Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ICNCC လမ်းကြောင်းအတိုင်း ဆက်သွားရန် CNO၊ CNC-Mindat နှင့် ZFU တို့ ညှိနှိုင်းဆွေးနွေး

ICNCC လမ်းကြောင်းအတိုင်း ဆက်သွားရန် CNO၊ CNC-Mindat နှင့် ZFU တို့ ညှိနှိုင်းဆွေးနွေး

0
By Editor on December 20, 2023 Headline

(006SV)

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) လမ်းကြောင်းဖြင့် ချင်းနိုင်ငံရေး ဆက်သွားရန် ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC- Mindat/ CDF- Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) နှင့် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland)တို့ တွေ့ဆုံဆွေးနွေးနေကြောင်း CNO/CNDF မှ ဒုတိယဥက္ကဌ (၁) ဆလိုင်းပီတာထန်းက ပြောသည်။

ဒီဇင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်တို့မှာ လွတ်မြောက်နယ်မြေတစ်နေရာတွင် ချင်းလဲန်းပူးပေါင်းကာကွယ်ရေးကော်မတီ (Chinland Joint Defense Committee- CJDC) အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးမှုအပြီး CJDC ကို ဖျက်သိမ်းပြီးနောက် ဒီဇင်ဘာလ ၁၇ ရက်က အဆိုပါ (၃) ဖွဲ့တို့ စစ်ရေးနှင့် နိုင်ငံရေးပူးပေါင်းဆောင်ရွက်ရန် တွေ့ဆုံကြခြင်းဖြစ်သည်။

“လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ အထူးသဖြင့် အခုချင်းလဲန်းကောင်စီလို့ ပြောနေတဲ့ လမ်းကြောင်းက ကျနော်တို့ အတွက် ချင်းပြည်တစ်ခုလုံးအတွက် လမ်းမမှန်ဘူးလို့ ကျနော်တို့ ယူဆတဲ့ အဖွဲ့တွေလည်း ဖြစ်တဲ့အခါ ကျနော်တို့ရဲ့ အတွေးအမြင်ကို ဖလှယ်တာလည်း ပါပါတယ်။ အနာဂါတ်မှာ ချင်းပြည်ကို ဘယ်လိုမျိုး သွားကြ မလဲဆိုတာကို ဆွေးနွေးပြီးမှ တိုင်ပင်တာလည်း ရှိပါတယ်။ ကျနော်တို့ကတော့ အရင်ကတည်းက ရှိနှင့်နေပြီးသာ လမ်းကြောင်းဖြစ်တဲ့ ICNCC လမ်းကြောင်းကနေပဲ ချင်းပြည် စည်လုံးရေးကို သွားကြမယ်ဆိုတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ရှိပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးကို ညှိနှိုင်းပြောဆိုပြီးမှပဲ ဒါတွေက အတည်ဖြစ်လာမှာဆိုတော့ အကြမ်းဖျင်းအနေနဲ့က ကျနော်တို့ ဒီညှိနှိုင်းတာနဲ့ပတ်သက်ပြီး ချင်းပြည်ရဲ့ နိုင်ငံရေးလမ်းကြောင်းကို ICNCC လမ်းကြောင်းကနေ သွားကြဖို့ ကျနော်တို့ ပြောဆို ဆွေးနွေးတာတွေ ရှိပါတယ်” ဟု CNO/CNDF မူဝါဒရေးရာ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ပီတာထန်းက ပြောသည်။

ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC ကို စစ်အာဏာရှင်စနစ်တော်လှန်ရေးတွင် ပါ၀င်ကြသော ၂၀၂၀ ရွေးကော က်ခံချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းအမျိုးသားတပ်ဦး CNF နှင့် ချင်းပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့ဖြင့် ၂၀၂၁ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် အစုအဖွဲ့ ၃ ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့ကြသည်။

ထို့နောက် CDM၊ CSO၊ လူငယ်အမျိုးသမီးများ အစုအဖွဲ့ပါ၀င်လျှက် အစုအဖွဲ့ ၄ ဖွဲ့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ကြသည်ဟု သိရသည်။

