Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»IEC အဖွဲ့မှ မီဇိုရမ်ပြည်နယ်သို့ မြန်မာကုန်ပစ္စည်းများ တင်သွင်းခွင့်ပိတ်ဆို့

IEC အဖွဲ့မှ မီဇိုရမ်ပြည်နယ်သို့ မြန်မာကုန်ပစ္စည်းများ တင်သွင်းခွင့်ပိတ်ဆို့

0
By Editor on May 20, 2019 Headline

အိန္ဒိယ-မြန်မာအမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်း ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့မှတဆင့် တဖက်မီဇိုရမ်ပြည်နယ်သို့တင်ပို့သော မြန်မာကုန်ပစ္စည်းအများကို Importer & Exporter Code Holder (IEC) Association of Mizoram အဖွဲ့က ပြီးခဲ့သည့် မေလ (၁၅) ရက်နေ့ကစပြီး အိုက်ဇောလ်မြို့အဝင် Zemabawk တွင် စတင်ပိတ်ဆို့ကြောင်း သိရသည်။

ယခုလို မီဇိုရမ်ပြည်နယ် မြို့တော်အိုက်ဇောလ်အဝင်၌ မြန်မာကုန်ပစ္စည်းများ တင်သွင်းခွင့် ပိတ်ဆို့ခြင်းအပေါ် မည်မျှအချိန် ကြန့်ကြာမည်ကို မသိရှိရကြောင်း ချင်းအမျိုးသမီးကုန်သည်တစ်ဦးက ခုလိုပြောပါသည်။

“နယ်စပ် ဇိုးခေါထားမှာ ပိတ်တာမဟုတ်ဘဲနဲ့၊ အိုက်ဇောလ်မြို့အဝင် Zemabawk မှာ ပိတ်တာဖြစ်တယ်။ ခရီးသည်တွေတော့ သွားလို့ရတယ် အဓိကအားဖြင့် ကုန်ပစ္စည်းကိုဘဲ ပိတ်တာဖြစ်တယ်။ နယ်စပ်ကနေ ကုန်ပစ္စည်းသယ်ဆောင်ခြင်းရှိမရှိကို Zemabawk ကနေ စောင့်ကြည့်နေကြတယ်။ ဘယ်အချိန်အထိ ပိတ်ဆို့သွားမည်ကိုတော့ မသိရဘူး” လို့ ပြောပါသည်။

ခုလို Importer & Exporter Code Holder (IEC) Association of Mizoram အဖွဲ့မှ ကုန်ပစ္စည်းတင်သွင်းခွင့် ပိတ်ဆို့သည့်အတွက် နယ်စပ်ရှိ ကုန်တင်ကုန်ချအလုပ်သမားများ လုပ်ငန်းမရှိသည့်အတွက် အခက်တွေ့ကြုံနေကြရကြောင်း ဆက်ပြောသည်။

“နယ်စပ် ဇိုးခေါထားကိုတော့ ကုန်ပစ္စည်းတွေ ဝင်လို့ရတယ်။ သို့သော် အိုက်ဇောလ်အဝင်မှာ IEC အဖွဲ့က ပိတ်ဆို့လိုက်တော့ ကုန်ပစ္စည်းတင်သွင်းခြင်းကို ရပ်နားလိုက်ရတဲ့တယ်။ ကုန်တင်ကုန်ချသမားတွေလည်း အလုပ်မရှိတော့ ပြန်ကုန်ကျတယ်” လို့ ချင်းအမျိုးသမီးကုန်သည်တစ်ဦးက ဆက်ပြောသည်။

ချင်းပြည်နယ် ရိခေါဒါရ်မြို့မှတဆင့် တဖက် မီဇိုရမ်ပြည်နယ်သို့ တင်ပို့သော ကုန်ပစ္စည်းအများစုသည် ကုန်သွယ်ခွင့်လိုင်စင်မရှိဘဲ တရားမ၀င်ကုန်သွယ်မှုကို ကြပ်မတ်ဆောင်ရွက်သည့် Importer & Exporter Code Holder (IEC) Association of Mizoram အဖွဲ့၏ လုပ်ရက်သည် သူတို့အကျိုးအမြတ်ရဖို့အတွက်သာ လုပ်ဆောင်နေခြင်းဖြစ်ပြီး ကုန်သည်များအတွက် ကုန်သည် လုပ်ငန်းများ ထိခိုက်လာနိုင်ကြောင်း ချင်းအမျိုးသမီး ကုန်သည်တစ်ဦးက ယခုလို ဆက်ပြောသည်။

