Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»FMR ဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးခတ်မည့် အိန္ဒိယဗဟိုအစိုးရ၏ အစီစဉ်ကို ZORO က ဆက်လက်ကန့်ကွက်

FMR ဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးခတ်မည့် အိန္ဒိယဗဟိုအစိုးရ၏ အစီစဉ်ကို ZORO က ဆက်လက်ကန့်ကွက်

0
By Editor on April 23, 2025 Headline

(005MK)

အိန္ဒိယ-မြန်မာနှစ်နိုင်ငံနယ်စပ်အကြား လွတ်လပ်စွာသွားလာခွင့် FMR စနစ်ကိုဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးခတ်မည့် အိန္ဒိယဗဟိုအစိုးရ၏ အစီစဉ်ကို အဆုံးတိုင် ဆက်လက်ကန့်ကွက်သွားမည်ဟု Zo Reunification Organization (ZORO) က ပြောဆိုလိုက်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ZORO ဗဟိုဌာနချုပ် အိုင်ဇောလ်မြို့ ရုံးခန်းမှာ ယမန်နေ့ နေ့လည် ၁၂ နာရီက အစည်းအဝေး တရပ်ကျင်းပပြုလုပ်ကာ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

“အိန္ဒိယဗဟိုအစိုးရအနေဖြင့် မိမိတို့သွေးချင်းညီအကိုများနှင့် လွတ်လပ်စွာဝင်ထွက်သွားလာနိုင်သောဥပဒေ FMR ကို ဖျက်သိမ်း၍ နယ်စပ်ခြံစည်းရိုးခတ်ရန် စီစဉ်ဆောင်ရွက်မှုသည် မိမိတို့လူမျိုးများအတွက် စိုးရိမ်မကင်းဖြစ်ရပြီး မိမိတို့ ရသင့်ရထိုက်သော အခွင့်အရေးများကို ဖိနှိပ်ချိုးဖောက်ခံရခြင်းဖြစ်သည့်အတွက် အဆုံးတိုင် ဆက်လက်ဆန့်ကျင်ကန့် ကွက်သွားမည်ဟု ZORO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူတွေအနေဖြင့်လည်း လက်ရှိပကတိအနေအထားကိုကြည့်၍ မိမိတို့လူမျိုးများ၏ ရှေ့အနာဂတ်ကို ရှေးရှုကာ တိုင်းပြည် နဲ့ လူမျိုးအတွက် အကောင်းဆုံးအရာကိုပြန်လည်စဉ်းစားသုံးသပ်ပြီး ZORO ၏ ဆောင်ရွက်ချက်များကို အားပေးထောက်ခံကြရန်လည်း တောင်းဆိုထားသည်။

Free Movement Regime (FMR) ကိုဖျက်သိမ်းကာ Border fencing နယ်စပ်ခြံစည်းရိုးခတ်မည်ဟု သတင်းစတင် ပေါ်ထွက်လာကတည်းက ဇိုး (ချင်း) လူမျိုးများက ဆန့်ကျင်ခဲ့ကြသည့်နည်းတူ ZORO ကလည်း တတ်နိုင်သည့်ဘက်မှ ဆန့်ကျင်ကန့်ကွက်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများသာမကဘဲ မီဇိုရမ်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာပင် ဆန့်ကျင်ကန့်ကွက်သောအဆိုလည်း တညီတညွတ်တည်းဆုံးဖြတ်ခဲ့ကြကြောင်း ZORO ကပြောသည်။

ထိုကဲ့သို့ တညီတညွတ်တည်းဆန့်ကျင်ကန့်ကွက်ခဲ့ကြသော်လည်း ယခုနောက်ပိုင်း လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ခံယူချက်ပြောင်းလဲသွားသူများတွေ့လာရသည့်အပေါ် များစွာ စိတ်မကောင်းဖြစ်ရသည်ဟု ZORO ကပြောသည်။

မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးရှောင်အမြောက်အများဝင်ရောက်လာခြင်း၊ တရားမဝင်းမှောင်ခိုလုပ်ငန်းများလာခြင်း၊ နယ်စပ်ကတဆင့် မူးယစ်ဆေးဝါးတင်သွင်းမှုများပြားလာခြင်းကြောင့် မီဇိုးလူထုအသိုင်းအဝန်းတွင် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား လွတ်လပ်စွာသွားလာခွင့် FMR ကိုဖျက်သိမ်းကာ နယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ်ကို ထောက်ခံအားပေးသူလည်းရှိလာနေသည်။

FMR ဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးခတ်ခြင်းအားဖြင့် မီဇိုရမ်ပြည်နယ်မှာ ဒုစရိုက်သမား၊ မူးယစ်ဆေးဝါးတင်သွင်းမှု လျှော့နည်းလာစေရန် ဟန့်တားနိုင်မည်ဟု မထင်ကြောင်း၊ အကောင်းဆုံးနည်းလမ်းမှာ လုံခြုံရေးစစ်ဆေးရေးဂိတ်များ ကို ယခင်ကထက် ပိုမိုအားကောင်းအောင် ဆောင်ရွက်ရန်နှင့် နောက်ကွယ်မှ မူးယစ်လုပ်ငန်းများလုပ်ကိုင်နေကြသော မူးယစ်ကုန်သည်များအား စုံစမ်းဖော်ထုတ်အရေးယူနိုင်ရေးကိုသာ ဆောင်ရွက်ကြရန် မီဇိုရမ်အစိုးရနှင့် အိန္ဒိယဗဟိုအ စိုးရတို့ကို ZORO က တိုက်တွန်းတောင်းဆိုထားသည်။

ထို့ကြောင့် အိန္ဒိယ-မြန်မာနယ်စပ်တွင် FMR စနစ်ကို ပြန်လည်ကျင့်သုံးကာ နယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ်ကိုလည်း ဆက်လက်အကောင်အထည်ဖော်ခြင်းမပြုလုပ်ရန် အိန္ဒိယဗဟိုအစိုးရကို ZORO က တောင်းဆိုထားသည်။

အိန္ဒိယဗဟိုအစိုးရသည် ပြီးခဲ့သည့်ဧပြီလ ၁၅ ရက်နေ့က မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းများဖြစ်ကြ သော ဗဟိုမီဇိုးလူငယ် အဖွဲ့အစည်း (CYMA)၊ မီဇိုးကျောင်းသား များအသင်း (MZP)၊ Zo ReUnification Organization – ZORO ၊ Mizo Hmeichhe Insuihkhawm Pawl – MHIP နဲ့ မီဇိုးကျောင်းသားများသမဂ္ဂ (MSU) မှတာဝန်ရှိသူ များကို နယူးဒေလီမြို့သို့ ခေါ်ယူတွေဆုံကာ အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးခတ်မည့် အစီစဉ်ကို လက်ခံပေးကြရန်နှင့် ဆန့်ကျင်ကန့်ကွက်ခြင်းမျိုးမလုပ်ကြရန် ပြောဆိုခဲ့ကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.