသူေတြကုိ ကုသေပးျခင္း၊ COVID-19 ထိန္းခ်ဳပ္ေရးလုပ္ငန္းေတြမွာ ဟန္ခ်က္ညီေစေရးအတြက္ ပူးေပါင္း ေဆာင္ရြက္ျခင္း၊ တုိင္းရင္းသားေဒသေတြမွာ COVID-19 ဆုိင္ရာ အေရးေပးေဆာင္ရြက္ေရးကိစၥရပ္ေတြ ေပၚေပါက္လာရင္ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟုိဌာနရဲ႕လမ္းညြန္ခ်က္နဲ႔အညီ ပူးေပါင္းေဆာင္ရြက္ရန္စသည္တို႔ျဖစ္သည္။

#Unicode

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အခြေပြုရာဒေသများတွင် (COVID-19) ရောဂါကာကွယ်ထိန်းချူပ်ဆော င်ရွက် ရေးလုပ်ငန်း ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် တိုင်းရင်းသားကျန်းမာရေးအဖွဲ့ အစည်းများအပေါ် ခြိမ်းခြောက်တားမြစ်ခြင်းနှင့် ထိုးစစ်ဆင်မှုများကိုရပ်တန့်ရန်လိုအပ်သည်ဟု Ethnic Health Committee (EHC) က ပြောဆိုလိုက်သည်။

COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ လုပ်ငန်းများကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အခြေပြုရာ ဒေသများတွင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် “ COVID-19 ကာကွယ်ထိန်းချူပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီ” ကို ဧပြီလ (၂၇) ရက်နေ့က နိုင်ငံတော်အစိုးရမှဖွဲ့စည်းလိုက်သော်လည်း တိုင်းရင်းသားလက်နက်ကိုင်များအခြေပြုရာဒေသတွင် COVID-19 ထိန်းချူပ်ရေးလုပ်ငန်းဆောင်ရွက်နေသော ကျန်းမာရေးအဖွဲ့အစည်းများသည် ခြိမ်းခြောက်တားမြစ်မှုများခံနေရသည်ဟု EHC ကပြောသည်။

Ethnic Health Committee (EHC) မှ ကိုစောနေထူးက “ ခြိမ်းခြောက်မှုတွေက သထုံခရိုင်က ကရင်အမျုးိသား အစည်းအရုံး (KNU) ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို တပ်မတော်က ပိတ်ခိုင်းတာတို့၊ ရှမ်းပြည်ပြန်လည်ထူထော င်ရေးကော်စီ ထောက်ပံ့တဲ့ ကူဗစ်ရောဂါကာကွယ်ရေးပစ္စည်းကို မယူဘို့ လူထုကို တပ်မတော်က ခြိမ်းခြောက်တာတို့ ရှိတယ်၊ ဒီနေ့ဆို သထုံခရိုင်မှာ ကိုဗစ်ရောဂါကာကွယ်ရေးလုပ်နေတဲ့ ကရင်အမျုးိသားအစည်းအရုံးတပ်ဖွဲ့နဲ့ တပ်မတော်တို့ တိ်ုက်ပွဲဖြစ်ပွားတယ်’’ ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။

ကရင်အမျိူးသားအစည်းအရုံး (KNU) ထိန်းချူပ်နယ်မြေ တပ်မဟာ (၅) ဖာဖွန်-ကမမောင်းအကြားတွင်ရှိသော COVID-19 ရောဂါကာကွယ်တားဆီးရေးဂိတ် (၂) ခုကို မေလ (၆) ရက်နေ့က မြန်မာ့တပ်မတော်မှ မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နှစ်ဖက် တင်းမာမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

အလားတူ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့မှ COVID-19 ရောဂါထိန်းချူပ်ရေးဆောင်ရွက်နေသည့် ဆေးမှူးအဖွဲ့သည် ပြီးခဲ့သည့်ဧပြီလက တိုက်ခိုက်ခံခဲ့ရသလို (RCSS) မှထောက်ပံ့သော ရောဂါကာကွယ်သောဆေးဝါးပစ္စည်းများကို လက်ခံရယူပါက ဖမ်းဆီးအရေးယူခံရမည်ဟု တပ်မတော်က ပြည်သူလူထုကို ခြိမ်းခြောက်မှုများပြုလုပ်နေသည်ဟု သိရသည်။

