Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»MRO/ CDF- မတူပီနှင့် မဟာမိတ်များ မိမိထိန်းချုပ်ဒေသမှာ တပ်စခန်းချခြင်းကို ရုတ်သိမ်းပေးရန် Chinland Defense Force – မတူပီ တောင်းဆို

MRO/ CDF- မတူပီနှင့် မဟာမိတ်များ မိမိထိန်းချုပ်ဒေသမှာ တပ်စခန်းချခြင်းကို ရုတ်သိမ်းပေးရန် Chinland Defense Force – မတူပီ တောင်းဆို

0
By Editor on July 14, 2025 Khonumthung

(006SV)

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်က မတူပီ- လိုင်လင်းပီလမ်းမဘက်ရှိ Chinland Defense Force – မတူပီ၊ တပ်ရင်း – ၃ ထိန်းချုပ်ဒေသတွင် MRO / Chin Defense Force- မတူပီနှင့် မဟာမိတ်များက စစ်ကြောင်းထိုး၊ တပ်စခန်းချနေခြင်းကို အမြန်ဆုံးပြန်လည်ရုတ်သိမ်းပေးရန် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီက ကြေညာသည်။

ဇူလိုင်လ ၁၀ ရက် MRO/ CDF – မတူပီနှင့် မဟာမိတ်တို့သည် အင်အားအလုံးအရင်းဖြင့် မိမိတို့ထိန်းချုပ်နယ်မြေအတွင်း ရုတ်တရက် စစ်ကြောင်းထိုးလာခြင်း၊ တပ်စခန်းချခြင်းနှင့် ရဲဘော်များကို ခေတ္တဖမ်းဆီးထိန်းသိမ်းခြင်းတို့ ပြုလုပ်သည်ဟု CDF – မတူပီက ဇူလိုင်လ ၁၃ ရက်မှာ ထုတ်ပြန်သည်။

MRO/ CDF – မတူပီနှင့် မဟာမိတ်တို့အနေဖြင့် လက်ရှိတပ်စခန်းချထားခြင်းနှင့် တပ်ဖွဲ့ဝင်များကို အမြန်ဆုံးပြန်လည် ရုတ်သိမ်းပေးရန် Chinland Defense Force – မတူပီက တောင်းဆိုသည်။

ယင်းကို မလိုက်နာပါက နောက်ဆက်တွဲပြဿနာများသည် MRO/ Chin Defense Force – မတူပီ၏ တာဝန်သာဖြစ်ပြီး မိမိတို့အနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း Chinland Defense Force – မတူပီထံမှ သိရသည်။

ဇူလိုင်လ ၁၀ ရက်က ဖမ်းဆီးခံထားရသော Chinland Defense Force – မတူပီ တပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၁၁ ရက် ညပိုင်းက ပြန်လွတ်လာပြီဟု သိရသည်။

MRO/ Chin Defense Force – မတူပီ၏ လုပ်ရပ်များသည် မတ်လ ၂၀ ရက် စောင်ထီယားကျေးရွာမှာ သဘော တူညီချက် အပိုဒ် ၁- ခ မိမိတို့ ထိန်းချုပ်တပ်စွဲသည့် ရှိယင်းစွဲ နေရာမှ ရှေ့ဆက်မတိုးရန် ဟူသော အချက်ကို ချိုးဖောက်သည်ဟု Chinland Defense Force – မတူပီက ဆိုသည်။

ထို့အပြင် မေလ ၁၀ ရက်က ထန်ပိန်းကျေးရွာတွင် ဘာသာရေး ခေါင်းဆောင်များ ပါဝင်သော ငြိမ်းချမ်းရေးကော်မတီမှတဆင့် တွေ့ဆုံသည့် သဘောတူညီချက်ဖြစ်သော နှစ်ဖက်ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ရန် ကိစ္စရပ်များကို နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး အချင်းချင်း လေးစားစွာ ဆောင်ရွန်ရန် ဟူသော အချက်ကိုလည်း ချိုးဖောက်နေသည်ဟု Chinland Defense Force – မတူပီက အသိပေးသည်။

MRO/ Chin Defense Force – မတူပီ၏ လုပ်ရပ်များသည် လက်ရှိဖော်ဆောင်နေသာ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ရပ်တန့်စေနိုင်ပြီး နှစ်ဖက်စစ်ရေးပဋိပက္ခများ ဖြစ်ပွားလာနိုင်သည့်အပြင် အရပ်သားပြည်သူများအတွက် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်စေနိုင်သည်ဟု CDF – မတူပီက သတိပေးထုတ်ပြန်သည်။

ချင်းပြည်အတွင်း လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများ ပိုမိုမကြီးထွားစေရန် ကြိုးပမ်းနေသည့်အပြင် မတူပီနယ်အတွင်း ယခင်ဖြစ်ပွားခဲ့သော ပဋိပက္ခများ ပြေလည်နိုင်စေရန် ဘာသာရေးခေါင်ဆောင်များ၏ ကြားဝင်စေ့စပ် ညှိနှိုင်းမှုများ အပေါ် အခြေခံ၍ ငြိမ်းချမ်းရေးဖြစ်စဉ်များ ပေါ်ပေါက်လာနိုင်စေရန် ကြိုးပမ်းနေသည်ဟု Chinland Defense Force – မတူပီ ထံမှ သိရသည်။

မတူပီမြို့နယ်ထဲက လက်ရှိဖြစ်စဉ်နှင့်ပတ်သက်၍ MRO/ Chin Defense Force – မတူပီနှင့် Chinland Defense Force – မတူပီအဖွဲ့များထံ ဆက်သွယ်မေးမြန်းသော်လည်း မရပါ။

ဇူလိုင်လ ၁၀ ရက် ညနေ ၆ နာရီခန့်က မတူပီမြို့နယ်၊ မတူပီ- လိုင်လင်းပီလမ်းမဘက်ရှိ Chinland Defense Force – မတူပီ၊ တပ်ရင်း – ၃ ထိန်းချုပ်ဒေသကို MRO/ Chin Defense Force – မတူပီနှင့် မဟာမိတ်တပ်ဖွဲ့ဝင် အင်အား ၆၀ ခန့်က စစ်ကြောင်းထိုးလာပြီး တပ်စခန်းချခြင်း၊ တပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးခြင်းများ ပြုလုပ်သည်ဟု Chinland Defense Force – မတူပီမှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကိန်းက ပြောဆိုထားသည်။

Chinland Defense Force – မတူပီသည် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင်ဖြစ်ပြီး MRO/ Chin Defense Force – မတူပီသည် ICNCC နှင့် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သည်၊ ၎င်းတို့သည် မတူမြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်တပ်ဖွဲ့များဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် စစ်ရေး၊ နိုင်ငံရေး သဘေားထားကွဲလွဲမှုကြောင့် နှစ်ဖွဲအဖြစ်သို့ ပြိုကွဲသွားခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.