နောက်ပိုင်းတွင် ချင်းအမျိုးသားတပ်ဦး CNF သည် ICNCC အဖွဲ့၀င်အဖြစ်မှ နှုတ်ထွက်ခဲ့သည်။

လက်ရှိတွင် ICNCC ကို ပြုပြင်ပြောင်းလဲရေးလုပ်ပြီး လက်နက်ကိုင်အစုအဖွဲ့နေရာတွင် မြို့နယ်တစ်ဖွဲ့ချင်းစီကို နေရာပေးကမ်းလှမ်းမှုရှိလာပြီး ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်ကာ အစုအဖွဲ့များအကြား အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

“ICNCC ကလည်း ခုချိန်မှာ Reform ပြန်လုပ်ပြီးတော့မှ လစ်လပ်နေတဲ့ လက်နက်ကိုင်အစုအဖွဲ့နေရာမှာ မြို့နယ်တစ်ဖွဲ့ ချင်း သော်လည်းကောင်း နေရာကမ်းလှမ်းတာတွေ ပြုလုပ်လာတဲ့အခါမှာ အဲဒီလမ်းကြောင်းနဲ့ပဲ။ ဘာလို့လည်းဆိုတော့ ICNCC ဟာ အစကတည်းက သေချာလေး ဖွဲ့စည်းထားတဲ့ အဖွဲ့လည်းဖြစ်တဲ့အခါမှာ Legitimacy လည်း စုံတယ်။ နိုင်ငံရေးအခင်းအကျင်းအနေနဲ့ သပိတ်ကနေ တက်လာသူရော၊ CDM အဖွဲ့တွေရော နိုင်ငံရေးပါတီတွေရော MP တွေရော လက်နက်ကိုင်အစုအဖွဲ့တွေရော စုစည်းပြီးတော့မှ အထူးသဖြင့် ကြားကာလ ချင်းပြည်တည်ဆောက်ရေးမှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေ ပါဝင်နေဖို့လည်း လိုအပ်တယ်လို့ ယူဆတဲ့အတွက်ကြောင့် ဒီအဖွဲ့အစည်းကနေမှ သွားမယ်ဆိုရင် ပိုပြီးမှ အဆင်ပြေတယ်လို့ ယူဆတယ်’’ ဟု ဆလိုင်းပီတာထန်းက ပြောသည်။

မြန်မာ့နွေဦးတော်လှန်ရေး ၃ နှစ်နီးပါးရှိလာသည်နှင့်အမျှ ချင်းပြည်နယ်၏ နယ်မြေ ၇၅ ရာခိုင်နှုန်းကျော်ကို စိုးမိုးထိန်းချုပ်လာ နိုင်ပြီဖြစ်သော ချင်းတော်လှန်ရေးအင်အားစုများက ကြီးမားသော နိုင်ငံရေးအရွေ့တစ်ခုကိုဖော်ဆောင်ကာ ဒီဇင်ဘာလ ၄ ရက်မှ ၇ ရက်နေ့အထိ ပထမအကြိမ် ချင်းပြည်ကောင်စီ အစည်းအ‌ေ၀◌း ကျင်းပပြီး ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကိုအတည်ပြုကာ ချင်းပြည်ကောင်စီကိုဖွဲ့စည်းခဲ့ကြသည်။

အဆိုပါ ပထမအကြိမ် ချင်းပြည်ကောင်စီညီလာခံတွင် ချင်းအမျိုးသားတပ်ဦး CNF ၊ ချင်းလွတ်တော်ကိုယ်စားလှယ်များ၊ ဒေသနှင့် မြို့နယ်အလိုက်ဖွဲ့စည်းထားသော ချင်းကာကွယ်ရေးတပ်ဖွဲ့ ၁၄ တို့က ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ချင်းပြည်ကောင်စီကို ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။