“တရားမဝင်လို့ပြောနေပေမယ့် ကျမတို့ကတော့ နားလည်မှုနဲ့သွားတာဖြစ်တယ်။ Custom တွေနဲ့ ပြေလည်လုပ်ပြီး Zokhawthar to Champhai, Champhai ကနေ Custom အဲလို တဆင့်ချင်းဆီးသွားတာဖြစ်တယ်။ အစိုးရကလည်း သိတယ်။ ဒါပေမယ့် သူတို့ပြောတဲ့ တရားဝင် ဆိုတဲ့အရာက သူတို့အခေါ်နဲ့ Chalan ဆိုပြီးခေါ်ကြတယ်။ အဲဒါကို ရှိဖို့လိုအပ်တော့မှာ ဖြစ်တယ်။ အဲဒီ Chalan မှာ ကိုယ်ယူတဲ့ကုန်ပစ္စည်းအမျိုးအစားနာမည်တွေ အကုန်ရေးပြီးတော့မှ ရာခိုင်နှုန်းနဲ့ ဖြတ်တော့မှာဖြစ်တယ်။ အဲဒီလို ရာခိုင်နှုန်းနဲ့ဖြတ်မယ်ဆိုရင် ကုန်သည်တွေအတွက်ကတော့ အကျိုးအမြတ်ရှိတော့မှာမဟုတ်ဘူး။ အတော်လေး ထိခိုက်လာနိုင် တယ်။ အဲဒါကြောင့် တဖက်ကနေ ကြည့်မယ်ဆိုရင် IEC ရဲ့ ရပ်တည်ချက်ဟာ ကုန်သည်တွေအတွက် အကျိုးရှိသလို ထင်နေရပေမယ့် တဖက်မှာ သူတို့အကျိုးအမြတ် ရဖိုအတွက်ဘဲ လုပ်ဆောင်နေတဲ့သဘောလို့ ကုန်သည်များကတော့ မြင်တယ်။” လို့ ဆက်ပြောသည်။

Importer & Exporter Code Holder (IEC) Association of Mizoram အဖွဲ့မှ ခုလို ကုန်ပစ္စည်းတင်သွင်းခွင့် ပိတ်ဆို့နေစဉ်တွင် ကုန်ပစ္စည်းတင်သွင်းမှုများ ရှိလာပါက ရက်အကန့်အသတ်မရှိ ပိတ်ဆို့သွားဖွယ်ရှိနေကြောင်း သိရသည်။

Importer & Exporter Code Holder Association of Mizoram အဖွဲ့မှ ဧပြီလ ၂၄ ရက်နေ့က အိုင်ဇောလ်မြို့တွင် သတင်းရှင်းလင်းပွဲပြုလုပ်ပြီး မီဇိုရမ်သို့ ကုန်ပစ္စည်းတင်သွင်းကြသည့် ကုန်သည်အများစုသည် အိန္ဒိယအစိုးရ အသိအမှတ်ပြု သွင်းကုန်ထုတ်ကုန်လိုင်စင်မရှိကြသည့်အပြင် အစိုးရထံ၌လည်း စနစ်တကျအခွန်ပေးဆောင်မှုမရှိအတွက် နစ်နာမှုရှိသည်ဟု ပြောသည်။

အိန္ဒိယ-မြန်မာအမှတ် (၂) နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် ကုန်ပစ္စည်းတင်ပို့သော မြန်မာ ကုန်သည်အ များစုမှာ မီဇိုရမ်အစိုးရအသိအမှတ်ပြု ကုန်သည်လိုင်စင်မရှိသူများဖြစ်သည့်အပြင် နယ်စပ်ဂိတ်တွင်လည်း တရားဝင် ကုန်သွယ်မှုမျိုးမရှိဘဲ ပြေလည်သဘောမျိုးဖြင့် သွားလာသည့်ကိစ္စများကို တရားဝင်ဖြစ်အောင် ဆောင်ရွက်ချင်သည့်သဘော ဖြစ်နိုင်သည်ဟု အများက သုံးသပ်ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.