Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»“Hiangzing တိုက်ပွဲ”

“Hiangzing တိုက်ပွဲ”

0
By Editor on January 27, 2022 Khonumthung

၁. ၁၂-၁-၂၀၂၂ ရက်မှ ၂၂-၁-၂၀၂၂ အထိ (၁၀) ရက်အတွင်း တီးတိန်မြိုနယ်၊ Hiangzing ရွာအနီးတွင် အာဏာလု စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများ နေ့စဉ်တိုက်ပွဲများဖြစ်ပေါ်ခဲ့သည်။

၂. တိုက်ပွဲတွင် ZFU/PDF-Zoland, CDM-Siyin, PDF-Kalay, CNDF, Zogam Army, Zomi-PDF, PDA, CNA, CDF-KKG စသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများ အတူတကွတိုက်ပွဲဝင်ခဲ့ကြပါသည်။

၃. (၁၀) ရက်တိုက်ပွဲအတွင်း အာဏာလုစစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်၊ စစ်လေယာဉ်များအသုံးပြု၍ ရက်စက်ယုတ်မာစွာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါသည်။

၄. ဂျီနီဗာသဘောတူညီချက်ကို မျက်ကွယ်ပြု၍ ဇိုမီးလူငယ်များပညာသင်ကြားရာ ခိုင်ကမ်း (ကလေးမြို့) တက္ကသိုလ် ဝင်းထဲမှ လက်နက်ကြီးများဖြင့် အနည်းဆုံးအချက် (၁၀၀) ကျော်၊ စစ်လေယာဉ် ၂ စီးဖြင့် ၄ ကြိမ် မနက်၊ နေ့ခင်း၊ ညနေ ဆက်တိုက် ပစ်ခတ်ခဲ့သည်။

၅. လက်နက်အင်အား၊ လူအင်အား မတန်တဆအသုံးပြုကာ ဝေဟင်၊မြေပြင် အနီးအဝေးမှ ဆက်တိုက် တိုက်ခိုက်ခဲ့ပါသည်။ တီးတိန်မြိုနယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်များသည် ပြည်သူများ၏ဆုတောင်းပေးမှုကြောင့် လည်းကောင်း၊ နယ်မြေကျွမ်းကျင်မှုကြောင့်လည်းကောင်း၊ အချိန်နှင့်တပြေးညီ ပူးပေါင်းလုပ်ရှားကာ ပြည်လည် တိုက်ခိုက်ခဲ့သောကြောင့် (၁၀) ရက်တာ တိုက်ပွဲအတွင်း စကစ ၈ဝကျော်ကို ရှင်းလင်းသုတ်သင်နိုင်ခဲ့ပါသည်။

၆. (၁၀)တာ ရက်တိုက်ပွဲအတွင်း ပြည်သူနှင့်ပြည်သူ့ပိုင်ပစ္စည်းများကို မထိခိုက်စေရန်နှင့် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် အထူးဂရုပြုတိုက်ခိုက်ခဲ့ပြီးနောက် စစ်ရေးဗျူဟာ ပြောင်းလဲကာ တီးတိန်မြိုနယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များသည် မိမိတို၏စခန်းများသို့ ဘေးကင်းလုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။

၇. Hiangzing တိုက်ပွဲတွင် တီးတိန်မြိုနယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများမှ ထိခိုက်ဒဏ်ရာရသူ (၉) ဦးရှိခဲ့ပါသည်။ တိုက်ပွဲအတွင်း Tg. Kap Sian Mung (PDF-Zoland), Sergeant Pum Tuan Thang @ Thang Pui (CNA), Bawino Salai Cung Lian Sang (CNA) တို့သည် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးလှူသွားခဲ့ပါသည်။

၈. Hiangzing တိုက်ပွဲသည် မိမိတို့၏ နယ်မြေတွင် အာဏာလုစစ်ကောင်စီများ၏ နယ်မြေစိုးမိုးမှု – (အာဏာရှင်စနစ်) ကို တိုက်ထုတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာစေရန် ဇိုမီးလူမျိုးများ၏ အသက်၊ သွေး၊ ချွေးများ ပေးလှူကာ ရဲဝံ့စွာ ပါဝင်မှုများကို မှတ်တမ်းတင်အပ်ပါသည်။

၉. Hiangzing တိုက်ပွဲအတွင်း တီးတိန်မြိုနယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်စီ၏ အသက်၊ သွေး၊ ချွေးကို ပဓာနမထားပဲ ရဲစွမ်းသတ္တိအပြည့်ဖြင့် ပေးလှူပါဝင်မှုများကို ဇိုမီးလူမျိုးများကိုယ်စား ကျေးဇူးတင် ဂုဏ်ပြုပါသည်။ မှတ်တမ်းတင်အပ်ပါသည်။ လေးစားဦးညွှတ်ပါသည်။ ဇိုမီး သားစဉ်မြေးဆက်အထိ ဝမ်းမြောက်ဂုဏ်ယူစွာ လက်ဆင့်ကမ်းဝေမျှရမည့် ကမ္ဗည်းတင်အပ်သော သမိုင်းမှတ်တမ်းတစ်ခုဖြစ်ပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင် ဦးဆောင်အဖွဲ့များကို CYMA ခေါ်တွေ့

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တွင် ချင်းအမျိုးသားတပ်ဦးက ကောင်စီမှာ ကိုယ်စားလှယ်ပါဝင်မှု လျော့ချ

ဘုံရန်သူကို ဦးစားပေးတော်လှန်ပြီး နယ်မြေဒေသ/မျိုးနွယ်စုအရေးကို တော်လှန်ရေးကာလအလွန်မှာ အဖြေရှာရန် ချင်းတော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ ပူးတွဲထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.