Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»COVID 19 ေၾကာင့္ မီဇိုရမ္တစ္ျပည္နယ္လံုးကို Lockdown ခ်လိုက္ၿပီ

COVID 19 ေၾကာင့္ မီဇိုရမ္တစ္ျပည္နယ္လံုးကို Lockdown ခ်လိုက္ၿပီ

0
By Editor on March 23, 2020 Khonumthung

#Zawgyi

လားႏြန္ – ကမၻာတစ္လႊားျဖစ္ပြားေနေသာ ကိုရိုနာဗိုင္းရပ္စ္ COVID 19 ကူးစက္ျပန္႔ပြားမႈမွ တားဆီးကာကြယ္ႏုိင္ရန္အတြက္ ခ်င္းျပည္နယ္ႏွင့္ နယ္နိမိ တ္ခ်င္းထိစပ္ေနေသာ အိႏိၵယႏုိင္ငံေရွ႕ေျမာက္ျပည္နယ္ မီဇိုရမ္တစ္ျပည္နယ္လံုးကို မတ္လ ၂၂ ရက္ (တနဂၤေႏြ) ေန႔ကစ၍ အသြားအလာကန္႔သတ္ၿပီး Lockdown ခ်လိုက္ၿပီျဖစ္သည္။

မီဇိုရမ္ျပည္နယ္အစိုးရအဖြဲ႔၏ အမိန္႔ထုတ္ျပန္ခ်က္အရ မတ္လ ၂၂ ရက္ေန႔မွ ၂၉ ရက္ေန႔အထိ ေဆးဆိုင္ႏွင့္ ျပည္သူမ်ား အတြက္မရွိမျဖစ္အေျခခံလိုအပ္ေသာကုန္ပစၥည္းအေရာင္းဆိုင္မ်ားမွလြဲ၍ ေစ်း၊ ကုန္တိုက္မ်ားႏွင့္ အမ်ားျပည္သူသုံး ပို႔ေဆာင္ဆက္သြယ္ေရး ဘတ္စ္ကားလိုင္းမ်ား၊ ၿမိဳ႕တြင္းဘတ္စ္ကား၊ တကၠစီ၊ ပုဂၢလိကကိုယ္ပိုင္ကား၊ ေမာ္ေတာ္ဆိုင္ကယ္မ်ားေျပးဆြဲမႈမ်ားကို တစ္ပတ္ၾကာပိတ္ပင္လိုက္ျခင္း ျဖစ္သည္။

အဆိုပါပိတ္ပင္တားျမစ္မႈတြင္ အေရးေပၚလူနာတင္ကား၊ မီးသတ္ကား၊ ျပည္သူမ်ားအသိေပးေၾကျငာခ်က္မ်ားေပးသည့္ ယာဥ္၊ သတင္းစာဆရာမ်ား၊ အီလက္ထေရာနစ္မီဒီယာမ်ားအသံုးျပဳသည့္ ယာဥ္၊ COVID-19 တိုက္ဖ်က္ေရးယာဥ္၊ ျပည္သူမ်ားအတြက္ မရိွမျဖစ္လိုအပ္ေသာကုန္သြယ္ေရးႏွင့္ မရိွမျဖစ္၀န္ေဆာင္မႈလုပ္ေဆာင္ေနသည့္ ယာဥ္မ်ားပါ၀င္ျခင္း မရွိေၾကာင္း ယင္းအမိန္႔တြင္ေဖာ္ျပထားသည္။

မီဇိုရမ္ျပည္နယ္၏ ၿမိဳ႕ေတာ္ အိုင္ေဇာလ္ၿမိဳ႕တြင္ ေနထုိင္သည့္ ျမန္မာႏုိင္ငံတစ္ဦးက “ မေန႔ကစၿပီး အျပင္ထြက္လို႔ မရဘူးဆိုေတာ့ စားေသာက္ကုန္ေတြႀကိဳတင္၀ယ္မထားတဲ့သူေတြအတြက္ေတာ့ ၾကာလာရင္ျပသာနာျဖစ္လာႏုိင္တယ္၊ မေန႔ကပဲစပိတ္တာဆိုေတာ့ ေလာေလာဆယ္ေတာ့ အဆင္ေျပေနေသးတယ္ ၾကာလာရင္ေတာ့မေျပာတတ္ဘူး၊ ဒီတိုင္းပဲ ကိုယ္အိမ္မွာဘဲ ေနေနၾကတယ္’’ ဟုေျပာသည္။

