Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»MDF စခန်း တိုက်ခိုက်ခံရဆိုသည့်သတင်း မရာနှစ်ဖွဲ့ကြား ထုတ်ပြန်ပြောဆိုချက် ကွဲလွဲနေ

MDF စခန်း တိုက်ခိုက်ခံရဆိုသည့်သတင်း မရာနှစ်ဖွဲ့ကြား ထုတ်ပြန်ပြောဆိုချက် ကွဲလွဲနေ

0
By Editor on November 3, 2025 Headline

(006SV)

ချင်းပြည်နယ်၊ မရာဒေသတွင် MTC/ MDF ၏ စခန်းတိုက်ခိုက်ခံရဆိုသည့် သတင်းနှင့်ပတ်သက်၍ IMC/ CDF – မရာနှင့် MTC/ MDF တို့ကြား ထုတ်ပြန်ပြောဆိုမှုများ ကွဲလွဲနေပြီး အပြန်အလှန်စွပ်စွဲပြောဆိုနေကြသည်။

MDF စခန်းကို ချင်းအမျိုးသားတပ်ဦး (CNA) နှင့် CDF-မရာ ပူးပေါင်းတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများအသုံးပြု၍ အောက်တိုဘာလ ၃၁ ရက်က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်သည်ဟု MTC/ MDF ၏ သတင်းနှင့်ပြန်ကြားရေးဌာနက နိုဝင်ဘာလ ၁ ရက်မှာ ထုတ်ပြန်သည်။

“ဒီတိုက်ခိုက်မှုကကျနော်တို့ရဲ့ ရှေ့တန်းစခန်းတစ်ခုမှာ သူတို့က အင်အားအလုံးအရင်းနဲ့ ခြုံခိုတိုက်ခိုက်လာ တာဖြစ် တယ်၊၊ ဒီကာလမှာ ကျနော်တို့ စစ်ရေးလှုပ်ရှားမှု တစ်စုံတစ်ရာမျှ မရှိပါဘူး။ အဲလိုအချိန်မှာ သူတို့ဘက်ကနေ ဘာ အကြောင်းပြချက်လဲတော့ သူတို့ပဲ အသိဆုံးဖြစ်ပါလိမ့်မယ်၊၊ သူတို့ကပဲ လာတိုက်ပြီတော့ လက်နက်ကြီး၊ လက်နက် ငယ် ဒရုန်းဗုံးတွေကအစ၊ အသုံးပြုပြီး လာတိုက်တယ်၊၊ သူတို့ပဲ လာတိုက်တယ်၊၊ သူတို့ပဲ နောက်ဆုတ်သွားတဲ့ အနေ အထား ဖြစ်ပါတယ်” ဟု MTC/ MDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မရာဒေသ၊ Sawhmei တိုက်နယ်အတွင်းရှိ MDF ၏ စခန်းနှင့် ဖြတ်သန်းသွားလာရာ လမ်းများကို ခြုံခိုတိုက်ခိုက်ခြင်း၊ မိုင်းထောင်ခြင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး တိုက်ခိုက်ခံရမှုကြောင့် စခန်းအနည်းငယ် ပျက်စီးကာ ထိခိုက်မှု မရှိကြောင်း MTC/ MDF က ပြောဆိုထားသည်။

MTC/ MDF စခန်းကို အင်အားအလုံးအရင်းဖြင့် CDF- မရာက ဝင်ရောက်တိုက်ခိုက်သည်ဟု MTC/ MDF ၏ ထုတ်ပြန် ချက်မှာ အခြေအမြစ် မရှိသော စွပ်စွဲချက်သာ ဖြစ်ပြီး CNA နှင့် CDF- မရာ ပူးပေါင်းတပ်များက သွားရောက်တိုက် ခိုက်ခြင်း လုံးဝ မရှိကြောင်း နိုဝင်ဘာလ ၂ ရက်မှာ IMC/CDF-မရာက ကြေညာချက်ထုတ်၍ တုန့်ပြန်သည်။

