Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»COVID-19 ေၾကာင့္ အိႏိၵယတြင္ေသာင္တင္ေနေသာ ျမန္မာေက်ာင္းသားမ်ား ေမလ ၁၆ တြင္ ျပန္လာၾကမည္

COVID-19 ေၾကာင့္ အိႏိၵယတြင္ေသာင္တင္ေနေသာ ျမန္မာေက်ာင္းသားမ်ား ေမလ ၁၆ တြင္ ျပန္လာၾကမည္

0
By Editor on May 14, 2020 Khonumthung

#Zawgyi

အိႏိၵယႏုိင္ငံတြင္ က်မ္းစာေက်ာင္းတက္ေရာက္ၿပီး COVID-19 ကယက္ Lockdown ေၾကာင့္ ေသာင္တင္ေနၾကသည္ ျမန္မာႏိုင္ငံမွ က်မ္းစာေက်ာင္းသား ၃၂ ေယာက္တို႔သည္ မီဇိုရမ္ႏွင့္ ခ်င္းျပည္နယ္အစိုးရတို႔၏အစီစဥ္ျဖင့္ ေမလ ၁၆ ရက္ေန႔တြင္ ျမန္မာႏုိ္င္ငံသို႔ျပန္လာၾကမည္ဟု ခ်င္းျပည္နယ္ လူမႈေရး၀န္ႀကီး ဦးေပါင္လြန္မင္းထန္ကေျပာသည္။

“ သူတို႔က ခ်င္းရယ္လို႔ေတာ့မဟုတ္ဘူး ကခ်င္ျပည္နယ္ကလည္းရိွတယ္္ ရန္ကုန္ မႏၱေလး ဘက္ကလည္းရိွတယ္၊ မေန႔က မီဇိုရမ္၀န္ၾကီးခ်ဳပ္ Pu Zoramthanga ကို က်ေနာ္ကစာေရးပို႔လိုက္တယ္၊ တကယ္လို႔ပို႔ႏိုင္တယ္ဆိုရင္ ၁၆ ရက္ေန႔ကို ဒီဘက္ကိုလမ္းရွင္းေပးမယ္ ေျပာလိုက္ပါတယ္၊  သူတို႔နယ္စပ္ထိလိုက္ပို႔ေပးမယ္ က်ေနာ္တို႔က နယ္စပ္တံတားမွာ လက္ခံျပီးေတာ့ က်န္းမာေရးစစ္ေဆးမႈေတြလုပ္မယ္၊ စစ္ေဆးမႈလုပ္ေပးေတာ့ လုပ္ျပီးတာနဲ႔ ရိဒ္မွာပဲ Quarantine ထားမယ္၊ က်န္းမာေရး၀န္ၾကီးဌာနရဲ႕ လမ္းညႊန္ခ်က္အရ သူတုိ႔က ႏုိင္ငံျခားက၀င္လာတာျဖစ္တဲ့အတြက္ေၾကာင့္ နယ္စပ္မွာ စနစ္တက် Quarantine ထားဖို႔လမ္းညႊန္ခ်က္ရိွပါတယ္ အဲဒါလည္း ေက်ာင္းသားေတြကို နားလည္ေအာင္လည္း ေျပာေတာ့ေျပာထားျပီ ျပန္လာရင္ ရိဒ္မွာ Quarantine ထားျပီးေတာ့ ၂၁ ရက္ျပည့္မွပဲ သူတို႔ေနရပ္ျပန္ဖို႔ အစီအစဥ္ေတာ့ရိွတယ္” ဟု ၀န္ၾကီး ဦးေပါင္လြန္မင္းထန္ ကေျပာသည္။