အိုင္ေဇာလ္ၿမိဳ႕သည္ ျမန္မာႏိုင္ငံသားမ်ား အထူးသျဖင့္ ခ်င္းလူမ်ဴိးမ်ား ေသာင္းႏွင့္ခ်ီေနထုိင္ၾကသည့္ၿမိဳ႕ျဖစ္ၿပီး ယခုကဲ့သို႔ COCID 19 ေၾကာင့္ တစ္ျပည္နယ္လံုး Lockdown ခ်လိုက္သည့္အတြက္ ၎တို႔၏ အလုပ္အကိုင္၊ စား၀တ္ေနေရးႏွင့္ ၀င္ေငြမ်ား ထိခိုက္လာႏုိင္သည္ဟု ၎ကဆက္ေျပာသည္။

“အိုင္ေဇာလ္မွာက က်ေနာ္တို႔ျမန္မာႏုိင္ငံသားေတြက ေန႔စားအလုပ္သမားေတြရွိတယ္၊ ေစ်းမွာ ဟင္းသီးဟင္းရြက္ေရာင္းတဲ့သူေတြ၊ လူသံုးကုန္ပစၥည္းေတြကို ရပ္ကြက္တိုင္းမွာသြားၿပီး အိမ္တိုင္ရာေရာက္ လိုက္ေရာင္းတဲ့သူေတြမ်ားတယ္ေလ တစ္ပတ္ေလာက္ အိမ္ထဲကအိမ္ျပင္မထြက္ရေတာ့ဘူးဆိုေတာ့ သူတို႔ရဲ့ ေန႔စဥ္၀င္ေငြ၊ စား၀တ္ေနေရးက အရမ္းထိခိုက္ႏုိင္တယ္” ဟု ေျပာသည္။

အိႏၵိယႏုိင္ငံတြင္ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ ခံထားရသူ ၃၂၄ ဦး ရွိေနၿပီး ၅ ဦး ေသဆုံး သြားၿပီဟု သိရသည္။

COVID-19 ေခၚ ကို႐ုိနာဗုိင္းရပ္စ္ ကမာၻ႔ကပ္ေရာဂါသည္ ကမာၻတ၀ွမ္းကို အလွ်င္အျမန္ ကူးစက္လာေနၿပီး ယခုဆုိလွ်င္ ကမာၻတ၀ွမ္းမွာ ေရာဂါကူးစက္ေနသူ ၃ သိန္းေက်ာ္သြားၿပီး ေသဆုံးသူအေရအတြက္မွာ ၁ ေသာင္း ၃ ေထာင္ေက်ာ္ ရွိလာေနၿပီဟု ကမာၻ႔က်န္းမာေရးအဖဲြ႔ခ်ဳပ္ (WHO) ကထုတ္ျပန္ထားသည္။

#Unicode

လားနွန် – ကမ္ဘာတစ်လွှားဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ် COVID 19 ကူးစက်ပြန့်ပွားမှုမှ တားဆီးကာကွယ်နိုင်ရန်အတွက် ချင်းပြည်နယ်နှင့် နယ်နိမိ တ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံရှေ့မြောက်ပြည်နယ် မီဇိုရမ်တစ်ပြည်နယ်လုံးကို မတ်လ ၂၂ ရက် (တနင်္ဂနွေ) နေ့ကစ၍ အသွားအလာကန့်သတ်ပြီး Lockdown ချလိုက်ပြီဖြစ်သည်။

မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့၏ အမိန့်ထုတ်ပြန်ချက်အရ မတ်လ ၂၂ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဆေးဆိုင်နှင့် ပြည်သူများ အတွက်မရှိမဖြစ်အခြေခံလိုအပ်သောကုန်ပစ္စည်းအရောင်းဆိုင်များမှလွဲ၍ ဈေး၊ ကုန်တိုက်များနှင့် အများပြည်သူသုံး ပို့ဆောင်ဆက်သွယ်ရေး ဘတ်စ်ကားလိုင်းများ၊ မြို့တွင်းဘတ်စ်ကား၊ တက္ကစီ၊ ပုဂ္ဂလိကကိုယ်ပိုင်ကား၊ မော်တော်ဆိုင်ကယ်များပြေးဆွဲမှုများကို တစ်ပတ်ကြာပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