CDF-Mara ပြောရေးဆိုခွင့်ရှိသူတစ်ဦး “ကျနော်တို့က ငြိမ်းချမ်းရေးကို မောရိန်မှာ ဆွေးနွေးပြီးတဲ့ နောက်ပိုင်းမှာ ငြိမ်းချမ်းရေး ဦးဆောင်သူတွေက တောင်းဆို ချက်အရ ကျနော်တို့ စစ်ရေးလှုပ်ရှားမှု ဘာမှ မရှိဘူး။ သူတို့က အခွင့်ကောင်းယူပြီးတော့ CB ဘက်က စစ်ကူရောက် လာတော့ မဟုတ်မမှန် စွပ်စွဲထုတ်ပြန်တာဖြစ်တယ်။ ကျနော်တို့ကို အလစ်ဝင်တိုက်ချင်လို့ လုပ်တာဖြစ်တယ်၊၊ အများ အမြင်မှာ မှန်ကြောင်းသက်သေပြချင်တာနဲ့ ထုတ်ပြန်တာဖြစ်တယ်၊၊ ၃၁ ရက်က သူတို့ကပဲ ဒရုန်းဗုံးနဲ့ လာချတာဖြစ် တယ်၊၊ ကျနော်တို့က လှုပ်ရှားမှု မရှိပါဘူး” ဟု ပြောသည်။

MTC/ MDF တပ်ဖွဲ့များသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၊ အဖွဲ့များ ကြားဝင်ညှိနှိုင်းရေးကို ရှောင်ရှားပြီး CDF- မရာ ဌာနချုပ်ကို သိမ်းပိုက်ရန် နှင့် မရာဒေသရှိ CDF – မရာပူးပေါင်းတပ်ဖွဲ့များကို စစ်ရေးအရ အမြစ်ပြတ် ချေမှုန်းရေးကို စစ်ရေးပြင်ဆင်ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း IMC/ CDF – မရာက ပြောသည်။

လက်ရှိတွင် CDF – မရာ ထိန်းချုပ်ဧရိယာတွင် MDF၊ ချင်းညီနောင်နှင့် AA/ ULA ပူးပေါင်းတပ်ဖွဲ့များက အင်အားအလုံး အရင်းဖြင့် ဝိုင်းပတ်ပိတ်ဆို့နေပြီး CDF – မရာကို တိုက်ခိုက်ရန် စစ်ရေးပြင်ဆင်ဆောင်ရွက်နေသည်ဟု CDF – မရာ က ထုတ်ပြန်သည်။

MTC/ MDF ၏ သတင်းထုတ်ပြန်မှုသည် လူထုကို ဝေဝါးစေပြီး နှစ်ဖွဲ့ကြား အမုန်းတရားများကို ပိုမိုကြီးထွား စေနိုင် သောကြောင့် အထူးရှောင်ရှားစေလိုကြောင်း၊ ပြည်သူများ လုံးဝ မယုံမိစေရန် အသိပေးလိုကြောင်း CDF – မရာက ထုတ်ပြန်ထားသည်။

အရှေ့မရာလဲန်းငြိမ်းချမ်းရေးကော်မတီ (EMPC) သည် မော်ရိန်ကျေးရွာတွင် ငြိမ်းချမ်းရေးဆွေးနွေးရန် IMC/ CDF – မရာနှင့် MTC/ MDF နှစ်ဖွဲ့စလုံးကို ဖိတ်ကြားခဲ့ရာ CDF – မရာမှ တက်ရောက်ပြီး MDF ဘက်မှ တက်ရောက်ခြင်း မရှိသောကြောင့် ဆွေးနွေးပွဲ မဖြစ်မြောက်ခဲ့ကြောင်း IMC/ CDF – မရာ က ထုတ်ပြန်ထားသည်။

EMPC ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ကြားချက်သည် ကြိုတင်ညှိနှိုင်းမှု မရှိဘဲ အချိန်နီးကပ်မှ ဖိတ်သောကြောင့် MTC/ MDF ၏ လူကြီးများ အလုပ်ကိစ္စနှင့် ခရီးလွန်နေ၍ မတက်ရောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ EMPC ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုသည် လက်ရှိတွင် အစပြုရုံသာ ရှိသေးသောကြောင့် MTC မတက်၍ ပျက်သွားသည့် အခြေအနေမျိုး မဟုတ်ကြောင်း MTC/ MDF တာဝန်ရှိသူက ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.