ချင်းလူထုဖွံ့ဖြိုးရေးကွန်ယက် NCCD က ချင်းပြည်နယ် ရိခေါဒါရ်မြို့တွင် အောက်တိုဘာလ ၂၈ ရက်မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ ၅ ရက်ကြာ ဝန်ထမ်းမွမ်းမံသင်တန်းပြုလုပ်ခဲ့သည်ဟု သိရသည်။
အဆိုပါမွမ်းမံသင်တန်းတွင် ချင်းလူထုဖွံ့ဖြိုးရေးကွန်ယက်၊ ချင်းတောင်သူများကွန်ယက်၊ မြွေတောင်ဒေသ စောင့်ကြည့်ရေးအဖွဲ့၊ ဒေသခံအရပ်ဖက်အဖွဲ့အစည်းများ နှင့် အခြားဒေသများမှ အဖွဲ့အစည်းတချို့မှ ဝန်ထမ်းများလည်း ပါဝင်တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
မွမ်းမံသင်တန်းတွင် ဖွံ့ဖြိုးရေးအကြောင်း၊ NCCD ၏ အခြေခံမူများနှင့် ရည်ရွယ်ချက် ရည်မှန်းချက်များအကြောင်း၊ လက်ရှိမြန်မာ့နိုင်ငံရေးအကြောင်း၊ ဖက်ဒရယ်အကြောင်း၊ ဒီမိုကရေစီအကြောင်း၊ ချင်းနိုင်ငံရေး အကြောင်း၊ အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးအကြောင်း၊ မိုင်းအန္တာရယ်မှကြိုတင်ကာကွယ်ရေး၊ စိတ်ပိုင်းဆိုင်ရာကနဦးကူညီစောင့်ရှောက်ခြင်းအကြောင်း၊ မြေယာဥပဒေအကြောင်း၊ မြေယာပေါ်လစီ၊ UNDRIP အကြောင်း၊ FPIC အကြောင်း မြေလွတ်မြေလပ်မြေရိုင်းများအကြောင်းတို့တို့ လေ့လာသင်ယူခဲ့ကြသည်ဟု သိရသည်။