Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CYMA က မြန်မာစစ်ဘေးရှောင်များအတွက် ရူပီးငွေ ၆ သိန်းခန့်တန်းဖိုးရှိသော စားနပ်ရိက္ခာများ ထောက်ပံ့

CYMA က မြန်မာစစ်ဘေးရှောင်များအတွက် ရူပီးငွေ ၆ သိန်းခန့်တန်းဖိုးရှိသော စားနပ်ရိက္ခာများ ထောက်ပံ့

0
By Editor on July 10, 2025 Headline

(005MK)

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဟွာလ်ငိုးရမ်းဒေသ ရိခေါဒါရ်မြို့တွင် ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား တိုက်ပွဲ ဖြစ်ပွားမှုကြောင့် မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးရှောင်များအတွက် ဗဟိုမီဇိုးလူငယ်အသင်း (CYMA) ရူပီးငွေ ၆ သိန်းခန့်တန်ဖိုးရှိသော စားနပ်ရိက္ခာများ ထောက်ပံ့ခဲ့ကြောင်း သိရသည်။

စစ်ဘေးရှောင်များ အများဆုံးဝင်ရောက်ခိုလုံကြသော ကျန်ဖိုင်းခရိုင် ဇိုခေါထာရ်ကျေးရွာက စစ်ဘေးရှောင်များအတွက် ရူပီးငွေ ၃ သိန်းခန့်တန်ဖိုးရှိသော စားနပ်ရိက္ခာများကို ဇိုခေါထာရ်ကျေးရွာ မီဇိုးလူငယ်အသင်းထံ ပေးအပ်ခဲ့ပြီး၊ ဖာဖိုင်းကျေးရွာက စစ်ဘေးရှောင်များအတွက် ရူပီးငွေ ၂ သိန်းခန့်တန်ဖိုးရှိသော စားနပ်ရိက္ခာများကို ဖာဖိုင်းကျေးရွာ မီဇိုးလူငယ်အသင်းထံ ပေးအပ်ခဲ့သည်ဟု CYMA က ထုတ်ပြန်သည်။

ထို့အပြင် ကျန်ဖိုင်းမြို့ မီဇိုးလူငယ်အသင်းထံသို့လည်း စစ်ဘေးရှောင်များကူညီရန်ငွေသား ရူပီးတစ်သိန်းတိတိကို ပေးအပ်ခဲ့သည်ဟု သိရသည်။

အလားတူ ကယ်တင်ခြင်းတပ်အသင်းတော် (Salvation Army) အိန္ဒိယအရှေ့ပိုင်းနယ်မြေ၊ အရေးပေါ်ကယ်ဆယ်ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာဝန်ဆောင်မှုဌာနကလည်း စစ်ဘေးရှောင်အများစုဝင်ရောက်ခိုလုံကြသော ဇိုခေါထာရ်၊ ဖာဖိုင်း၊ ဆိုင်းခုမ်ဖိုင်း ကျေးရွာများတွင် အရေးပေါ်ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည်။

ချင်းပြည်နယ် ဟွာလ်ငိုးရမ်းဒေသတွင် ဇူလိုင်လ ၂ ရက်နေ့ကစ၍ CNO/CNDF နှင့် CDF-Hualngoram တပ်တို့ အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရိခေါဒါရ်မြို့ နှင့် အနီးပတ်ဝန်းကျင်ကျေးရွာက ပြည်သူ ၅၀၀၀ နီးပါးမှာ မီဇို ရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာ နှင့် ဖာဖိုင်းကျေးရွာတို့တွင် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.