Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»MRO/ CDF – မတူပီ စစ်သားစုဆောင်းနေမှုသည် ပြည်သူကို အကျပ်အတည်းရောက်စေနိုင်သော အာဏာရှင် လုပ်ရပ်ဟု မတူပီအင်အားစုများဆို

MRO/ CDF – မတူပီ စစ်သားစုဆောင်းနေမှုသည် ပြည်သူကို အကျပ်အတည်းရောက်စေနိုင်သော အာဏာရှင် လုပ်ရပ်ဟု မတူပီအင်အားစုများဆို

0
By Editor on August 25, 2025 Headline

ပြည်သူဆန္ဒမပါဘဲ ဖမ်းဆီးခေါ်ဆောင်မှုကို ရရာနည်းလမ်းဖြင့် ဆန့်ကျင်ကာကွယ်မည်ဟု ဧရိယာ ၃ ပအဖ ကြေညာ

(006SV)

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် MRO/ CDF – မတူပီ၏ စစ်မှုမထမ်းမနေရစနစ်ဖြင့် ဖမ်းဆီးခေါ်ဆောင် နေမှုများသည် ပြည်သူကို အကာအကွယ်ပေးသော လုပ်ရပ်များ မဟုတ်ဘဲ အကျပ်အတည်း ရောက်စေနိုင်သော အာဏာရှင် လုပ်ရပ် ဖြစ်နေသည်ဟု ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီနှင့် မတူပီ အင်အားစုများက ကြေညာသည်။

လက်ရှိတွင် MRO/ CDF – မတူပီသည် ၎င်းတို့ထိန်းချုပ်နယ်မြေမှာသာမက မတူပီကောင်စီ/ CDF – မတူပီ ထိန်းချုပ်နယ်မြေမှာ လည်း အသက်မပြည့်သေးသော ကျောင်းသားလူငယ်များ၊ ကျောင်းဆရာ/ မများနှင့် CDM ဝန်ထမ်းများကို စစ်မှုမထမ်းမနေရ စနစ်ပြဌာန်းပြီး ဖမ်းဆီး၍ စစ်သားစုဆောင်းနေသည်ဟု CDF – မတူပီ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“တချို့ဒေသမှာ ဒီဧရိယာ ၃ ဘက်မှာဆိုရင် ကျောင်းတွေပါ အကုန်ပိတ်တယ်။ တချို့ကျေးရွာတွေက အထက်တန်း ကျောင်းတွေ ရှိတဲ့ နေရာတွေမှာ အကုန်လုံးကို တက်ခိုင်းတော့ ဒီလိုစစ်သားစုဆောင်းမှုတွေ လုပ်တယ်လို့ ကြားတဲ့ အခါမှာ သူတို့မိဘတွေက သူတို့ သားသမီးတွေကို စိတ်မချလို့ ၊ အကုန်လုံးခေါ်တော့ နောက်ဆုံးမှာ အကုန်လုံး ကျောင်းပိတ်ရတဲ့အထိ ဖြစ်သွားတယ်။ ဒီဟာတွေက ကျနော်တို့က လုံးဝကန့်ကွက်တယ်။ စစ်မှုမထမ်းမနေရဆိုတဲ့ ဟာတွေက ကျနော်တို့ မလိုအပ်သေးဘူးလို့‌ ပြောလို့ ရတယ်။ ဒါပေမယ့် တချိန်ချိန်တော့ လိုအပ်မှာပဲ။ သို့ပေမယ့် လုပ်ပုံ ကိုင်နည်းက မှားသွားတယ်။ ပြည်သူတွေပေါ်မှာ၊ အရမ်းကြီး အာဏာနဲ့ လုပ်သွားတယ်။ စစ်မှုမထမ်းမနေရကို ကန့်ကွက်တာ မဟုတ်ပေမယ့် နည်းနည်းတော့ နည်းလမ်းမှားသွားတယ်” ဟု CDF – မတူပီ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကိန်က ပြောသည်။

