Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»GZA၊ YDF ခေါင်းဆောင်နှင့်ရဲဘော်များ လုပ်ကြံပစ်ခတ်ခံရမှုကို အမှုမှန်ပေါ်ရေး ပူးပေါင်းဆောင်ရွက်မည်ဟု ချင်းညီနောင်ကြေညာ

GZA၊ YDF ခေါင်းဆောင်နှင့်ရဲဘော်များ လုပ်ကြံပစ်ခတ်ခံရမှုကို အမှုမှန်ပေါ်ရေး ပူးပေါင်းဆောင်ရွက်မည်ဟု ချင်းညီနောင်ကြေညာ

0
By Editor on July 18, 2025 Headline

ယောနယ်က ပဋိပက္ခကို ချင်းလက်နက်ကိုင်အဖွဲ့များ ပါဝင်ပတ်သက်ခြင်းမပြုရန် မကွေးဖက်ဒရယ်ယူနစ်မှ တာဝန်ရှိသူသတိပေး

(006SV)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်း Generation Z Army (GZA) ထိပ်ပိုင်းခေါင်းဆောင်များနှင့် Yaw Defense Force (YDF) ရဲဘော်များ လုပ်ကြံပစ်ခတ်ခြင်း ခံရမှုနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ချင်းညီနောင် (CB) က ကြေညာသည်။

ယင်းလုပ်ကြံမှုတွင် ပါဝင်ပတ်သက်မှု ရှိသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို ချင်းညီနောင်အနေဖြင့် ပြင်းပြင်း ထန်ထန်ရှုတ်ချကြောင်း ဇူလိုင်လ ၁၇ ရက်တွင် ချင်းညီနောင်အဖွဲ့က ထုတ်ပြန်သည်။

ဘုံရန်သူ စစ်ကောင်စီကို တော်လှန်တိုက်ထုတ်ရမည့်အချိန်တွင် ယခုကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့တစ်ခု၏ စစ်ဦးစီးချုပ်အဆင့် နှင့် ခေါင်းဆောင်ပိုင်းများကို ပစ်ခတ်လုပ်ကြံမှုသည် တော်လှန်ရေးကို အနှောင့်အယှက်ဖြစ်စေသည်ဟု ချင်းညီနောင်က ဆိုသည်။

ယင်းအမှုမှန်ပေါ်ပေါက်ရေးအတွက် ချင်းညီနောင်အနေဖြင့် အိမ်နီးချင်း မဟာမိတ်များဖြစ်သည့် GZA နှင့် YDF နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု အသိပေးထုတ်ပြန်သည်။

စစ်ရေးမဟာမိတ်ခေါင်းစဉ်အောက်တွင် စစ်ကောင်စီကို တိုက်သည့် ကိစ္စသာမဟုတ်ဘဲ ဒေသအချင်းချင်း ကျော်လွန်စွက်ဖက်မှု များနှင့် မကွေးဖက်ဒရယ်ယူနစ်အတွင်း ယောနယ်မှာ ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခကို ချင်းပြည်က လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအနေဖြင့် မည်သည့်အဖွဲ့ဘက်မှ ပါဝင်ပါတ်သက်ခြင်း မပြုုလုပ်ရန် ဒေါက်တာရဲထွန်းဇော်က ၎င်း၏ လူမှုကွန်ရက်မှတဆင့် ပြောဆိုထားသည်။

“ချင်းပြည်မှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်အချင်းချင်းကြားက ပဋိပက္ခကို ချင်းပြည် တော်လှန်ရေး၊ နိုင်ငံရေး ခေါင်းဆောင်များရဲ့ ဉာဏ်အမျှော်အမြင်ကြီးမားမှု ၊ အချင်းချင်းကြား ညှိနှိုင်းဆွေးနွေးမှုများနဲ့ သာ အဓိက ဖြေရှင်းကြရမှာပါ။ ဒီလိုပဲ မကွေးဖက်ဒရယ်ယူနစ်အတွင်းက ယောနယ်မှာ လတ်တလောဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် အချင်းချင်းကြားက ပဋိပက္ခကို မကွေးဖက်ဒရယ်ယူနစ်ရဲ့ တော်လှန်ရေး၊ နိုင်ငံရေးခေါင်းဆောင်များရဲ့ ဉာဏ်အမျှော်အမြင်ကြီးမားမှု ၊ အချင်းချင်းကြား ညှိနှိုင်းဆွေးနွေးမှုများနဲ့ သာ အဓိက ဖြေရှင်းကြရမှာပါ။ မီးလောင်ရာလေပင့် လုပ်ရပ်မျိုးမဖြစ်ပေါ်စေဖို့ နှလုံးသားနဲ့ ဉာဏ်ပညာကြီးမားတဲ့ ခေါင်းဆောင်များက ဆင်ခြင် သုံးသပ် ဆုံးဖြတ်ကြရမှာပါ” ဟု မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှု ဆိုင်ရာကော်မရှင်မှ အတွင်းရေးမှူး ဒေါက်တာရဲထွန်းဇော်က ပြောသည်။

ယောကာကွယ်ရေးတပ်ဖွဲ့ – YDF ကလည်း ယောဒေသအတွင်း ပဋိပက္ခကို မကြီးမားစေချင်သော်လည်း ယခုဖြစ်စဉ်တွင် အပြစ်ရှိသူများကို တရားဥပဒေဘောင်းအတွင်းမှ လိုအပ်သလို အရေးယူသွားမည်၊ ဖမ်းဆီးခံထားရသော ဓါးစားခံများကို အချိန်မနှောင်းလင့်ဘဲ ကယ်ထုတ်ရန် လုပ်ဆောင်သွားမည်ဟု ဇူလိုင်လ ၁၇ ရက်က ကြေညာသည်။

