Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»NLD ေအာင္နိုင္ေရးအလႉရွင္မ်ားနွင့္ တင္ဒါကိစၥဆက္နြယ္သည့္ကိစၥ စစ္ေဆးေတြ့ရွိမႈမ်ား ဗဟိုကိုတင္ျပထား

NLD ေအာင္နိုင္ေရးအလႉရွင္မ်ားနွင့္ တင္ဒါကိစၥဆက္နြယ္သည့္ကိစၥ စစ္ေဆးေတြ့ရွိမႈမ်ား ဗဟိုကိုတင္ျပထား

0
By Editor on December 2, 2020 Headline

#Unicode

ချင်းပြည်နယ် ထန်တလန်မြို့နယ် NLD ပါတီအောင်နိုင်ရေးအတွက် အလှူငွေထည့်ဝင်ကြသည့် ကုမ္ပဏီများအား ပညာရေးဉီးစီးဌာန၏ တင်ဒါလုပ်ငန်းအတွက် ထန်တလန်မြို့နယ် NLD ပါတီဥက္ကဌ၏လက်မှတ်ဖြင့် ထောက်ခံပေးထားသည့်သဘောသက်ရောက်သော အစီရင်ခံစာရွက်ပေါက်ကြားခဲ့ပြီးနောက် အဆိုပါကိစ္စအား ပြည်နယ်ပါတီ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ စစ်ဆေးပြီး ဗဟိုသို့တင်ပြထားကြောင်း ချင်းပြည်နယ် NLD ဥက္ကဌ ဦးဇိုဘွေကပြောသည်။

“အဲဒီကိစ္စက စည်းကမ်းထိန်းသိမ်းရေးက စစ်ဆေးပြီးတော့ စစ်ဆေးချက်ကို ဗဟိုကို တင်ပြထားပြီးပြီ၊ ဗဟိုက ဘယ်လိုအရေးယူဆောင်ရွက်မလဲဆိုတာတော့ မသိရသေးဘူး၊ ဒီကိစ္စက တစ်ကယ်တမ်းဆိုရင် မလုပ်သင့် မလုပ်ထိုက် မဖြစ်သင့်တဲ့လုပ်ရပ်ပါ။ အဲဒါကြောင့် ပါတီစည်းကမ်းထိန်းသိမ်းရေးကနေ စစ်ဆေးပြီးတော့ ဗဟိုကနေ လိုအပ်သလို အရေးယူရင်လည်းယူမယ်ပေါ့” ဟု ဦးဇိုဘွေမှပြောသည်။

လူမှုကွန်ယက်တွင်ပြန့်နှံ့ခဲ့သည့် ယင်းအစီရင်ခံစာရွက်တွင် ပညာရေးဉီးစီးဌာန၏ တင်ဒါလုပ်ငန်းများအတွက်လျှောက်ထားသည့် ကုမ္ပဏီခြောက်ခုနှင့် ကုမ္ပဏီပိုင်ရှင်များ၏ နာမည်စာရင်းဖော်ပြထားပြီး အောက်တွင် မှတ်ချက်အနေဖြင့် အထက်ဖော်ပြပါကုမ္ပဏီပိုင်ရှင်များသည် NLD ပါတီအောင်နိုင်ရေးအတွက် ဝိုင်းရံကူညီကြသူများဖြစ်ပါကြောင်း တင်ပြအစီရင်ခံအပ်ပါသည်ဟု ဖော်ပြထားသဖြင့် လူမှုကွန်ယက်တွင် ဝေဖန်မှုများမြင့်တက်ခဲ့သည်။

ထန်တလန်တွင်ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်မှာ လုံးဝမလုပ်သင့်သည့်ကိစ္စဖြစ်ပြီး ပါတီဗဟိုကလည်း ရွေးကောက်ပွဲမတိုင်မီကတည်းက ညွှန်ကြားချက်များလည်းထုတ်ပြန်ခဲ့ကြောင်း ချင်းပြည်နယ် NLD အောင်နိုင်ရေးကော်မတီဥက္ကဌ ဆလိုင်းအိုက်ဇက်ခင်ကပြောသည်။

