Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»MRO/ CDF – မတူပီသည် လွတ်လပ်စွာ ပညာသင်ကြားရေးကို လစ်လျူရှုပြီး အာဏာရှင်ဆန်ဆန်ပြုမူနေဟုဆို

MRO/ CDF – မတူပီသည် လွတ်လပ်စွာ ပညာသင်ကြားရေးကို လစ်လျူရှုပြီး အာဏာရှင်ဆန်ဆန်ပြုမူနေဟုဆို

0
By Editor on September 9, 2025 Headline

(006SV)

မတူပီတော်လှန်ရေးအဖွဲ့ချုပ် (MRO)/ CDF – မတူပီသည် မတူပီမြို့နယ်ထဲက ၎င်းတို့ထိန်းချုပ်ဒေသတွင် လွတ်လပ်စွာ ပညာသင်ကြားရေးကို လစ်လျူရှုနေပြီး အပြန်အလှန်လေးစားမှုမရှိဘဲ အာဏာရှင်ဆန်ဆန် ပြုမူနေကြောင်း NUG အစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် မတူပီမြို့နယ်၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့က ပူးတွဲကြေညာသည်။

ပညာသင်ယူနေကြသော ကျောင်းသား/သူများကို အခြေခံပညာပြီး မြောက်သည်အထိ လွတ်လပ်စွာ ပညာသင်ကြားနိုင်ရေးနှင့် ဝန်ထမ်းများ တာဝန်ပြန်လည်ထမ်းဆောင်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးရန် ကြိုးစားခဲ့သော်လည်း MRO/ CDF – မတူပီက ၄ ကြိမ်တိုင်တိုင် လစ်လျူရှုသည်ဟု စက်တင်ဘာလ ၈ ရက်မှာ ထုတ်ပြန်ခြင်းဖြစ်သည်။

မတူပီမြို့နယ် ကြားကာလပညာရေး‌ ဖော်ဆောင်မှုတွင် အဟန့်အတား အနှောက်အယှက် မဖြစ်စေလိုသောကြောင့် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း MRO/ CDF – မတူပီသည် အပြန်အလှန် လေးစားမှုမရှိဘဲ အာဏာရှင်ဆန်ဆန် ပြုမှုခြင်းလုပ်ရပ်များကို အပြင်းအထန် ကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်သည်။

ဩဂုတ်လ ၈ ရက်က ကြားကာလပညာရေးကို ဖော်ဆောင်နေသော အခြေခံပညာ ကျောင်းသား/သူများ၊ ဆရာ/မ များကို ကာယ ကံရှင်၏ ဆန္ဒမပါဘဲ ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီး စစ်မှုထမ်းစေခဲ့မှု ဖြစ်ပွားပြီးနောက် ဩဂုတ်လ ၁၁ ရက်တွင် MRO/ CDF – မတူပီထံ တွေ့ဆုံရန် တောင်းဆိုသော်လည်း တွေ့ဆုံခြင်း မပြုခဲ့ကြောင်းဟု သိရသည်။

ထပ်မံ၍ ဩဂုတ်လ ၁၂ ရက်က မြို့နယ်ပညာရေးဘုတ်မှ ဦးဆောင်၍ မိဘဆရာ သင်းလုံးကျွတ် အစည်းအဝေး တက်ရောက်သူ ၁၂၇ ဦး၏ ဆုံးဖြတ်ချက်အရ မတူပီမြို့နယ်ပညာရေးဘုတ်အဖွဲ့၊ ဆရာ/မများ၊ မိဘ ကိုယ်စားလှယ်များနှင့် ဘာသာရေးခေါင်းဆောင် များသည် တွေ့ဆုံခွင့် တောင်းခံသော်လည်း မပေးခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် MRO/ CDF – မတူပီနှင့် တွေ့ဆုံညှိနှိုင်းနိုင်ရေးအတွက် မတူပီပညာရေး တာဝန်ရှိသူများ သည် ထပ်မံကြိုးပမ်းဆောင်ရွက်ရာမှာလည်း ထပ်မံလစ်လျူရှုခြင်း ခံခဲ့ရသည်ဟု သိရသည်။

CDF – မတူပီ၊ တပ်မဟာ ၁ သည် MRO/ CDF – မတူပီကို ယခုနှစ် ဧပြီလ ၁၀ ရက်တွင် စတင်ဖွဲ့စည်းပြီးနောက် မတူပီမြို့နယ် တော်လှန်ရေး အင်အားစုများ၏ ဌာနဆိုင်ရာလုပ်ငန်းများ၊ ဝန်ထမ်းများ အပေါ် ထိန်းချုပ် ဘောင်ကျော် အမိန့်ပေးမှုများ ပြုလုပ်လာနေသည်ဟု သိရသည်။

MRO/ CDF – မတူပီထံသို့ မတူပီမြို့နယ်ပညာရေးဘုတ်အဖွဲ့၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းသော်လည်း မရပါ။

မတူပီမြို့နယ်ပညာရေးဘုတ်အဖွဲ့သည် အမျိုုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာ၏ လမ်းညွှန်မှုနှင့်အညီ မတူပီမြို့နယ် ကြားကာလပညာရေးကို ၂၀၂၁ နိုဝင်ဘာလမှ စတင်၍ ယနေ့အထိ အကောင်အထည်ဖော် လည်ပတ်နေခဲ့ရာ ၄ နှစ်ကျော်ပြီ ဖြစ်သည်။

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)၊ မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး၊ ချင်းညီနောင် (CB) ၊ CDF – မတူပီ၊ တပ်မဟာ (၁)၊ ကြားကာလ အခြေခံပညာရေး လုပ်ငန်းဆောင်ရွက်မှု ကော်မတီ (IBEWC) ၊ ကြားကာလ ပြည်နယ်ပညာရေးဘုတ် (ISEB) တို့နှင့် ပူးပေါင်းပြီး ကျောင်းသူ/သားများကို ပညာသင်ကြားပေးလျက်ရှိကြောင်း မတူပီမြို့နယ် ပညာရေးဘုတ်အဖွဲ့ထံမှ သိရသည်။

မတူပီမြို့နယ်နှင့် အခြားတော်လှန်ရေး အင်အားစုများ ထိန်းချုပ်ထားသော နယ်မြေများ စစ်ကောင်စီ လက်အောက် ပြန်မရောက် ရေးနှင့် ချင်းပြည်အတွင်းက ပဋိပက္ခများအကြား ရှင်သန်ရပ်တည်ရေးအတွက် လိုအပ်သော တပ်ဖွဲ့အင်အားကို ဦးထိပ်ထား၍ မတူပီမြို့နယ်ထဲက အသက် ၁၆ နှစ်မှ ၄၀ နှစ်အတွင်း ပြည်သူအားလုံး စစ်မှုမထမ်းမနေရ အမိန့်ကို MRO/ CDF – မတူပီက ဩဂုတ်လ ၆ ရက်က ကြေညာခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.