ပြစ်မှုကျူးလွန်သော အပြစ်သားများကို ခိုလှုံခွင့်ပေးခြင်း၊ ဓါးစာခံများကို ကယ်ဆယ်ရေးအား ဟန့်တားခြင်းများကို သိ၍ဖြစ်စေ၊ မသိ၍ ဖြစ်စေ ပြုလုပ်နေသူများကို ကောင်းစွာမှတ်ထားသည်ဟု ယောကာကွယ်ရေးတပ်ဖွဲ့ – YDF က အသိပေးကြေညာသည်။

ဇူလိုင်လ ၁၅ ရက်က မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ကန့်စွန်းထောင့်ကျေးရွာနှင့် ယင်းမာပင်ကျေးရွာအကြားတွင် GZA စစ်ဦးစီးချုပ် ကိုအောင်ကျော်မျိုးထက်၊ ဗဟိုစစ်ရုံးချုပ်- ကိုယ်ရေးအရာရှိ ၁ ဦး၊ အမှတ် -၂ တပ်ရင်း တပ်ရင်းမှူး ၁ ဦး ဆေးသူနာပြု ၂ ဦးနှင့် YDF က လုံခြုံရေး တပ်မှူး ၁ ဦးနှင့် တပ်သား ၁ ဦးတို့ သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခံရသည်ဟု GZA တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

လုပ်ကြံပစ်ခတ်မှုကြောင့် GZA ဗဟိုရုံးအဖွဲ့ဝင်သည် ဦးခေါင်း၊ ရင်ဘတ်၊ လက်၊ ပေါင်တို့တွင် ပြင်းထန်သော ထိခိုက်ဒဏ်ရာ အသီးသီး ရခဲ့၍ အသက်န္တာရာယ် စိုးရိမ်းရပြီး GZA တပ်ရင်းမှုးလည်း ပေါင်တွင် ကျည်ဆံထိမှန်၍ ပြင်းထန်ဒဏ်ရာ ရရှိသည်ဟု သိရသည်။

လုပ်ကြံမှုသည် ဂန့်ဂေါခရိုင်တပ်ရင်း (၁၀)၊ တပ်ခွဲ (၇) စခန်းအနီးတွင် ဖြစ်ပွားခဲ့ပြီး လုပ်ကြံသူများသည် ဂန့်ဂေါခရိုင် တပ်ရင်း ယူနီးဖောင်းကို ဝတ်ဆင်ထားသော လူ ၂၃ ဦးခန့် ဖြစ်ကြောင်း၊ လုပ်ကြံမှုတွင် ဂန့်ဂေါခရိုင် တပ်ရင်း (၁၀)၊ တပ်ခွဲ (၇) ပါဝင်ခြင်း၊ YDF ၏ အချုပ်ထောင်မှ ထွက်ပြေးသူ၊ ပုန်ကန်သူများဖြစ်သော ကိုကောင်းကောင်း၊ ကိုယောလင်းနှင့် ကိုဆန်းကိုဦးနှင့် တပ်သားများ ပါဝင်ကြောင်း သိရသည်

ပြီးခဲ့တဲ့ မေလ ၈ ရက်က YDF အကျဉ်ထောင်းမှ ရဲဘော်ကောင်းကောင်း၊ ရဲဘော်ကိုငယ်၊ ရဲဘော်သားငယ်၊ ရဲဘော်ဂျစ်တူး၊ ရဲဘော်သားကြီး (လယ်မ) တို့ကို တပ်ပိုင်လက်နက်ခဲယမ်းများ ခွင့်ပြုချက်မရှိဘဲ ရောင်းဝယ်ခြင်း၊ တပ်ပိုင်ငွေကြေးဖြင့် ကိုယ်ကျိုးစီးပွားရှာခြင်း၊ သစ်မှောင်ခိုရောင်းဝယ်ခြင်း၊ မူးယစ်ဆေးဝါးဖြန့်ဖြူးခြင်း၊ သင်တန်းရဲဘော် – ရဲမေတွေကို ပြန်ပေးဆွဲခြင်း၊ သင်တန်းသားများကို ခြိမ်းခြောက်ခြင်း စသည့် ပြစ်မှုများကြောင့် ထောင်ဒဏ် ချမှတ်ထားရာမှ ထောင်ဖောက်ထွက်ပြေးနေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကန့်သတ်မှုကြားမှ ဟားခါးမြို့နယ်ပြင်ပထွက်ခွါပြီး ပြန်မလာသူများကို တော်လှန်ရေးကာလအလွန်တွင်လည်း ပြန်လာခွင့်ပြုတော့မည်မဟုတ်ဟု CDF-Hakha ပြော

HPO/CDF-Hualngoram က ဒေသန္တရအုပ်ချုပ်ရေး ပြန်လည်ဖော်ဆောင်၊ ရိခေါဒါရ်မြို့ခံများအားလုံး နေရပ်ပြန်ရောက်

ချင်းအမျိုးသားကောင်စီ – မတူပီ (CNC – မတူပီ) ဟူ၍ မတူပီမှာ တတိယတော်လှန်ရေးအင်အားစုအဖွဲ့ ထပ်မံပေါ်ပေါက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.