ဆလိုင်း အိုက်ဇက်ခင်က “ပြောရရင်တော့ အရမ်းစိတ်ဆိုးတယ်။ စိတ်မကောင်းလည်းဖြစ်တယ်။ ဒီဟာက မလုပ်သင့်တဲ့ကိစ္စဘဲ။ ပါတီဗဟိုကရော ကျွန်တော်ကိုယ်တိုင် အောင်နိုင်ရေးနဲ့ပါတ်သတ်ပြီးတော့ မြို့နယ်တိုင်းကို အကြိမ်ကြိမ်ပြောထားပြီးသားဖြစ်တယ်။ ညွှန်ကြားချက်လည်း ထွက်ထားပြီးသားဖြစ်တယ်။ အဲဒါမလုပ်ရဘူးဆိုတာကိုပေါ့။ ပါတီကိုဝန်းရံကြတဲ့ လူတွေကတော့ လှူကြဒါန်းကြတာရှိမှာပါဘဲ။ ကျနော်တို့ NLD မှာက လှူဒါန်းတဲ့အခါမှာ အနှောင်အဖွဲ့ပါနိုင်သည့် မည်သည့်ရံပုံငွေမျိုးမဆို လက်ခံခြင်းမပြုရဘူးလို့ ညွှန်ကြားထားပြီးဖြစ်တယ်။ လှူချင်လှူ၊ ဒါပေမယ့် အကျိုးအမြတ်မျှော်လို့မရဘူး” ဟုပြောသည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေ ၃၉ နေရာရှိသည့် ချင်းပြည်နယ်တွင် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီက ၃၆ နေရာ (၈၂ ရာခိုင်နှုန်းကျော်) အနိုင်ရရှိခဲ့ပြီး ယခုကဲ့သို့ တောင်ပြိုကမ်းပြိုအနိုင်ရခြင်းမှာ ငွေကြေးအင်အားအသုံးပြုနိုင်သည့်အတွက်ကြောင့်ဟုဆိုကာ အတိုက်အခံနိုင်ငံရေးပါတီများက ဝေဖန်ပြောဆိုမှုလည်းရှိခဲ့သည်။

#Zawgyi

ခ်င္းျပည္နယ္ ထန္တလန္ျမို့နယ္ NLD ပါတီေအာင္နိုင္ေရးအတြက္ အလႉေငြထည့္ဝင္ျကသည့္ ကုမၸဏီမ်ားအား ပညာေရးဉီးစီးဌာန၏ တင္ဒါလုပ္ငန္းအတြက္ ထန္တလန္ျမို့နယ္ NLD ပါတီဥကၠဌ၏လက္မွတ္ျဖင့္ ေထာက္ခံေပးထားသည့္သေဘာသက္ေရာက္ေသာ အစီရင္ခံစာရြက္ေပါက္ျကားခဲ့ျပီးေနာက္ အဆိုပါကိစၥအား ျပည္နယ္ပါတီ စည္းကမ္းထိန္းသိမ္းေရးအဖြဲ့မွ စစ္ေဆးျပီး ဗဟိုသို့တင္ျပထားေျကာင္း ခ်င္းျပည္နယ္ NLD ဥကၠဌ ဦးဇိုေဘြကေျပာသည္။

“အဲဒီကိစၥက စည္းကမ္းထိန္းသိမ္းေရးက စစ္ေဆးျပီးေတာ့ စစ္ေဆးခ်က္ကို ဗဟိုကို တင္ျပထားျပီးျပီ၊ ဗဟိုက ဘယ္လိုအေရးယူေဆာင္ရြက္မလဲဆိုတာေတာ့ မသိရေသးဘူး၊ ဒီကိစၥက တစ္ကယ္တမ္းဆိုရင္ မလုပ္သင့္ မလုပ္ထိုက္ မျဖစ္သင့္တဲ့လုပ္ရပ္ပါ။ အဲဒါေျကာင့္ ပါတီစည္းကမ္းထိန္းသိမ္းေရးကေန စစ္ေဆးျပီးေတာ့ ဗဟိုကေန လိုအပ္သလို အေရးယူရင္လည္းယူမယ္ေပါ့” ဟု ဦးဇိုေဘြမွေျပာသည္။