အဆိုပါ က်မ္းစာေက်ာင္းသားမ်ားသည္ မီဇိုရမ္ျပည္နယ္ အိုင္ေဇာလ္ၿမိဳ႕ႏွင့္ အာသံျပည္နယ္ ဂိုဟာတီၿမိဳ႕တို႔တြင္ Facility Quarantine အျဖစ္ တစ္လ ခန္႔ေသာင္တင္ေနၾကၿပီျဖစ္၍ ၎တို႔၏ေနရပ္ျပန္ႏုိင္ေရးကိစၥကို ခ်င္းျပည္နယ္ႏွင့္ မီဇိုရမ္ျပည္နယ္အစိုးရအဖြဲ႔တို႔က ေဆြးေႏြးညိွႏိႈင္းခဲ့ၾကၿပီးေနာက္ ေမလ ၁၆ ရက္ေန႔တြင္ ပို႔ေဆာင္ရန္စီစဥ္ထားၾကျခင္းျဖစ္ သည္။

မီဇိုရမ္အစိုးရအေနျဖင့္ အဆိုပါေက်ာင္းသားမ်ားကို အိုင္ေဇာလ္ၿမိဳ႕မွ အိႏိၵယ-ျမန္မာနယ္စပ္ အမွတ္ (၂) ကုန္သြယ္ေရးစခန္း ရိ-ဇိုေခါထားဂိတ္အထိ ပို႔ေဆာင္မည္ျဖစ္ၿပီး ခ်င္းျပည္နယ္အစိုးရအဖြဲ႔ လူမႈေရး၀န္ႀကီးကိုယ္တိုင္ ရိေခါဒါရ္ၿမိဳ႕နယ္စပ္ဂိတ္အထိ သြားေရာက္ႀကိဳဆိုၾကမည္ျဖစ္သည္။

ခ်င္းျပည္နယ္ႏွင့္နယ္နိမိတ္ခ်င္းထိစပ္ေနေသာ မီဇိုရမ္ျပည္နယ္တြင္ ေသာင္တင္ေနၾကသည့္အျခားေသာျမန္မာႏုိင္ငံသားမ်ားအေနျဖင့္လည္း ျပန္လာလိုပါက ခ်င္းျပည္နယ္အစိုးရအဖြဲ႔ထံ အေၾကာင္းၾကားကာ ျပန္လာ၍ရေၾကာင္း သို႔ေသာ္လည္း နယ္စပ္ၿမိဳ႕ရိေခါဒါရ္တြင္ (၂၁) Quarantine ၀င္ေရာက္ရမည္ ဟု ၀န္ႀကီးဦးေပါင္လြန္မင္းထန္ကေျပာသည္။

ယခုလက္ရွိတြင္ အိႏိၵယ-ျမန္မာအမွတ္(၂) နယ္စပ္ကုန္သြယ္ေရးဂိတ္သည္ ဆက္လက္ပိတ္ထားဆဲျဖစ္ၿပီး မည္သည့္အခ်ိန္ထိ ဆက္လက္ပိတ္ထားမည္ကိုမူ ျပည္ေထာင္စုအစိုးရအဖြဲ႔၏ ဆံုးျဖတ္ခ်က္ေပၚမူတည္သည္ဟု ၀န္ႀကီးကဆက္ေျပာသည္။

#Unicode

အိန္ဒိယနိုင်ငံတွင် ကျမ်းစာကျောင်းတက်ရောက်ပြီး COVID-19 ကယက် Lockdown ကြောင့် သောင်တင်နေကြသည် မြန်မာနိုင်ငံမှ ကျမ်းစာကျောင်းသား ၃၂ ယောက်တို့သည် မီဇိုရမ်နှင့် ချင်းပြည်နယ်အစိုးရတို့၏အစီစဉ်ဖြင့် မေလ ၁၆ ရက်နေ့တွင် မြန်မာနိ်ုင်ငံသို့ပြန်လာကြမည်ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။