အဆိုပါပိတ်ပင်တားမြစ်မှုတွင် အရေးပေါ်လူနာတင်ကား၊ မီးသတ်ကား၊ ပြည်သူများအသိပေးကြေငြာချက်များပေးသည့် ယာဉ်၊ သတင်းစာဆရာများ၊ အီလက်ထရောနစ်မီဒီယာများအသုံးပြုသည့် ယာဉ်၊ COVID-19 တိုက်ဖျက်ရေးယာဉ်၊ ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သောကုန်သွယ်ရေးနှင့် မရှိမဖြစ်ဝန်ဆောင်မှုလုပ်ဆောင်နေသည့် ယာဉ်များပါဝင်ခြင်း မရှိကြောင်း ယင်းအမိန့်တွင်ဖော်ပြထားသည်။

မီဇိုရမ်ပြည်နယ်၏ မြို့တော် အိုင်ဇောလ်မြို့တွင် နေထိုင်သည့် မြန်မာနိုင်ငံတစ်ဦးက “ မနေ့ကစပြီး အပြင်ထွက်လို့ မရဘူးဆိုတော့ စားသောက်ကုန်တွေကြိုတင်ဝယ်မထားတဲ့သူတွေအတွက်တော့ ကြာလာရင်ပြသာနာဖြစ်လာနိုင်တယ်၊ မနေ့ကပဲစပိတ်တာဆိုတော့ လောလောဆယ်တော့ အဆင်ပြေနေသေးတယ် ကြာလာရင်တော့မပြောတတ်ဘူး၊ ဒီတိုင်းပဲ ကိုယ်အိမ်မှာဘဲ နေနေကြတယ်’’ ဟုပြောသည်။

အိုင်ဇောလ်မြို့သည် မြန်မာနိုင်ငံသားများ အထူးသဖြင့် ချင်းလူမျိူးများ သောင်းနှင့်ချီနေထိုင်ကြသည့်မြို့ဖြစ်ပြီး ယခုကဲ့သို့ COCID 19 ကြောင့် တစ်ပြည်နယ်လုံး Lockdown ချလိုက်သည့်အတွက် ၎င်းတို့၏ အလုပ်အကိုင်၊ စားဝတ်နေရေးနှင့် ဝင်ငွေများ ထိခိုက်လာနိုင်သည်ဟု ၎င်းကဆက်ပြောသည်။

“အိုင်ဇောလ်မှာက ကျနော်တို့မြန်မာနိုင်ငံသားတွေက နေ့စားအလုပ်သမားတွေရှိတယ်၊ ဈေးမှာ ဟင်းသီးဟင်းရွက်ရောင်းတဲ့သူတွေ၊ လူသုံးကုန်ပစ္စည်းတွေကို ရပ်ကွက်တိုင်းမှာသွားပြီး အိမ်တိုင်ရာရောက် လိုက်ရောင်းတဲ့သူတွေများတယ်လေ တစ်ပတ်လောက် အိမ်ထဲကအိမ်ပြင်မထွက်ရတော့ဘူးဆိုတော့ သူတို့ရဲ့ နေ့စဉ်ဝင်ငွေ၊ စားဝတ်နေရေးက အရမ်းထိခိုက်နိုင်တယ်” ဟု ပြောသည်။

အိန္ဒိယနိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံထားရသူ ၃၂၄ ဦး ရှိနေပြီး ၅ ဦး သေဆုံး သွားပြီဟု သိရသည်။

COVID-19 ခေါ် ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါသည် ကမ္ဘာတဝှမ်းကို အလျှင်အမြန် ကူးစက်လာနေပြီး ယခုဆိုလျှင် ကမ္ဘာတဝှမ်းမှာ ရောဂါကူးစက်နေသူ ၃ သိန်းကျော်သွားပြီး သေဆုံးသူအရေအတွက်မှာ ၁ သောင်း ၃ ထောင်ကျော် ရှိလာနေပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ကထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်မှ မြန်မာနယ်စပ်အထိ ရထားလမ်းဖောက်မည့်စီမံကိန်း ပဏာမစစ်တမ်းကောက်ယူမှု ပြီစီးပြီဟုဆို

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေပြဋ္ဌာန်းနိုင်ခြင်းကို ဂုဏ်ယူကြောင်း ချင်းပြည်လွှတ်တော် သဝဏ်လွှာပို့

PDF-Zoland ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၇)အတွက် သင်တန်းသူ/သားများ လက်ခံနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.