“ ကိုဗစ်ရောဂါက လူသားရန်သူ နိုင်ငံတစ်ခုလုံးရဲ့ရန်သူဆိုတော့ ဒီရောဂါတွေကို တိုက်ဖျက်တဲ့နေရာမှာ အားလုံးပူးပေါင်းလုပ်ဆောင်မှသာ အောင်မြင်နိုင်မယ်၊ ဒီမလိုမဟုတ်ဘဲ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းမှာ စိုးရိမ်ကြောင့်ကြမှုတွေ ကန့်သတ်မှုတွေရှိနေယင် အောင်မြင်မှာမဟုတ်ဘူး၊ နောက်တစ်ခုက နည်းပညာပိုင်းနှင့် ရုပ်ဝတ္တုမပြည့်စုံတဲ့စိန်ခေါ်မှုပါ၊ ကိုဗစ်ရောဂါကာကွယ်ရေးအတွက် အထောက်အပံ့တွေလိုပါတယ်’’ ဟု ကိုစောနေထူးကပြောသည်။

ထို့ကြောင့်တပ်မတော်အနေဖြင့် တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ထိုးစစ်ဆင်မှုများကို ရပ်တန့်ရန်လိုအပ်သလို ရောဂါကာကွယ်ရေးထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် ပြည်တွင်းနှင့် နိုင်ငံတကာအလှူရှင်များအနေဖြင့် COVID-19 ရောဂါ ကာကွယ်ထိန်းချူပ်နေသော တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်း (EHOs) များကို ကိုဗစ်ရောဂါကာကွယ်ရေးရံပုံငွေများ တိုက်ရိုက်ထောက်ပံ့ရန်လိုအပ်သည်ဟု EHC ၏ကြေညာချက်တွင်ဖော်ပြထားသည်။

ထို့အပြင် COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် ပြည်နယ်ကျန်းမာရေးနှင့် အားကစားဦးစီးဌာနတို့နှင့် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတို့ ညှိနှိုင်းအကောင်အထည်ဖော်ဆောင်ရွက်၍ အပြန်အလှန်အသိအမှတ်ပြုရမည်ဟု အဆိုပါကြေညာချက်တွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါတိုက်ဖျက်ရန်အတွက် မည်သူ့ကိုမှ ချန်လှပ်မထားရေးမူဝါဒ “no one left behind policy” ဖြင့် COVID-19 ကာကွယ်ထိန်းချူပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီကို ဖွဲ့စည်းခဲ့ကြပြီး ယင်းကော်မတီ၏ အဓိကလုပ်ဆောင်ရမည့်တာဝန်မှာ COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ခြင်း၊ နယ်စပ်ဝင်ပေါက်များကဝင်လာတဲ့သူတွေကို စစ်ဆေး၊ စောင့်ကြည့်ခြင်း၊ သံသယလူနာတွေနဲ့ ထိတွေ့သူတွေကို ရှာဖွေ ဖော်ထုတ်ခြင်း၊ ရောဂါလက္ခဏာပြသူတွေကို ကုသပေးခြင်း၊ COVID-19 ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ဟန်ချက်ညီစေရေးအတွက် ပူးပေါင်း ဆောင်ရွက်ခြင်း၊ တိုင်းရင်းသားဒေသတွေမှာ COVID-19 ဆိုင်ရာ အရေးပေးဆောင်ရွက်ရေးကိစ္စရပ်တွေ ပေါ်ပေါက်လာရင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနရဲ့လမ်းညွန်ချက်နဲ့အညီ ပူးပေါင်းဆောင်ရွက်ရန်စသည်တို့ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ရိခေါဒါရ်မြို့က ဘိန်းဖြူဖမ်းဆီးရမိသော မူကြိုကျောင်းတွင် စိတ်ကြွဆေးပြားများ ထပ်မံဖမ်းဆီး

အရှို (ချင်း) အမျိုးသားပြည်နယ် တည်ထောင်နိုင်ရေး လုပ်ဆောင်မည်ဟု ACNFC ကြေညာ

မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသား နှစ်ဦးထံ ရူပီး သိန်း ၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.