“ သူတို့က ချင်းရယ်လို့တော့မဟုတ်ဘူး ကချင်ပြည်နယ်ကလည်းရှိတယ် ရန်ကုန် မန္တလေး ဘက်ကလည်းရှိတယ်၊ မနေ့က မီဇိုရမ်ဝန်ကြီးချုပ် Pu Zoramthanga ကို ကျနော်ကစာရေးပို့လိုက်တယ်၊ တကယ်လို့ပို့နိုင်တယ်ဆိုရင် ၁၆ ရက်နေ့ကို ဒီဘက်ကိုလမ်းရှင်းပေးမယ် ပြောလိုက်ပါတယ်၊  သူတို့နယ်စပ်ထိလိုက်ပို့ပေးမယ် ကျနော်တို့က နယ်စပ်တံတားမှာ လက်ခံပြီးတော့ ကျန်းမာရေးစစ်ဆေးမှုတွေလုပ်မယ်၊ စစ်ဆေးမှုလုပ်ပေးတော့ လုပ်ပြီးတာနဲ့ ရိဒ်မှာပဲ Quarantine ထားမယ်၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အရ သူတို့က နိုင်ငံခြားကဝင်လာတာဖြစ်တဲ့အတွက်ကြောင့် နယ်စပ်မှာ စနစ်တကျ Quarantine ထားဖို့လမ်းညွှန်ချက်ရှိပါတယ် အဲဒါလည်း ကျောင်းသားတွေကို နားလည်အောင်လည်း ပြောတော့ပြောထားပြီ ပြန်လာရင် ရိဒ်မှာ Quarantine ထားပြီးတော့ ၂၁ ရက်ပြည့်မှပဲ သူတို့နေရပ်ပြန်ဖို့ အစီအစဉ်တော့ရှိတယ်” ဟု ဝန်ကြီး ဦးပေါင်လွန်မင်းထန် ကပြောသည်။

အဆိုပါ ကျမ်းစာကျောင်းသားများသည် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့နှင့် အာသံပြည်နယ် ဂိုဟာတီမြို့တို့တွင် Facility Quarantine အဖြစ် တစ်လ ခန့်သောင်တင်နေကြပြီဖြစ်၍ ၎င်းတို့၏နေရပ်ပြန်နိုင်ရေးကိစ္စကို ချင်းပြည်နယ်နှင့် မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့တို့က ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးနောက် မေလ ၁၆ ရက်နေ့တွင် ပို့ဆောင်ရန်စီစဉ်ထားကြခြင်းဖြစ် သည်။

မီဇိုရမ်အစိုးရအနေဖြင့် အဆိုပါကျောင်းသားများကို အိုင်ဇောလ်မြို့မှ အိန္ဒိယ-မြန်မာနယ်စပ် အမှတ် (၂) ကုန်သွယ်ရေးစခန်း ရိ-ဇိုခေါထားဂိတ်အထိ ပို့ဆောင်မည်ဖြစ်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးကိုယ်တိုင် ရိခေါဒါရ်မြို့နယ်စပ်ဂိတ်အထိ သွားရောက်ကြိုဆိုကြမည်ဖြစ်သည်။

ချင်းပြည်နယ်နှင့်နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် သောင်တင်နေကြသည့်အခြားသောမြန်မာနိုင်ငံသားများအနေဖြင့်လည်း ပြန်လာလိုပါက ချင်းပြည်နယ်အစိုးရအဖွဲ့ထံ အကြောင်းကြားကာ ပြန်လာ၍ရကြောင်း သို့သော်လည်း နယ်စပ်မြို့ရိခေါဒါရ်တွင် (၂၁) Quarantine ဝင်ရောက်ရမည် ဟု ဝန်ကြီးဦးပေါင်လွန်မင်းထန်ကပြောသည်။

ယခုလက်ရှိတွင် အိန္ဒိယ-မြန်မာအမှတ်(၂) နယ်စပ်ကုန်သွယ်ရေးဂိတ်သည် ဆက်လက်ပိတ်ထားဆဲဖြစ်ပြီး မည်သည့်အချိန်ထိ ဆက်လက်ပိတ်ထားမည်ကိုမူ ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ပေါ်မူတည်သည်ဟု ဝန်ကြီးကဆက်ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.