မတူပီမြို့နယ်က ပြည်သူများသည် လက်ရှိမှာ အထိတ်အလန့်ဖြစ်နေပြီး အခြားလွတ်မြောက်နယ်မြေများသို့ တောင်တောင်များ မှတစ်ဆင့် ထွက်ပြေးတိမ်းရှောင်လျက်ရှိနေသည်ဟု CDF – မတူပီက ဩဂုတ်လ ၂၄ ရက်မှာ ထုတ်ပြန်သည်။

MRO/ CDF – မတူပီ၏ လုပ်ရပ်များကို အပြင်းအထန် ကန့်ကွက်ပြီး အဖိနှိပ်ခံပြည်သူများနှင့်အတူ ရပ်တည်လျက်ရှိသည်ဟု ယင်းထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ထိန်းချုပ်နယ်မြေအတွင်းက အရေအတွက် မည်မျှ စုဆောင်းခေါ်ဆောင်ခံရသည်ကို မသိရသေးကြောင်း CDF – မတူပီ ပြောရေးဆိုခွင့်ရှိသူက ဆလိုင်းနိုင်ဂျွန်ကိန်းက ပြောသည်။

“ကျနော်တို့ဘက်က တချို့ ရွာတွေမှာ စုဆောင်းတာတွေ ရှိပါတယ်။ ဖမ်းထားတာတော့ ရှိတယ်။ ဘယ်နေ့ဆိုတာက ဒီဘက်က သူတို့ ဖမ်းတဲ့ ဟာတွေရော၊ ပြည်သူတွေက ချက်ချင်းအကြောင်း မပြန်နိုင်သေးတာတွေ၊ ဟိုဘက်ကလည်း ဆက်သွယ်ရေးတွေ အကုန်ပိတ်ပြီးမှ လုပ်တာ ဒီလိုမျိုးတော့ ရှိတယ်။ ဘယ်နှစ်ယောက်ဆိုတာ ခုချိန်ထိ မသိရသေးဘူး။ အခုချိန်မှာ ပြည်သူတွေ ကလည်း ဧရိယာအလိုက် အုပ်ချုပ်ရေးအဖွဲ့တွေက ထုတ်ပြန်ချက်တွေ လုပ်လာတယ်။ ဒီဟာတွေက ကျနော်တို့ကို ၊ အဖွဲ့အစည်း တွေကို ပြည်သူတွေကပါ ဂရုမစိုက်တော့ဘူး။ ပြည်သူတွေက မုန်းပြီဆိုတာကို သူတို့ ဆန္ဒကို ပြလာတာပါပဲ” ဟု CDF – မတူပီ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

MRO/ CDF -မတူပီ၏ လုပ်ဆောင်နေမှုသည် ပြည်သူများ‌ မျှော်လင့်နေသော နှစ်ဖက်ပြန်လည်ပေါင်းစည်းရေးကို လက်ခံမှု မဟုတ်ဘဲ တဖက်သတ် အင်အားတည်ဆောက်မှုကြောင့် စစ်ရေးအရ ပဋိပက္ခ ပိုတိုးစေနိုင်သော လုပ်ရပ်သာဖြစ်သည်ဟု CDF -မတူပီထံမှ သိရသည်။

မတူပီ- ပလက်ဝလမ်းမပေါ်မှာ တည်ရှိသော ဧရိယာ (၃) ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း MRO/ CDF – မတူပီ၏ လက်ရှိ လုပ်ဆောင်နေမှုသည် မိမိတို့ ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်ရန် လုပ်ရပ်မျိုးသာဖြစ်စေသည့်အတွက် ကန့်ကွက်ကြောင်း ထုတ်ပြန်သည်။

မိမိတို့နယ်မြေမှာ ပြည်သူ့ဆန္ဒမပါဘဲ ရွာသူ/သားများနှင့် ကျောင်းသား/သူများကို ဖမ်းဆီးခေါ်ဆောင်ခြင်းများ တွေ့ရှိပါက ပြည်သူတစ်ရပ်လုံးမှ ရရာနည်းလမ်းဖြင့် ဆန့်ကျင်ကာကွယ်သွားမည်ဟု ဧရိယာ (၃) တာဝန်ရှိသူများက အစည်းအဝေးကျင်းပ၍ ဩဂုတ်လ ၂၄ ရက်မှာ ကြေညာသည်။