အသစ်ဖွဲ့စည်းလိုက်သော ချင်းပြည်ကောင်စီအနေဖြင့် ရက်ပေါင်း ၆၀ အတွင်း ချင်းပြည်လွှတ်တော်၊ ချင်းပြည်အစိုးရ၊ ချင်းပြည် တရားလွှတ်တော်ချုပ်ကို ဖွဲ့စည်းသွားမည်ဖြစ်သည်။

တဖက်မှာလည်း ချင်းကာကွယ်ရေးတပ်ဖွဲ့ထဲက ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC- Mindat/ CDF- Mindat)၊ ချင်းအမျိုး သား အဖွဲ့ချုပ် (CNO/ CNDF)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland) နှင့် ကန်ပက်လက်မြို့နယ်ကောင်စီ/ ကန်ပက်လက် – CDF တို့ကတော့ ပထမအကြိမ် ချင်းပြည်ကောင်စီညီလာခံကို ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီကြောင်း ပြောဆိုကာ မတက်ရောက်ခဲ့ကြပေ။

ထို့ကဲ့သို့အခြေအနေမျိုးတွင် ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC- Mindat/ CDF- Mindat)၊ ချင်းအမျိုးသား အဖွဲ့ချုပ် (CNO/CNDF)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland) ၃ ဖွဲ့တို့က ယခင်ရှိနှင့်ပြီးသား ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC အနေဖြင့် ချင်းနိုင်ရေးလမ်းကြောင်းကို ရှေ့ဆက်သွားရန် ဆွေးနွေးညှိနှိုင်းလာကြခြင်းဖြစ်သည်ဟု သိရသည်။

ချင်းနိုင်ငံရေးလေ့လာသူလူငယ်တစ်ဦးလည်းဖြစ် India for Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်ကတော့ ယခုလက်ရှိ ချင်း နိုင်ငံရေးအခင်းအကျင်းနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများ သေချာမလုပ်နိုင်ပါက ချင်းပြည်မှာ ကောင်စီ ၂ ခုဖြင့် နှစ်ခြမ်းကွဲသွားနိုင် သည်ဟု သုံးသပ်ပြောဆိုသည်။

“အဓိကအားဖြင့် ယှဥ်ပြိုင်ကောင်စီဟာမျိုး၊ ယှဥ်ပြိုင်အစိုးရဟာမျိုး ထွက်လာနိုင်ခြေရှိတယ်ပေါ့လေ၊ ဒါ ညှိနှိုင်းမှုအဆင်မပြေရင်၊ ဆိုတော့ ဒီယှဥ်ပြိုင်ပုံစံမျိုးထွက်လာရင် ချင်းပြည်က ၂ ခြမ်း ခြမ်းသွားမယ့်အနေထားဖြစ်တယ်။ ဒီအပေါ်မှာ ကျွန်တော်တို့အနေနဲ့ ဆွေးနွေးအဖြေရှာပြီးတော့မှ ပြန်လည်ပေါင်းစည်းနိုင်ရေးကို ကျွန်တော်တို့ မဦးတည်နိုင်ဘူး ဆိုရင်တော့ ဒါအနာဂတ်ချင်းပြည်ရဲ့ မြေပုံအပြောင်းအလဲပါ သက်ရောက်မှုရှိနိုင်တယ်လို့ ကျွန်တော်တို့ ပြောလို့ရတယ်” ဟု ဆလိုင်း ဒိုခါရ်ကပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းတိုက်ပွဲတွင် စစ်ကော်မရှင်တပ်မှ ၄၀ ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်းများ ဖမ်းမိဟု CB ထုတ်ပြန်

စစ်ရေးအချက်အချာ ကျသည့် ကနေဒီတောင်စခန်းကို စစ်ကော်မရှင်တပ် ပြန်ထိန်းချုပ်

အကျဉ်းသား ၁၀၀ ကျော်အပါအဝင် လူနာပေါင်း ၂၇၀ ကျော်ကို တစ်လအတွင်း ဆေးဝါးကုသပေးနိုင်ခဲ့ဟု CDF-Asho ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.