Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ICNCC က အုပ်ချုပ်ရေးမဏ္ဍိုင်ဖော်ဆောင်ရန် ဌာန ၉ ခုဖွဲ့စည်း

ICNCC က အုပ်ချုပ်ရေးမဏ္ဍိုင်ဖော်ဆောင်ရန် ဌာန ၉ ခုဖွဲ့စည်း

0
By Editor on April 23, 2026 Khonumthung

(006SV)

ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ-ICNCC က အုပ်ချုပ်ရေးမဏ္ဍိုင် ဖော်ဆောင်နိုင်ရန်အတွက် ဌာန ၉ ခု ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်သည်။

ချင်းပြည်တွင် အုပ်ချုပ်ရေးမဏ္ဍိုင် ဖော်ဆောင်နိုင်ရန် ချင်းအမျိုးသား ပဋိညာဉ်အပိုင်း (၅၀) (ည) အရ နှင့် မတ်လ ၂၇ ရက်က ကျင်းပသော ကောင်စီ၏ ၂/ ၂၀၂၆ အစည်းအဝေး ဆုံးဖြတ်ချက် အပိုဒ် (၁)(ခ) အရ ဌာန ၉ ခုကို တရားဝင် ဖွဲ့စည်းလိုက်သည်ဟု ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ဧပြီလ ၂၂ ရက်မှာ ထုတ်ပြန်သည်။

ယင်းဌာန ၉ ခုတို့မှာ အုပ်ချုပ်ရေးဌာန၊ တရားရေးဌာန၊ ကာကွယ်ရေးဌာန၊ ပြည်ပရေးရာဌာန၊ ဘဏ္ဍာရေးဌာန၊ သတင်းနှင့် ပြည်သူ့ဆက်ဆံရေးဌာန၊ ပညာရေးဌာန၊ ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထေားရေးဆိုင်ရာ ဌာန၊ ချင်းပြည် ပြည်သူ့ရဲတပ်ဖွဲ့ဌာနတို့ဖြစ်သည်။

ယခုကိစ္စနှင့်ပတ်သက်၍ ICNCC/CB တာဝန်ရှိသူများကို အသေးစိတ်သိရှိနိုင်ရန် ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်းမရှိသေးပေ။

ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC ကို ချင်းညီနောင်၊ ချင်းလွှတ်တော်ကိုယ်စားလှယ်၊ နိုင်ငံရေးပါတီကိုယ်စားလှယ်၊ CDMers များ၊ အမျိုးသမီးနှင့်လူငယ်များ၊ သပိတ်အဖွဲ့များနှင့် နိုင်ငံခြား‌ရှိ ပါဝင်သင့်ပါဝင်ထိုက်သူများဖြင့်ဖွဲ့စည်းခဲ့ကြသည်ဟု ယခုနှစ်ဇန်နဝါရီ ၉ ရက်နေ့မှာထုတ်ပြန်သော ICNCC ၏ ပထမအကြိမ် ညီလာခံကြေညာချက်မှာ ဖော်ပြထားသည်။

တဖက်မှာလည်း ချင်းအမျိုးသားတပ်ဦး CNF/ CNA နှင့် ၂၀၂၀ ရွေးကောက်ခံ ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)များ စသည့်အစုအဖွဲ့ ၃ ဖွဲ့ဖြင့် ချင်းလဲန်းကောင်စီကို ပူးပေါင်းတည်ထောင်ပြီး ချင်းပြည်အစိုးရအပါအဝင် မဏ္ဍိုင် ၃ ရပ်ကို ဖွဲ့စည်း၍ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.