ခြန်ပြန်းရွာတွင် ကျောင်းသူ/သားများကို စစ်မှုထမ်းရန် ခေါ်ဆောင်ခံရမှုနှင့်ပတ်သက်၍ ဩဂုတ်လ ၂၃ ရက်က MRO/ CDF – မတူပီကို ဒေသခံများနှင့် ပညာရေးတာဝန်ရှိသူများက ဆန္ဒပြခဲ့ကြောင်း သိရသည်။

ယင်းနောက် ဒေသခံများနှင့် MRO/ CDF – မတူပီတို့ကြား နှစ်ဖက်ပြေလည်မှုတချို့ ရရှိခဲ့ပြီး ကျောင်းသားတချို့နှင့် အသက် မပြည့်သေးသော လူငယ်တချို့ ပြန်လွတ်လာသည်ဟု သိရသည်။

MRO/ CDF – မတူပီက ပြည်သူများနှင့် လူငယ်/လူရွယ်များကို အာဏာရှင်ဆန်ဆန် မတရားဖိနှိပ်ချုပ်ချယ် အမိန့်ပေးဖမ်းဆီး လုပ်ဆောင်မှုများအပေါ် မတူပီမြို့နယ်ပအဖအဖွဲ့ကလည်း ဩဂုတ်လ ၂၂ ရက်က ကန်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။

မတူပီမြို့နယ်အတွင်း စစ်မှုမထမ်းမနေရစနစ် အကောင်အထည်ဖော်မှုကြောင့် လက်ရှိဖြစ်ပွားနေမှုများကို MRO/ CDF – မတူပီထံ ဆက်သွယ်မေးမြန်းသော်လည်း မရသေးပါ။

ထိန်းချုပ်နယ်မြေများ စစ်ကောင်စီလက်အောက် ပြန်မရောက်စေရေးနှင့် ချင်းပဋိပက္ခများအကြား ရှင်သန်ရပ်တည်နိုင်ရေးအတွက် စစ်ရေးတည်ဆောက်နိုင်ရန် မတူပီမြို့နယ်အတွင်း အသက် ၁၆ နှစ်မှ ၄၀ နှစ်အထိ ပြည်သူများအားလုံး စစ်မှုထမ်းရမည်ဟု MRO/ CDF – မတူပီက ဩဂုတ်လ ၆ ရက်က ကြေညာသည်။

တပ်သားသစ်စုဆောင်းရာတွင် တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများကို နှောင့်ယှက်ခြင်း၊ ရန်မှုခြင်းများ ပြုလုပ်ပါက သက်ဆိုင်ရာမှ ခုခံကာကွယ်ခွင့် အပြည့်အဝရှိကြောင်း၊ စစ်မှုထမ်းအကြုံးဝင်သူများ ထွက်ပြေးပုန်းရှောင်ရန် အားပေးခြင်း၊ ပူးပေါင်းကူညီခြင်း များကို ပြင်းထန်စွာ အရေးယူမည်ဟု အမိန့်ထုတ်ပြန်ထားသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားသည့် ချင်းတောင်ပိုင်းမြို့များကို ထိုးစစ်ဆင်ရန် စစ်ကော်မရှင် တပ်များက အင်အားအလုံးအရင်းဖြင့် ချင်း- မကွေးနယ်စပ်မှာ စစ်ရေးပြင်ဆင်နေမှုကြောင့် မကွေးမှ ကန်ပက်လက်သို့ ဝင်နိုင်သော လမ်းအားလုံးကို CDF – ကန်ပက်လက်က ယာယီပိတ်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့သိမ်းတိုက်ပွဲက စစ်သုံ့ပန်း ၄၀ ကျော်ကို ULA/ AA လွှတ်ပေး

မင်းတပ်မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ၅ နှစ်အတွင်း ကလေးနှင့် အမျိုးသမီးအပါအဝင် ဒေသခံ ၄၀ သေဆုံး

ညီအကိုအချင်းချင်းကြားပြန်လည်သင့်မြတ်ရေးအတွက် ဖမ်းဆီးထားသော CNO/CNDF-UCR အတွင်းရေးမှူးကို CDF-Hualngoram က ပြန်လွှတ်ပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.