လူမႈကြန္ယက္တြင္ျပန့္နွံ့ခဲ့သည့္ ယင္းအစီရင္ခံစာရြက္တြင္ ပညာေရးဉီးစီးဌာန၏ တင္ဒါလုပ္ငန္းမ်ားအတြက္ေလွ်ာက္ထားသည့္ ကုမၸဏီေျခာက္ခုနွင့္ ကုမၸဏီပိုင္ရွင္မ်ား၏ နာမည္စာရင္းေဖာ္ျပထားျပီး ေအာက္တြင္ မွတ္ခ်က္အေနျဖင့္ အထက္ေဖာ္ျပပါကုမၸဏီပိုင္ရွင္မ်ားသည္ NLD ပါတီေအာင္နိုင္ေရးအတြက္ ဝိုင္းရံကူညီျကသူမ်ားျဖစ္ပါေျကာင္း တင္ျပအစီရင္ခံအပ္ပါသည္ဟု ေဖာ္ျပထားသျဖင့္ လူမႈကြန္ယက္တြင္ ေဝဖန္မႈမ်ားျမင့္တက္ခဲ့သည္။

ထန္တလန္တြင္ျဖစ္ပြားခဲ့သည့္ျဖစ္စဉ္မွာ လံုးဝမလုပ္သင့္သည့္ကိစၥျဖစ္ျပီး ပါတီဗဟိုကလည္း ေရြးေကာက္ပြဲမတိုင္မီကတည္းက ညွြန္ျကားခ်က္မ်ားလည္းထုတ္ျပန္ခဲ့ေျကာင္း ခ်င္းျပည္နယ္ NLD ေအာင္နိုင္ေရးေကာ္မတီဥကၠဌ ဆလိုင္းအိုက္ဇက္ခင္ကေျပာသည္။

ဆလိုင္း အိုက္ဇက္ခင္က “ေျပာရရင္ေတာ့ အရမ္းစိတ္ဆိုးတယ္။ စိတ္မေကာင္းလည္းျဖစ္တယ္။ ဒီဟာက မလုပ္သင့္တဲ့ကိစၥဘဲ။ ပါတီဗဟိုကေရာ ကြ်န္ေတာ္ကိုယ္တိုင္ ေအာင္နိုင္ေရးနဲ့ပါတ္သတ္ျပီးေတာ့ ျမို့နယ္တိုင္းကို အျကိမ္ျကိမ္ေျပာထားျပီးသားျဖစ္တယ္။ ညွြန္ျကားခ်က္လည္း ထြက္ထားျပီးသားျဖစ္တယ္။ အဲဒါမလုပ္ရဘူးဆိုတာကိုေပါ့။ ပါတီကိုဝန္းရံျကတဲ့ လူေတြကေတာ့ လႉျကဒါန္းျကတာရွိမွာပါဘဲ။ က်ေနာ္တို့ NLD မွာက လႉဒါန္းတဲ့အခါမွာ အေနွာင္အဖြဲ့ပါနိုင္သည့္ မည္သည့္ရံပံုေငြမ်ိုးမဆို လက္ခံျခင္းမျပုရဘူးလို့ ညွြန္ျကားထားျပီးျဖစ္တယ္။ လႉခ်င္လႉ၊ ဒါေပမယ့္ အက်ိုးအျမတ္ေမွ်ာ္လို့မရဘူး” ဟုေျပာသည္။

နိုဝင္ဘာ ၈ ရက္က က်င္းပျပီးစီးခဲ့သည့္ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲတြင္ မဲဆနၵနယ္ေျမ ၃၉ ေနရာရွိသည့္ ခ်င္းျပည္နယ္တြင္ အမ်ိူးသားဒီမိုကေရစီအဖြဲ့ခ်ူပ္ (NLD) ပါတီက ၃၆ ေနရာ (၈၂ ရာခိုင္နႈန္းေက်ာ္) အနိုင္ရရွိခဲ့ျပီး ယခုကဲ့သို့ ေတာင္ျပိုကမ္းျပိုအနိုင္ရျခင္းမွာ ေငြေျကးအင္အားအသံုးျပုနိုင္သည့္အတြက္ေျကာင့္ဟုဆိုကာ အတိုက္အခံနိုင္ငံေရးပါတီမ်ားက ေဝဖန္ေျပာဆိုမႈလည္းရွိခဲ့သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.